Search Results For: မူးယစ်ဆေးဝါး

၂၀၂၀ ပြည့်နှစ်အတွင်း ကျပ်၁၃၀၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့  ၂၀၂၀ ပြည့်နှစ်အတွင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့ပြီး  တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပါတယ်။ ၂၀၂၀ ပြည်နှစ်က  ရှမ်းပြည်နယ်အတွင်းမှာ ဘိန်းဖြူ ၉၃၀ ကီလိုကျော်၊ ဘိန်းစိမ်း ၂၄၀၀ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၅၀၀ ကျော်၊ အိုက်စ် ၁၁၀၀ ကီလိုကျော်နဲ့ တခြားဆက်စပ်ပစ္စည်း ၄၇၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ်  ၈၇၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေဖမ်းမိတယ်လို့ ဆိုပါတယ်။  ရန်ကုန်တိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၄၀ ကျော်၊ အိုက်စ် ၁၆၀၀ ကီလိုကျော်၊  စုစုပေါင်း ငွေကျပ်  ၁၄၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိပြီး ရခိုင်ပြည်နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သိန်းကျော်၊ အိုက်စ် ၁၃၀၀ ကီလို ကျော်၊  စုစုပေါင်း ငွေကျပ်  ၇၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ဘိန်းဖြူ ၅၀၀ ကီလိုကျော်၊ ဘိန်းစိမ်း ၁၈၀ ကီလိုကျော်၊   စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၂၃၀၀ ကီလိုကျော်၊  အခြား ဆက်စပ်ပစ္စည်းတွေ ၂၂၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၂၁၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့  ဆက်စပ်ပစ္စည်းတွေဖမ်းမိခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းဘိန်းခင်း ၉၄၅၆ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို စစ်ဆင်ရေးတစ်ရပ် သဖွယ် ဆက်လက်ဆောင်ရွက် နေတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို ဖော်ထုတ်ဖမ်းဆီးရာမှာ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူ ၁၀၄ ဦး၊ ရန်ကုန်အတွင်း ၁၁၁ ဦး၊ ဧရာ၀တီတိုင်းအတွင်း  ၁၄၄ ဦး၊ မကွေးတိုင်းအတွင်း ၂၀၈ ဦး၊ တခြားဒေသတွေက ၁၄၈ ဦး၊ စုစုပေါင်း တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ တပ်မတော်သတင်းအရ သိရပါတယ်။ အဆိုပါ တရားမဝင် ဝင်ရောက်လာသူတွေကို နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သလို လူမှောင်ခိုသယ်ဆောင်သူတွေကို တရားဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ဖို့ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးသို့ အပ်နှံခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာဖော်ပြပါတယ်။ Photo-DSINFO
3 months Ago

ရေးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးတရားခံ ၈၉ ဦးကို တရားစွဲ 

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ အမှုပေါင်း  ၆၃ မှုရှိပြီး အမျိုးသားအယောက် ၇၀ နဲ့ အမျိုးသမီး ၁၉ ယောက် စုစုပေါင်း ၈၉ ယောက်ကို  ဖမ်းဆီးဖေါ်ထုတ် တရားစွဲနိုင်ခဲ့တယ်လို့  မြို့နယ် မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ကနေ သိရပါတယ်။  မူးယစ်ဆေးဝါးတွေကို နယ်စပ်ဝင်ပေါက်ဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်ဘက်ကနေ အများဆုံးသယ်ဆောင်ဖြန့်ဖြူးဝင်လာတာဖြစ် အဲဒီကမှ ဒေသအတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေကနေတဆင့် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လာခဲ့တာလို့  မူးယစ်တပ်ဖွဲ့စု (၃၉) ရေးမှ ရဲအရာတဦးက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးပြား  ၄၆၀၀၀ ကျော်၊ ICE  ၈ ဂရမ်၊ ဘိန်းစာ ရွက်  ၁၇၀ ကီလိုဂရမ် အပြင်လုပ်သေနတ် ၃ လက် စုစုပေါင်းကာလတန်ဖိုး ကျပ် သိန်း ၂၄၀၀ ကျော်ခန့် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဖမ်းဆီးမှုတွေ အရှိန်မြှင့်လာတာနဲ့အမျှ မူးယစ်ဆေးဖြန့်ဖြူးသူနဲ့ မူးယစ်သုံးစွဲတဲ့ လူငယ်တွေ အရင်ကထက်ဒေသအတွင်းမှာ လျော့နည်းကျဆင်းလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့  နယ်ကျေးရွာဘက်တွေမှာတော့ လူငယ်တွေအကြား ဘိန်းစာရွက်ကိုသုံးစွဲမှုက ရှိနေဆဲလို့လည်း ဒေသခံတွေက ဆိုပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲဆိုခံရသူတွေဟာ အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ စပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေတာဖြစ်ပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
4 months Ago

တာချီလိတ်တွင် ကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ ဖန်မင်-ဝှေလေလန် ကျေးရွာသွားကားလမ်းမှာ   ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က စိုင်းရွက် မောင်းနှင်လာတဲ့ Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှာ အိုက်စ် (မက်သာအဖက်တမင်း) ၁ ကီလို၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီမှာ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေ အိုက်ခေါက်ရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားတဲ့ Fortuner အမျိုးအစား မော်တော်ယာဉ် နောက်ခန်းအတွင်းနဲ့ နေအိမ်မြေအောက်ခန်းအတွင်းတို့မှာ ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆.၉ သိန်း၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၅၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၈၆.၅ ကီလို၊ ဘိန်းဖြူ ၂၃.၁ ကီလို၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၄ တောင့်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး အိုက်ခေါက်ကိုတော့ အိမ်မှာမတွေ့ရဘူးလို့ ဆိုပါတယ်။

စိုင်းရွက် ၃၇ နှစ်၊ အိုက်ခေါက် (ဖမ်းမမိ) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းတယ်လို့ ဆိုပါတယ်။

4 months Ago

ကွမ်းလုံနှင့် သိန္နီတွင် ကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆိုဒီယမ်ဆိုက်ရာနိုက်များ ဖမ်းမိ

ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်နဲ့ သိန္နီမြို့နယ်တို့မှာ ကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ ဆိုဒီယမ်ဆိုက်ရာနိုက်တွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီက ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ-သိန္နီသွားကားလမ်း၊ ကန်မိန်းလမ်းဆုံအနီးမှာ သတင်းအရ TOYOTA Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသွားပါတယ်။  လိုက်လံဖမ်းဆီးရာ ၃ နာရီခွဲအချိန်လောက်က ကွမ်းလုံမြို့နယ်၊ ကန်မိန်းကျေးရွာအနီးမှာ မော်တော်ယာဉ်အား ဂျုံးမီ(ခ)ဆန်းသီ၊ လောက်ဝူ(ခ)လီမင်ချန်(ခ)ကျော်ထွေး၊ ရန်ဖာဝမ်(ခ)ဝူသီး(ခ) ကျော်ခိုင် တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ မော်တော်ယာဉ်ရဲ့ ရှေ့တံခါး ဝဲ/ယာအတွင်းနဲ့ နောက်ကြမ်းခင်းအံဝှက်အတွင်းတို့ကနေ  ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့် ၆၄ ကီလို၊ ၉ မမ ကျည် ၁၀၀ တောင့်နဲ့ ပွိုင့် ၂၂ ကျည် ၈၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဂျုံးမီ(ခ)ဆန်းသီ အပါအဝင် ၃ ဦးတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဥပဒေအရ အမှုဖွင့် အရေးယူထားပါတယ်။ ဖမ်းဆီးရမိ ဘိန်းညိုမှုန့်တွေကို နမ့်စန်မြို့ကနေ ကွမ်းလုံမြို့နယ်ကို သယ်ဆောင်လာတာလို့ သိရပါတယ်။ အလားတူ အကောက်ခွန်ဦးစီးဌာနဝန်ထမ်းတွေနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က သိန္နီမြို့နယ်၊ ရေပူကျေးရွာအနီး၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ မူဆယ်ဘက်ကနေ မန္တလေးဘက် ဇော်ထက် မောင်းနှင်လာတဲ့ ၂၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း အိမ်ဆောက်ပစ္စည်းတွေနဲ့ ဖုံးအုပ်သယ်လာတဲ့ ပီပါပုံးတွေအတွင်းကနေ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက် ၁၉၂၅၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ ဇော်ထက်အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိတဲ့ ဆိုဒီယမ်ဆိုင်ရာနိုက်တွေကို နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့က မန္တလေးမြို့ကို သယ်ဆောင်လာတာဖြစ်ပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
4 months Ago

မိုးကုတ်တွင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ၏ ၁၀ ရာခိုင်နှုန်း HIV ပိုးတွေ့

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်မှာ  မူးယစ်ဆေးဝါးအကြောထဲထိုးသွင်း သုံးစွဲသူတွေရဲ့ ၁၀ ခိုင်နှုန်းမှာ HIV ပိုးတွေ့ရှိနေရတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးပါးဆန့်ကျင်ရေးအသင်း(MANA)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးပါးဆန့်ကျင်ရေးအသင်း ( မိုးကုတ်မြို့)က ဒေါက်တာဇော်ရဲဟိန်းက “မြန်မာပြည်ဒေသအနှံ့မှာ မူးယစ်ဆေးကို အလွယ်တကူဝယ်ယူလို့ရနေပါတယ်။ ဒါ့ကြောင့် မူးယစ် ဆေးဝါးစတင်သုံးစွဲသူလူငယ်အများစုဟာ အပေါင်းအသင်းတွေကနေ စတင်တယ်” လို့ပြောပါတယ်။ မိုးကုတ်မြို့က မူးယစ်ဆေးသုံးစွဲသူအများစုဟာ လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်နေတာကြောင့် တာဝန်ရှိသူတွေအပြင် ကလေးမိဘတွေအနေနဲ့လည်း ကိုယ့် သားသမီးတွေကို သေချာစောင့် ကြည့် ထိန်းသိမ်းသင့်တယ်လို့ မိုးကုတ် MANA အသင်း ဥက္ကဋ္ဌ ဦးအောင်နိုင်က ပြောပါတယ်။  မိုးကုတ်မြို့ဝန်းကျင်မှာ မူးယစ်းဆေးဝါးသုံးစွဲသူ ထောင်နဲ့ချီရှိနေပြီး အဲ့ဒီထဲက မူးယစ်ဆေးအစားထိုးရည် မက်သဒုံး နေ့စဉ် သောက်သုံးသူဟာလည်း အယောက် ၇၀၀ ကျော်ရှိနေပါတယ်။  မိုးကုတ် MANA အသင်းအနေနဲ့ နှစ်စဉ် လူဦးရေ ၉၀ ဝန်းကျင်ကို HIV တန့်ဆေး  ART သောက်သုံးနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ HIV အသစ်ကူးစက်ခံရသူ  ၂၀၁၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သလို HIV/ AIDS နဲ့ နှီးနွှယ်ရောဂါတွေကြောင့် သေဆုံးမှုကိုလည်း ၅၂ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက  ပြောထားပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဇွန်လကုန်ထိ မြန်မာနိုင်ငံရှိ  HIV ပိုးနဲ့ နေထိုင်သူ ခန့်မှန်းဦးရေ ၂၄၀,၀၀၀ အနက် ၇၉ ရာခိုင်နှုန်း ကို အေအာတီဆေးနဲ့ ကုသမှုပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
5 months Ago

ကျောက်ဖြူမြို့မရဲစခန်း ရဲတပ်သား ၁ ဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ကျောက်ဖြူမူးယစ် တပ်ဖွဲ့စုမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့က မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ မသင်္ကာဖွယ် လူငယ်တဦးဆီကနေ မူးယစ်ဆေးဝါးတချို့ ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်လက်စစ်ဆေးရာက ရဲတပ်ဖွဲ့ဝင်ကို မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့တာပါ။  ကျောက်ဖြူမူးယစ်တပ်ဖွဲ့စုမှူးရုံး တာဝန်ရှိသူတဦးက  “မနေ့က မူးယစ်ဆေးဝါးသတင်းအရ အိမ်တအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ ကောင်လေး ၁ ယောက်ကို ဆေးပြား ၄ ပြားနဲ့ မိတာပေါ့။ အဲဒီကောင်လေးကို ထပ်စစ်တဲ့အချိန်မှာ သုခဟိန်းတည်းခိုခန်းမှာတည်းနေတဲ့ ဧည့်သည် ၂ ယောက်ဆီကနေပြီးတော့ ဝယ်ပါတယ်ဆိုပြီး ထွက်တယ်။ အဲဒီလိုသက်သေရှေ့မှာထွက်တော့ ကျနော်တို့က ကွင်းဆက်လိုက်တဲ့အချိန်မှာ သူတို့ ၂ ယောက်ကို ထပ်ဖမ်းမိတာပေါ့။ သူတို့ဖမ်းမိပြီးတော့ သူတို့နေခဲ့တဲ့အခန်းထဲကို ဝင်ရောက်ရှာဖွေတဲ့အချိန်မှာတော့ ပစ္စည်းတွေတော့ မတွေ့ဘူး၊ အဲဒါနဲ့သူတို့ ၂ ယောက်ကို ထပ်စစ်တော့ တည်းခိုခန်းပိုင်ရှင်ရဲ့သမက် ကိုအောင်လှိုင်ဆီက ရတယ်ဆိုပြီး ထွက်တယ်ပေါ့။ အဲဒီအောင်လှိုင် ဆိုတဲ့သူက ကျောက်ဖြူမြို့မရဲစခန်းက ရဲတပ်သားတဦးပေါ့၊ သူ့ကိုခေါ်ပြီးစစ်တော့ ပထမတော့သူက ငြင်းတာပေါ့။ နောက်မှ သူကိုယ်တိုင် ဝှက်ထားတဲ့နေရာကို လိုက်ပြတော့ အဲဒီမှာ ဆေးပြား ၇၀ လောက်ကို ထပ်ဖမ်းမိတာပေါ့” လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ ရဲတပ်သားအပါအဝင် ၄ ဦးကို ကျောက်ဖြူမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပုဒ်မ-၁၉(က)၊ ပုဒ်မ-၁၉ (ဂ) တို့နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ သတင်း - နောင်နောင် 
5 months Ago

ဩစတြေးလျ မူးယစ်ဆေးဝါးစစ်ဆင်ရေးအတွင်း တရားခံ ၁၃၇ ဦး ဖမ်းမိ

သြစတြေးလျနိုင်ငံမှာ မူးယစ်စစ်ဆင်ရေးအတွင်း နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၉ ရက်တာကာလမှာ တရားခံ ၁၃၇ ယောက်နဲ့ သြစတြေးလျ ဒေါ်လာ ၁၇၄,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။  ဆစ်ဒနီမြို့ စစ်ဆင်ရေးအတွင်း အာဏာပိုင်တွေက သြစတြေးလျ ဒေါ်လာ ၁၁၂,၀၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။  ဒါဟာ ၂၀၁၇ နောက်ပိုင်း စစ်ဆင်ရေးတစ်ခုအတွင်း အရေအတွက်အများဆုံး ဖမ်းမိတာလို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။ နယူးဆောက်ဝေးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ကတည်းကစပြီး တရားမဝင်ပစ္စည်းတွေ ပို့ဆောင်ဖို့ ဖုန်းခေါ်ဆိုတဲ့ အရေအတွက် သိသိသာသာ တိုးလာခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လူ ၇၇ ယောက်ကို မူးယစ်မှောင်ခိုမှုနဲ့ စွဲချက်တင်ပြီး လူ ၆၀ ကို မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago

ဝိုင်းမော်တွင် ကွာရန်တင်းမ၀င်သူနှင့် မူးယစ်ဆေးဝါးရောင်း၀ယ်သူတို့တွင် ကိုဗစ်ပိုးတွေ့ ရှိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ကွာရန်တင်း မ၀င်သူ ၁ ဦးနဲ့ မူးယစ်ဆေးဝါးရောင်း၀ယ်သူ အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာ ၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတဦးက ပြောပါတယ်။ ဝိုင်းမော်မြို့ ဂွေထု အင်ဖူးယာန် ကျေးရွာမှာ နို၀င်ဘာ ၂၆ ရက်နေ့က  မန္တလေးမှ ပြန်လာသူတစ်ဦး သတင်းမပို့သလို ကွာရန်တင်းမ၀င်ဘဲ နေထိုင်ရာမှ နေမကောင်းဖြစ် ချောင်းဆိုးလာတာကြောင့် မြစ်ကြီးနားဆေးရုံမှာ ပြသစစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။ နောက်တဦးကတော့ ဝိုင်းမော်မြို့မ ရက်ကွက် ၂ ခါ့တန်က မူးယစ်ဆေးဝါးရောင်း၀ယ်သူ အမျိုးသမီးတစ်ဦးကို မြစ်ကြီးနားအထူးမူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး အချုပ်မှာ ကျန်းမာရေးစစ်ဆေးစဉ် ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  လက်ရှိအဆိုပါလူနာတွေကို မြစ်ကြီးနားဆေးရုံကြီမှာ ကုသပေးပြီ ထိစပ်သူတွေနဲ့ နေအိမ်ကို လော့ဒေါင်းပြုလုပ်ထားကာ ကနဦးကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးထားတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က DVB ကိုပြောပါတယ်။ အရေးယူရုံနဲ့မပြီးဘဲ ပြည်သူများ ကွာရန်တင်း၀င်ပြီး ပူးပေါင်းပါ၀င်ပေးဖို့လည်း တိုက်တွန်းပါတယ်။ ဝိုင်းမော်ဆေးရုံမှာ ကုသပေးနေတဲ့ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးနှစ်ဦး ကျန်းမာရေးကောင်းမွန်တာကြောင့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ဆေးရုံဆင်းသွားခဲ့ပြီဖြစ်‌ကာ  ဆေးရုံမျာ လူနာမရှိတော့ဘူးလို့ သိရပါတယ်။ ဇုန်းကျန်း CJ
5 months Ago

ပနားမားပင်လယ်ပြင် ကင်းလှည့်စစ်ဆေးရေးတွင်  မူးယစ်ဆေးဝါး ၅ တန်ကျော် ဖမ်းဆီးမိ

ပနားမားနိုင်ငံက အာဏာပိုင်တွေဟာ အနောက်ပစိဖိတ်ဒေသနဲ့ ကာရစ်ဘီယံ ပင်လယ် အနောက်ပိုင်းတလျှောက် နိုဝင်ဘာ ၂၈ နဲ့ ၂၉ ရက်တွေက ပင်လယ်ပြင် ကြားဖြတ်စစ်ဆင်ရေးနဲ့ ကင်းလှည့်စစ်ဆေးရေးလုပ်ဆောင်ရာမှာ မူးယစ်ဆေးဝါး ၅ တန်ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။ ပနားမားရေတပ်က မြန်နှုန်းမြင့် လှေ ၄ စီးကို ကြားဖြတ်ဟန့်တားရာမှာ မူးယစ်ဆေး ၅,၉၇၇ ထုပ်ကို သိမ်းဆည်းရမိပြီး ကိုလံဘီယာနိုင်ငံသား ၈ ယောက်၊ ကော့စ်တာရီကာ နိုင်ငံသား ၄ ယောက်နဲ့ နီကာရာဂွါနိုင်ငံသား ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ အလယ်အမေရိကနဲ့ မက္ကစီကိုတို့ဟာ တောင်အမေရိကတိုက်က ကိုကင်းတွေကို အမေရိကန်ဈေးကွက်ဆီ ဖြန့်ဖြူးရာမှာ အဓိကကုန်တင်ကုန်ချ အကူးအပြောင်းလုပ်ရာ ကြားစခန်းတွေ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
5 months Ago

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ယခင်နှစ်များထက် ၆ ဆ ကျော်ပိုလာ

မြန်မာနိုင်ငံမှာ ၂၀၁၉-၂၀ နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးနိုင်တာဟာ အရင်နှစ်တွေထက် ၆ ဆ ကျော်ပိုလာတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောပါတယ်။ Video Conferencing စနစ်နဲ့လုပ်တဲ့ ၁၄ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ ၂၀၁၉-၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးနိုင်တာဟာ အရင်နှစ်တွေထက် ၆ ဆခွဲလောက်ပိုလာပြီး အကြမ်းဖက်မှုပြဿနာဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တာတွေနဲ့ ထဲထဲဝင်ဝင် ပါဝင်ဆက်စပ်မှုရှိနေတယ်လို့ ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောပါတယ်။ မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်အရေးကိစ္စမှာ အကြမ်းဖက်ဝါဒ အတွင်းကျကျ ဆက်စပ်နေတဲ့အတွက် လက်မခံကြဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဝါဒဖြန့်တာကို ရပ်တန့်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ရာဇဝတ်မှုခင်းဂိုဏ်းများအားလုံးနဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို မိမိတို့ အလေးထားဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။  ဒီအစည်းအဝေးကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တာပါ။ Photo : Ministry of Home Affairs, Myanmar
5 months Ago

တာချီလိတ်တွင် လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးထုတ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ လက်နက်/ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ ယန်းခေါင်ကျေးရွာအနီး၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမှာ အိုက်အဲ(၂၆)နှစ် မောင်းနှင်ပြီး  အိုက်ပင်း (၂၂)နှစ် လိုက်ပါလာတဲ့  REVO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်ပေါ်မှာ BERETTA အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ GLOCK အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆၈ တောင့်၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးအဖြူရောင်အမှုန့် ၈၉ ကီလို၊ အနီရောင်အမှုန့် ၁၀ ကီလို၊ အဖြူရောင်ပေါင်ဒါအမှုန့်  ၂၅ ကီလို၊ အနံ့ထည့်ဆေးရည် ၃၀ လီတာ၊ တို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ အိုက်အဲနဲ့ အိုက်ပင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။ ဓာတ်ပုံ- CCDACM
5 months Ago

ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှာ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက  နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော် တံတားပူးပေါင်း စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲလောက်က ကာလိ-မိုင်းပျဉ်း-တာချီလိတ် ဘက်ကို ကျော်ဆန်း မောင်းနှင်လာတဲ့ TOYOTA Hi-Ace အမျိုးအစား မော်တော်ယာဉ်ကို စိစစ်ရှာဖွေရာက ယာဉ်ခေါင်မိုးပေါ်ရှိ ပစ္စည်းတင်အကန့်အတွင်း ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ စက္ကူဂျပ်ဖာ ၃ ဖာနဲ့ ယာဉ်အတွင်း ထိုင်ခုံပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှာ အိုက်စ်မူးယစ်ဆေး ကီလို ၈၀ သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးပိုင်ရှင်မှာ မိုင်းရှူးမြို့၊ အမှတ် (၄) ရပ်ကွက်နေ လောက်ဆိုင်ဖြစ်ကြောင်း သိရှိရလို့ ညနေ ၅ နာရီခွဲမှာ ပူးပေါင်းအဖွဲ့က လောက်ဆိုင်အား နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ကျော်ဆန်း (၄၇) နှစ်နဲ့ လောင်ဆိုင် (၂၈) နှစ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၆ ရက် မနက် ၉ နာရီခွဲအချိန်လောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးသွား ကားလမ်း၊ ရွှေညောင်ပင်ကျေးရွာအဝင်မှာ သီပေါမြို့နယ်မှ မန္တလေးမြို့ကို ချစ်မျိုးခိုင်မောင်းနှင်ပြီး စိုးခိုင်လိုက်ပါတဲ့ LIFAN အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ထည့်ထားတဲ့ ကျပ်သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။  မူးယစ်ဆေးဝါးတွေကို မန္တလေးကို သယ်ဆောင် ရောင်း/ဝယ်မှာဖြစ်ကြောင်း သိရပြီး ချစ်မျိုးခိုင် (၃၄) နှစ်နဲ့ စိုးခိုင် (၄၆) နှစ်တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- CCDACM
6 months Ago

နောင်ချိုတွင် ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့  မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးမှာ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။ သီပေါမြို့ဘက်မှ မန္တလေးမြို့ဘက် ညီညီထွန်း မောင်းနှင်လာတဲ့ HYUNDAI PORTER II အမျိုးအစား မော်တော်ယာဉ်ပေါ်ကနေ ဖွဲနုအိတ်တွေအတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ကျပ်သိန်း ၁၄၀၀ လောက်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀ ပြား၊ ဆပ်ပြာခွက်တွေနဲ့ထည့်ထားတဲ့ ကျပ် ၁၁၈၈ သိန်း တန်ဖိုးရှိ  ဘိန်းဖြူအလေးချိန် ၇.၉၂ ကီလို၊ မြန်မာငွေကျပ် ၁.၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ် စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
6 months Ago

မိုင်းဆတ်မြို့နယ်၌ ငွေကျပ် သန်း ၁၀,၀၀၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ငွေကျပ် သန်း ၁၀,၀၀၀ တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါးတွေကို သယ်လာသူတွေမမိဘဲ သိမ်းဆည်းရမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ မိုင်းဆတ်မြို့၊ ကျအူဖုရား(တန့်ဆိုင်)ရွာနားမှာ တန့်ဆိုင်-မိုင်းဆတ် သွားလမ်းဘက်ကို မောင်းနှင်လာတဲ့ Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ပါတယ်။ စစ်ဆေးရေးအဖွဲ့ဆီကို မရောက်ခင်မှာပဲ ကားကို ရပ်တန့်ပြီး အမျိုးသား ၂ ယောက် ထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးပေမဲ့ လျှိုထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ကားကို စစ်ဆေးရာမှာတော့ တင်လာတဲ့ ဆာလာအိတ်တွေထဲက ICE မူးယစ်ဆေး အလေးချိန် ၅၀၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သန်း ၁၀,၀၀၀) ကို တွေ့ရှိ သိမ်းဆည်းရမိပြီး မိုင်းဆတ်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုရေးဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ- CCDAC Myanmar
7 months Ago

သီပေါတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ မနေ့ နေ့လယ်ပိုင်းက  မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ   အပြန်အလှန် ပစ်ခတ်တာကြောင့်  ရဲတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သီပေါတံတားအဝင်မှာ လားရှိုးမြို့ကနေ သီပေါမြို့ဘက်ကို မောင်းနှင်လာတဲ့ Mark II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ တားဆီးခဲ့တာမှာ နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေး သွားပါတယ်။ အတားအဆီးတွေနဲ့ ပိတ်ဆို့ခဲ့တာကြောင့် ကားရပ်တန့်ပြီး အမျိုးသား ၃ ယောက် ဆင်းလာကာ ၁ ယောက်က သေနတ်အတိုနဲ့ပစ်ခတ်လို့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သေနတ်နဲ့ပစ်တဲ့ အမျိုးသားက ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် ၂ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်တာကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး အေးလွင်မှာ ကျည်ထိမှန်ကျဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကတော့ သီပေါမြို့နယ် နမ့်လန်ရွာနေ စိုင်းစံဌေးနဲ့ ကျောက်မဲမြို့နယ် မိုင်းတင်းရွာနေ စိုင်းမွမ်းဦးတို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူကတော့ မိုင်းကိုင်မြို့နယ် ရပ်ကွက် ၂ မှာ နေတဲ့ စိုင်းစောထွန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကားပေါ်ကနေ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၅ ပြား၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျဆုံးသွားတဲ့  တပ်ဖွဲ့ဝင်ရဲ့ ကျန်ရစ်သူ မိသားစုကို လူမှုရေးထောက်ပံ့ပေးမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- နန်းစပယ်
7 months Ago

DHLမှတဆင့် ဖိလစ်ပိုင်သို့ မူးယစ်ဆေးဝါးပို့ရန် ကြိုးပမ်းသူများ ရန်ကုန်တွင်ဖမ်းမိ 

မြန်မာပြည်ကနေ ဖိလစ်ပိုင်ကို DHLအမြန်ချောနဲ့ မူးယစ်ဆေး ကျပ်သိန်း ၇၀၀ ဖိုးလောက်ပို့ဖို့ ကြိုးစားတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးနဲ့  မြန်မာ ၃ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်က DHL ရုံးကို ပါဆယ်ပစ္စည်း လာပို့တာမှာ မသင်္ကာဖွယ်ရာ ပါဆယ်ထုပ်တွေ့ရတယ်လို့ သတင်းပေးတာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါတယ်။ ပါဆယ်ကို စစ်ဆေးရာမှာတေ့ ကလေးစီးတဲ့ ကားနဲ့ ကားရဲ့ဘီးတွေထဲမှာ အိုက်စ် (မက်အက်ဖက်တမင်း) ၀ ဒသမ ၉၅၇ ကီလို (ငွေကျပ် ၇၆၅.၅ သိန်းတန်ဖိုး) သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။ ပါဆယ်ထုပ်လာရောက်ပို့ဆောင်သူ  တွေကတော့ မမြင့်မြင့်ငြိမ်း(ခ)မိုးမိုး၊ ဒေါ်မြင့်မြင့်ငြိမ်းနဲ့ သိန်းထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယားနိုင်ငံသား Mr. OBUMKAEMERE KELECHI THANKGOD ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေနှင်းဆီအိမ်ရာ၊ အမှတ်(၆၁)ရပ်ကွက်၊ တိုက်(B-3)၊ အခန်း(၁၅၀၇)တွင် ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို စစ်ဆေးရာမှာတော့ ၂၀၁၉ နိုဝင်ဘာ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကနေ နိုင်ဂျီးရီးယားနိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့တဲ့ Mr. Agu Chukwunonso Peter ကနေ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ ဇနီးဖြစ်သူဆီကို ပေးပို့ခိုင်းတာလို့ ဆိုတာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။ Mr. OBUMKAEMERE KELECHI THANKGOD ငှားရမ်းနေထိုင်တဲ့အိမ်မှာ နောက်ထပ် နိုင်ဂျီးရီယားနိုင်ငံသား ၃ ယောက်ကိုလည်းတွေ့ရပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာကို တွေ့ရလို့ သူတို့ကိုလည်း မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေအရ ဆက်လက်အရေးယူ မယ်လို့ ဆိုပါတယ်။
9 months Ago

ရွှေကူမြို့နယ်တွင် ကျပ် သိန်း ၃၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ  ဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ ငွေကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဩဂုတ် ၁၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့   ရွှေကူမြို့မရဲစခန်းက သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မနေ့ည ၈ နာရီလောက်က ဗန်းမော်-မန္တလေးမဟာဗျူဟာလမ်းပေါ်ရှိ ရွှေကူမြို့နယ်တော်လှန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သတင်းအရစောင့်ဆိုင်းနေစဉ် ဗန်းမော်ဘက်ကို ဦးတည်ပြီး  အောင်မိုးဆိုသူမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာပါ။ အဆိုပါမူးယစ်ဆေးတွေကို မဘိမ်းမြို့နယ်၊ သုံးခွကျေးရွာနေ မမြင့်မြင့်စိုးထံကနေ  ဝယ်ယူ လာတာလို့ သိရလို့ တရားခံကွင်းဆက်လိုက်ရာမှာ ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိခဲ့ပါတယ်။  မူးယစ်ဆေးဖမ်းမိတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "မူးယစ်မှုမှန်ရင် နည်းတာများတာတွေ၊ ကိုင်းရင်း ကိုင်းဖျားတွေ မရွေးနေပဲ စနစ်တကျ ဖော်ထုတ်ဖမ်းဆီးပြီး အဂတိကင်းစွာ တရားစီရင်နိုင်မယ်ဆိုရင် အနာဂတ်ရန်သူဖြစ်တဲ့ မူးယစ်အန္တရာယ်ကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ အခုတော့ ဖမ်းသူကဖမ်းပေမယ့် မူးယစ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူကို အပြင်က သူ့မိသားစုဝင်တွေက မူးယစ်ရောင်းပြီး ပြန်ထုတ်နေတာတွေကို ကြားနေ သိနေမြင်နေရတော့ စိတ်မအေးစရာတွေတော့ ဖြစ်ရတာပေါ့" လို့  ပြောပါတယ်။ လတ်တလောမှာတော့ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ အောင်မိုး(၂၀)နှစ်နဲ့ ရောင်းချသူ မမြင့်မြင့်စိုး(၃၅)နှစ်တို့ကို  ရွှေကူမြို့မရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)/၂၁နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ သတင်း - ကျော်ဇေယျCJ(ရွှေကူ)
9 months Ago

တာချီလိတ်တွင် အိုက်စ်မူးယစ်ဆေးဝါး ကီလို ၆၀၀ ကျော်ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ  အိုက်စ် မူးယစ်ဆေးဝါး ကီလို ၆၀၀  ကျော်တင်ဆောင်လာတဲ့ မော်တော်ကား ၃ စီးနဲ့  လူ ၂ ဦးကို   ဩဂုတ် ၁၃ ရက်က  မူးယစ်တပ်ဖွဲ့နဲ့  တပ်မတော်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့တွေက  သတင်းအရ မလိပါကော်-ဝှေလှေလန် ကျေးရွာချင်းဆက်လမ်းပေါ် စောင့်ဆိုင်းနေစဉ် ဖတ်ဟိကျေးရွာဘက်ကနေ မူးယစ်ဆေးဝါးတင်ဆောင်မောင်းနှင်လာတဲ့ ကား ၃ စီးကို  ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး  တာဝန်ရှိသူတစ်ဦးက “ ပထမဆုံး ဆိုင်ကယ်နဲ့ လမ်းပြတဲ့သူ တစ်ဦးကို တွေ့လို့ စစ်ဆေးတော့ နောက်ကလိုက်လာတဲ့ ကားကိုမိတာပါ။ ကားပေါ်မှာ အိုက်စ် ပုံဆောင်ခဲတွေတင်လာတာပါ။ သူ့နောက်က ကားတစ်စီးက ပြန်လှည်ပြေးသွားလို့ နောက်ကလိုက်ပြီး ဖမ်းဆီးတဲ့အချိန် နောက်ထပ်ကား နှစ်စီးနဲ့ မူးယစ်ဆေးတွေ ထပ်မိခဲ့တာပါ။"လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးက ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိပြီး ဖမ်းဆီးရတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ် ပတ်သက်နေသူတွေကို လိုက်လံစုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဩဂုတ် ၁၃ ရက်တရက်တည်းမှာပဲ  တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကားဝပ်ရှော့ရှေ့မှာ စစ်ဆေးရေးဆောင်ရွက်နေစဉ် Fortuner အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရာမှာ ယာဉ်မောင်းက ထွက်ပြေးသွားပြီး ယာဉ်ပေါ်ရှိ ဆာလာအိတ်တွေထဲကနေ အိုက်စ်မူးယစ်ဆေး  ၃၇၅ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ သတင်း- ကိုဇက်
9 months Ago

ကိုဗစ်ကာလ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ  ရှမ်းပြည်နယ်အတွင်း လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံးရဲ့ လူငယ်နှင့်မူးယစ်ဆေးဝါး သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)က သုတေသနပြုလုပ်ထားတဲ့ လူငယ်နှင့်မူးယစ်ဆေးဝါး အစီရင်ခံစာကို ပြည်သူတွေကို ချပြဆွေးနွေးဖို့ ဇူလိုင် ၂၇ ရက်က တောင်ကြီးမြို့ အောက်မေ့ဖွယ်ဓမ္မာရုံမှာ ဖိုရမ်တစ်ရပ်ကျင်းပခဲ့ပါတယ်။ အစီရင်ခံစာကို တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်မြို့နယ်များရှိ ဆေးသုံးစွဲ သူတွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေ ဥပဒေကြားကွာဟမှုတွေကို သုတေသနပြုလုပ်ခဲ့တာပါ။ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေကို တည်ဆဲဥပဒေအရ ဖမ်းဆီးချုပ်နှောင်နေမယ်ဆိုရင် ထောင်ထဲမှာဘဲအချိန်ကုန်သွားတဲ့အတွက် မူးယစ်ဆေးဝါးဥပဒေရေးဆွဲတဲ့အခါ လူ့အခွင့်အရေး ထည့်စဉ်းစားဖို့ လိုအပ်တယ်လို့  အောင်ဆုဗွေ မူးယစ်ဖြတ်စခန်း တာဝန်ခံ ဗိုလ်ကြီးခွန်ဗွေ က ဆိုပါတယ်။ လူငယ်တွေကျောင်းပညာကိုပြီးဆုံးတိုင် သင်ကြား ခွင့်မရှိသူ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိသူ၊ အသိပညာပေး လက်လမ်းမမီတဲ့သူတွေက မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုတွေ့ရှိတယ်လို့ ဆိုပါတယ်။ ဖိုရမ်ကို တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း လွိုင်လင်မြို့နယ်ရှိ မူးယစ်ဆေးဝါး စွဲပြီးကုသမှုခံယူနေသူ၊ ဆေးဖြတ်စခန်းကတာဝန်ရှိသူ ဒေသခံ တွေ တက်ရောက်ခဲ့ပါတယ်။ အစိုးရက ဘိန်းအစားထိုးလုပ်ငန်းတွေ ဖော်ဆောင်နေပေမဲ့ အစားထိုးစိုက်ပျိုးတဲ့သီးနှံတွေ စျေးကွက်မရှိတဲ့အတွက် စိုက်ပျိုး တောင်သူတွေမှာအခက်အခဲရှိနေမြဲဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
9 months Ago

မူးယစ်ဆေးဝါး စစ်ဆေးသည့်  ပြင်ဦးလွင်က x-ray စက် ဝက်ဝံကျေးရွာသို့ပြောင်းရွှေ့မှာကို ဒေသခံများ လက်မခံ

ပြင်ဦးလွင်မြို့အထွက်က မူးယစ်ဆေးဝါးစစ်ဆေးတဲ့ x ray စက်ကို မူလနေရာနဲ့ ခြောက်မိုင်ခန့်အကွာက ဝက်ဝံကျေးရွာသို့  ပြောင်းရွှေမယ့်ကိစ္စကို ဒေသခံကျေးရွာသားတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။ ‌ပြီးခဲ့တဲ့နှစ်က အဆိုပါစက်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဝက်ဝံကျေးရွာအနီး ပြောင်းရွှေ့လာပါက အလားသူ ပစ်ခတ်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက်ပစ်ခတ်ပါကလည်း ဘယ်နိုင်ငံဖြစ်စေ အနီးအနားက ကျေးရွာတွေဟာ မြေစာပင်ဖြစ်မှာပဲလို့ မန္တလေးတိုင်းဒေသကြီး ရဲမှူးချုပ် စိန်လွင်က ဇူလိုင်လ ၁၈ ရက်နေ့က ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ လုံခြုံရေးပိုင်းမှာ စနစ်တကျဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးမှာ ဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ မူးယစ်ဆေးသတင်းရရှိပါက ဒေသခံတွေအနေနဲ့ ဝိုင်းဝန်းပူးပေါင်းကြဖို့ လိုတယ်လို့လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆိုပါတယ်။ မန္တလေးတိုင်း‌ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်ကတော့ "ပစ်ခတ်လို့ရှိရင် ဒါကတော့ ထိခိုက်မှာပဲ၊ဒါကတော့ သောင်းကျန်းသူရှိတဲ့ နေရာမှာရှိတဲ့ ရွာသူ ရွာသားတွေက မြေစာပင်ပဲ၊ ဒါ ဘယ်နိုင်ငံ ဘယ်နေရာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်မှာပဲ ဖြစ်ဖြစ် သောင်းကျန်းသူတွေ ရှိလာတယ်ဆိုလို့ရှိရင် တစ် ဘက်ဘက်က တိုက်တာပဲဖြစ်ဖြစ် တိုက်တဲ့အခါမှာ အဲ့ဒီဒေသမှာနေတဲ့ ပြည်သူတွေက မြေစာပင်ပဲ ဖြစ်မှာ၊ ထိခိုက်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်းမာရေး လူမှုရေး၊စီးပွားရေး ထိခိုက်မှာ ဒါကတော့ သောင်းကျန်းသူရှိတဲ့နေရာတွေမှာ ခံစားရတဲ့ ဒုက္ခဖြစ်ပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ ဒါ မဖြစ်ဖူး၊ အာမမခံပါဘူး၊ဒါမဖြစ်အောင် ကျနော်တို့တွေ စီမံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲ့တော့ ဒီလို သောင်းကျန်းသူတွေ ဒီနေရာ ဒီဒေသကိုမထိခိုက်နိုင်အောင် ပူးပေါင်းပါဝင်ဖို့ကတော့ ဒီမှာရှိတဲ့ မိဘပြည်သူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီရွာသူရွာသားတွေဟာ ဒီနယ်ရဲ့ မူးယစ်ဆေးဝါးနဲ့သောင်းကျန်းသူတွေ ရှိတယ်ဆိုလို့ရှိရင် ဝိုင်းဝန်းပူးပေါင်းပြီးတော့ လျှို့ဝှက်နည်းလမ်းပေါင်းစုံနဲ့ အချိန်မီ အကြောင်းကြားလို့ရှိရင် မထိခိုက်ပါဘူး" လို့ပြောပါတယ်။ အဆိုပါ စက်ကိုပြောင်းရွှေ့တာဟာ လက်ရှိတည်နေရာထက် ရှောင်ကွင်းလမ်းပိုမိုနည်းတာ၊ ဝက်ဝံကျေးရွာ ရဲစခန်းအနီး ဖြစ်တဲ့အတွက် လုံခြုံမှု ပိုရှိတာတွေကြောင့် ယာယီပြောင်းရွှေ့မှာ ဖြစ်ပြီး နောက်ပိုင်းမှာ ရှမ်းပြည်နယ်ကို ပြောင်းရွှေ့မယ့်စက်ဖြစ်တယ်လို့လည်း တိုင်းရဲမှူးချုပ်က ဆိုပါတယ်။ ကျေးရွာအနီးမှာ အဆိုပါ x ray စက် ရွှေ့ပြောင်းဖို့လုပ်ဆောင်တာဟာ ကျေးရွာကို အသုံးချပြီး လူသားဒိုင်းသဖွယ် အသုံးပြုတာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ သူတို့ အနေနဲ့လည်း အဆိုပါစက်ကို ကန့်ကွက်တာမဟုတ်ပဲ ကျေးရွာထိပ်မှာ ထားရှိတာကို ကန့်ကွက်တာဖြစ်တယ်လို့ ဝက်ဝံကျေးရွာသားတစ်ဦးက ပြောပါတယ်။ ဝက်ဝံကျေးရွာရဲ့ နာယက ဦးမောင်လေး က" ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများကို လူသားတံတိုင်းအနေနဲ့ အသုံးချတယ်လို့ပဲ ဒီလိုပဲ ကျတော်မြင်မိပါတယ်။အဲ့တော့ ကျနော့် အနေနဲ့က ဒီ စက်ကိုကန့်ကွက်တာ မဟုတ်ပါဘူး၊ နေရာလေးကို ရွှေ့ပြောင်းပြီးတော့ တည်ဆောက်ပေးပါလို့ ကျနော့်အနေနဲ့ ကန့်ကွက်ခြင်းဖြစ်ပါတယ်။ အဲ့တော့ ကျေးရွာသူ ကျေးရွာသားအနေနဲ့ သွားရေးလာရေး အစစအရာရာ ရင်တထိတ်ထိတ်နဲ့ နေရတဲ့အနေအထားမျိုး ရှိတယ်၊ ဒါကို အခြားတစ်နေရာ ရွာနဲ့ အလှမ်းကွာတဲ့နေရာကို ထားပေးပါလို့ ကျနော် အနေနဲ့ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်" လို့ပြောပါတယ်။ x ray စက်ထားရှိတာကြောင့် ပစ်ခတ်မှုတွေကို စိုးရိမ်ရတာ၊ ယာဉ်ကြောပိတ်ဆို့တာ၊ ကျောင်းသားတွေအတွက် ယာဉ်အန္တရာယ်စိုးရိမ်ရတာ၊ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်ရတာ၊ မူးယစ်ဂိုဏ်းတွေကြောင့် မှောင်ခိုသယ်ပေးမယ့် လူငယ်တွေရှိလာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် လုံခြုံရေး လာရောက်တဲ့ တပ်မတော်သား တချို့က အိမ်ဝိုင်းတွေထဲအထိ ဝင်ရောက်ကာ လိုင်စင်မဲ့ကားဖမ်းဆီးတာမျိုးတွေအထိ ရှိနေတယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။ လတ်တလောမှာတော့ ဝက်ဝံကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရှာဖွေတဲ့ x ray စက် အသေးတစ်လုံးထားရှိထားတာလည်းဖြစ်ပါတယ်။ ဝက်ဝံကျေးရွာ ရပ်မိရပ်ဖ ဦးကျော်ဆွေက" ဒီစက်ကြီးထားရှိလာမယ်ဆိုရင် အဓိကစိုးရိမ်တာကတော့ ခုနက ဦးလေးကြီး ပြောသလိုပဲ၊ ပစ်ခတ်မှုဖြစ်ပွားမှာကို အစိုးရိမ်ဆုံးပဲ ၊ ကျန်တဲ့ယာဉ်ကြောပိတ်ဆို့တယ် ဘာညာဆိုတာကတော့ နိစ္စဓူဝဖြစ်တဲ့အတွက် ကြာရင် ပိတ်ဆို့တာတွေ သည်းခံပြီးတော့ နေသွားနိုင်လို့ ရသေးတယ်။ ဒီတိုက်ပွဲဖြစ်ပြီဆိုရင် ပတ်ခတ်မှုဖြစ်ပွားမယ်ဆိုရင် အဲ့ဒါက သည်းခံလို့မရတဲ့ ကိစ္စ၊ ဒီမှာ ထားတုန်းက ဆိုလို့ရှိရင် သူတို့က ဒီ စက်လက်ခေါ်တာပေါ့နော်၊ စက်လက်ကို ဒီ ရွာဘက်ကြီးကို ချိန်ထားတာ၊ဆိုတော့ အဲ့တုန်းကလည်း ဦးလေး မေးခဲ့ဖူးပါတယ်။ ဟုတ်ပြီ ရန်သူလာပြီ ပစ်ခတ်မှုဖြစ်မယ်၊ ရန်သူ ဘယ်နှစ်ယောက်မှန်မလဲ၊ ကျည်ဆံ အတောင့်တစ်ရာပစ်လိုက်မယ်၊ ရန်သူ ဘယ်နှစ်ယောက်မှန်မလဲ၊ လွတ်ထွက်သွားတဲ့ကျည်ဆံတွေက ဘယ်ကိုသွားမှန်နိုင်လဲ၊ အခုလည်း အဲ့လိုပဲ တကယ်လို့ ပစ်ခတ်မှု ဖြစ်ပွားပြီ၊  စက်ကြီးက ဒီကျေးရွာထဲမှာ ဖြစ်တဲ့အတွက် လက်နက်ကြီးကျည်က ဒီစက်ကိုမှန်ချင်လဲမှန်မယ်၊မမှန်ချင်လည်းမမှန်ဘူး၊အဲ့တော့ မှန်တဲ့ကျည်ကမှန်မယ်၊မမှန်တဲ့ကျည်က ဘယ်ကိုရောက်မလဲ၊ဒါတွေကို ဦးလေးက စိုးရိမ်တာ" လို့ ပြောပါတယ်။ အဆိုပါ x ray စက်ကို ဝက်ဝံကျေးရွာနဲ့ သုံးမိုင်ခန့်အကွာက ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ် ကြားက နေရာတစ်ခုမှာ ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဆိုပါနေရာဟာ ကွင်းလမ်းမရှိတဲ့အပြင် တိုက်ပွဲဖြစ်ပွားပါက အနီးအနားမှာ ထိခိုက်မှု ရှိမဲ့ ကျေးရွာလည်းမရှိတာကြောင့် ဝက်ဝံမှာ မထားပဲ အဆိုပါနေရာမှာ ထားသင့်တယ်လို့လည်း ကျေးရွာသားတွေက အကြံပြုပါတယ်။ x ray စက်ပြောင်းရွှေ့မယ့် ဝက်ဝံကျေးရွာက နေရာဟာ မန္တလေးတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းကြည်လက်ထက်က သိမ်းဆည်းခံခဲ့ရတဲ့ မြေဖြစ်တာကြောင့် ပြန်လည်စွန့်လွှတ်ပေးဖို့ကိုလည်း မြေသိမ်းခံရသူတွေကလည်း တောင်းဆိုနေတာဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
10 months Ago

ရေးမြို့၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် တပ်ကြပ်ကြီး ၁ ဦး သေနတ်ထိမှန်သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ ရာဘာခြံတဲမှာ မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းရ သွားရောက်ဖမ်းဆီးစဉ် တပ်ကြပ်ကြီး ၁ ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။  မူးယစ်တပ်ဖွဲ့စု ၃၉ မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်သားတချို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဝင် ဇူလိုင် ၈ ရက်နေ့ မနက် ၂ နာရီအချိန်က သွားရောက်ဖမ်းဆီးရာမှာ ရာဘာခြံတဲပေါ်မှာ အဒီ၊ အမိန်း နဲ့ မင်းတင်မွန်တို့ ၃ ဦးနဲ့အတူ စိတ်ကြွဆေးပြား စုစုပေါင်း ၇၄ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဒီရဲ့ အစ်ကိုဖြစ်သူ အချိုင်ဆီကနေ စိတ်ကြွဆေးဝယ်ယူထားတာ စစ်ဆေးပေါ်ပေါက်ပြီး လိုက်လံဖမ်းဆီးရာ စုံနံသာကျေးရွာမှ ဆက်သွယ်ကျေးရွာသွားတဲ့ ရွာချင်းဆက်လမ်း ခြံအတွင်းရှိ တဲကနေ ထွက်ပြေးသွားသူ ၂ ဦးထဲမှ အချိုင်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တဲ့အတွက် တပ်ကြပ်ကြီး မောင်သိန်းမှာ ညာဘက်ပေါင်ရင်း ၁ ချက်နဲ့ ဘယ်ကျော လက်ပြင်အောက် ကျည်ကာအင်္ကျီ ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိတယ်လို့ ရဲအရာရှိက ပြောပါတယ်။ သေနတ်ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီးအား အမှတ်(၅) တပ်မတော် ဆေးရုံကုတင် ၃ဝဝ ကို ပို့ဆောင်ပေးပြီး ဇူလိုင် ၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ချိန်မှာ သေဆုံးသွားခဲ့တာပါ။ ရေးမြို့မရဲစခန်းမှာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးမှုနဲ့ ပက်သက်ပြီး အချိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ရေးထားပြီး ကွင်းဆက်တရားခံတွေကို ရဲတပ်ဖွဲ့က ထပ်မံဖော်ထုတ်ဖမ်းဆီး သွားမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ နေမျိုးထွဋ် 
10 months Ago

မြောင်းမြအကျဉ်းထောင်အတွင်း ဝန်ထမ်းတဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အကျဉ်းထောင်မှာ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင် တာဝန်ကျ အကျဉ်းဝန် ၁ ဦးဆီကနေ မူးယစ်ဆေးဝါးတွေ ရှာဖွေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ သတင်းပေးမှုအရ မြောင်းမြမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက မြောင်းမြအကျဉ်းထောင်မှာ အကျဉ်းဦးစီး တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၀ အရွယ်ရှိ အောင်ပိုင်ဖြိုးဆီမှာ သွားရောက် ရှာဖွေစဉ် ဖမ်းမိခဲ့တာလို့ မြောင်းမြမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။ “ကျနော်တို့ သတင်းအရ သွားရှာတော့ ကတ္တီပါဖိနပ်ခင်းအောက်မှာ ဝှက်ပိုးယူဆောင်လာတဲ့ WYဆေးပြားတွေနဲ့ အိုက်စ်လို့ယူဆရတဲ့ ပုံဆောင်ခဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ ကွင်းဆက်တရားခံကိုလည်း တချိန်တယ်း ထပ်မံဖမ်းဆီးရရှိထားပါတယ်။" အောင်ပိုင်ဖြိုးဆီက စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၄ ပြားနဲ့ အိုက်က်စ်လို့ ယူဆရတဲ့ ဝ.၁ ဂရမ်ရှိ ပုံဆောင်ခဲ ၁ ခဲနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးတွေ ပို့ခိုင်းသူကို ဆက်လက်စုံစမ်းရာ အကျဉ်းထောင်ဝန်ထမ်းဟောင်း သန့်ဇင်မောင်က အကျဉ်းကျနေတဲ့ အကျဉ်းသား တင်ကိုကိုထံကို ငွေ ၁ သိန်းပေးပြီး ပို့ခိုင်းတာလို့သိရှိပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းမိခဲ့တာပါ။ အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများဖမ်းမိတာနဲ့ ပတ်သက်ပြီး သူတို့ ၃ ဦးကို မြောင်းမြမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲ စေတက်သောဆေးဝါများဆိုင်ရာပုဒ်မ ၁၉(က)/၂၁၊ တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ မြောင်းမြမြို့မှာ ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိလို့ အရေးယူထားရမှုမှာ ဒီတစ်ကြိမ်ပါ အပါဆိုရင် ၁၁ ကြိမ်ထိရှိပြီလို့ မြောင်းမြမြို့မရဲစခန်းရဲ့ မှတ်တမ်းတွေအရသိရပါတယ်။ သတင်း - မင်းထက်မုန်း၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
10 months Ago

မက္ကဆီကို အဝေးပြေးလမ်းမတွင် မူးယစ်ဆေးဝါးသယ်လာသည့်လေယာဉ် မီးလောင်

မက္ကဆီကိုနိုင်ငံ ကွင်တာနာရူးပြည်နယ်က အဝေးပြေးလမ်းမပေါ်မှာ မူးယစ်ဆေးဝါးတွေကို သယ်လာတယ်လို့ သံသယရှိထားတဲ့ လေယာဉ်တစီး ဇူလိုင် ၅ ရက်က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စုလမ်းမကြီး အမှတ် ၁၈၄ ပေါ်မှာ စစ်သားတွေ ကြားဖြတ်ဟန့်တားတာ ခံရအပြီး ခုလိုဖြစ်တာလို့ မီဒီယာတွေက ရေးပါတယ်။ ဒေသတွင်းမှာ စစ်သည်တွေ ကင်းလှည့်ပျံသန်းနေတုန်း တပ်မဖြန့်မီ ဒီလေယာဉ်ကို တွေ့ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ လေယာဉ်ပေါ် ပါတဲ့လူတွေက ထွက်ပြေးဖို့ လေယာဉ်ကို မီးရှို့ထားခဲ့တာလို့ တချို့ မီဒီယာတွေက ရေးပါတယ်။ လေယာဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အာဏာပိုင်တွေက တရားဝင်အစီရင်မခံသေးသလို ဘယ်သူဘယ်ဝါတွေကို ဖမ်းမိထားတယ်ဆိုတာကိုလည်း သတင်းမထုတ်ပြန်သေးပါဘူး။
10 months Ago

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို တပ်မတော်ထံ UWSA အဖွဲ့ လွှဲပြောင်းအပ်နှံ

ထိုင်း-မြန်မာနယ်စပ် နမ့်ယွန်းဒေသမှာ မူးယစ်ဆေးသယ်ဆောင်သူတွေနဲ့ ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပြီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေကို UWSA တပ်ဖွဲ့က ဒီနေ့မနက်ပိုင်း တပ်မတော်ကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ UWSA စစ်ဒေသ ၁၇၁ နိုင်ငံရေးမှူး ဦးဆမ်ပလုန်း(ခ) ဦးအားဖူက “ဇွန်လ ၂၅ ရက်နေ့မှာ တစ်ကြိမ်၊ ဇွန်လ ၃၀ ရက်နေ့မှာ တစ်ကြိမ် မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ လှည့်ကင်း ဆောင်ရွက်နေတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ထိတွေ့ပစ်ခတ်ဖမ်းဆီးရမိခဲ့တာပါ။ ကျနော်တို့ ဝ တပ်ဖွဲ့ အနေနဲ့ မူးယစ်တိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နေပါတယ်။ အစိုးရ တပ်မတော်နဲ့လည်း လက်တွဲဆောင်ရွက်သွားဖို့လည်း အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် UWSA ထိန်းချုပ်နယ်မြေ နမ့်ယွန်းမြို့အနီးမှာ UWSA တပ်မဟာ ၂၄၈ တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အင်အား ၂၀ လောက် ဇွန် ၂၅ ရက်နေ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၂၇၆၅၇၁)ပြား၊ အဖက်တမင်း ၉၀ ကီလိုဂရမ်၊ ဝင်ချက်စတာတစ်လုံးထိုးကျည် ၁၄ တောင့်၊ လက်ကိုင်ဖုန်း ၄ လုံး သိမ်းဆည်းရမိခဲ့ပြီး UWSAတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဇွန် ၃၀ ရက်နေ့ကလည်း ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကို တပ်မဟာ ၅၁၈ နယ်မြေ ဟွေဟားအနီး ရပ်တန့်ခိုင်းရာ ပစ်ခတ်ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အ​သေဖမ်းဆီးမိခဲ့ပြီး WY ပန်းရောင်စိတ်ကြွဆေးပြား ၁ သိန်း၊ ဝင်ချက်စတာတစ်လုံးထိုးသေနတ် ၁ လက်၊ ကျည် ၃ တောင့် ဓားရှည် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အောင်ဇေယျ
10 months Ago

ပင်လောင်းနှင့် တာချီလိတ်တွင် ကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ် ပင်လောင်းနဲ့ တာချီလိတ်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းမြို့နယ်၊ ဖိုကုန်းကျေးရွာ၊ လိန်းလီကြိုးတံတားမှာ မြမင်းသူ(ခ) ဇင်မင်းကို မောင်းနှင်လာတဲ့ Alphard အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၆,၂၃၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ယာဉ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉,၄၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး မြမင်းသူ(ခ)ဇင်မင်းကို အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။ အလားတူ တာချီလိတ်မြို့နယ်မှာလည်း ငွေကျပ် ၁,၆၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်/ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉,၈၀၀ ပြား၊ ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄ တောင့်၊ ပြောက်ကျားပစ္စတိုအိတ် ၁ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
10 months Ago

တာချီလိတ်တွင် ငွေကျပ် ၂၇ ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာမှာ  ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံလောက် တန်ဖိုးရှိ ယစ်ဆေးဝါးနဲ့ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၄ နာရီခွဲလောက်က သတင်းအရ ရေပူစမ်းကျေးရွာရဲ့ အနောက်မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာပလတ်စတစ် အိတ်အစအား တွေ့ရှိပြီး တူးဖော်ရာမှ ဖမ်းဆီးမိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ မြေကြီးအတွင်း မြှုပ်နှံထားတဲ့ ဆာလာအိတ် အလုံး ၆၀ အတွင်းမှာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံလောက်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၆,၄၈၀,၀၀၀ ပြားခန့်၊ စိတ်ကြွဆေးပြားအကြေ (ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့်၊ AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
10 months Ago

RCSS/SSAက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဇွန်လ ၂၆ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လူထု ပရိတ်သတ်ရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ RCSS/SSA တပ်ရင်းတပ်ဖွဲ့တွေက ကျောက်မဲနယ်နဲ့ သီပေါမြို့နယ်အတွင်းမှာ ဖမ်းဆီးတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။ RCSS/SSA ဗဟိုဌာနချုပ်နယ်မြေနဲ့ အုပ်ချုပ်ရေးနယ်မြေတွေမှာ ၂၀၁၉-၂၀၂၀ ခုနှစ် အတွင်း ဘိန်းမဲ ၄၇ ဒသမ ၁၁၇ ကီလိုဂရမ်၊ ဘိန်းဖြူ ၃၀ ဒသမ ၁၃ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၆၈၂၄၆၁ ပြား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂၉၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ထုတ်ပြန်ကြေညာပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ သတင်း-ခွန်ဇော်ဦး
10 months Ago

ရန်ကုန်တွင် ငွေကျပ် ဘီလီယံ ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

(၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန် ၂၆ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်းယာဉ်ရပ်နားကွင်းမှာ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။  မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါး တန်ဖိုးမှာ ကျပ် ၂၀၈ ဒသမ ၈၆၉၉ ဘီလီယံတန်ဖိုးရှိ ပြီး မူးယစ်ဆေးဝါးမှုပေါင်း  ၅၂၆၂ မှုမှ  ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမျိုးအစား ၂၆ မျိုးကို မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ ပမာဏဟာ  ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက်  ၃ ဆ ပိုများတယ်လို့ သိရပါတယ်။ Photo - Ko Ye / MPA 
10 months Ago

မန္တလေးတွင် ငွေကျပ်  ၈ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဖမ်းဆီးရမိခဲ့တဲ့   ငွေကျပ်  ၈.၈၁၂၅  ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို  မန္တလေးမြို့၊  အောင်မြေသာဇံမြို့နယ်ရှိ ရွှေမန်းတောင် အားကစားကွင်းမှာ ဒီကနေ့ မနက်က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မီးရှို့ဖျက်ဆီးတာဖြစ်ပြီး အခမ်းအနားကို မန္တလေးမြို့တော်ဝန် ဒေါက်တာ ဦးရဲလွင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ Photo - Kaung Zaw Hein / MPA
10 months Ago

လားရှိုးမြို့နယ်၌ ငွေကျပ်  ၆၀၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စု၊ တာပုံ - ဝ နားဖ - မိုင်းယော် လမ်းမအနီးရှိ ဘောလုံးကွင်းမှာ ဒီကနေ့  ဇွန်လ ၂၆ ရက် မနက်က  ငွေကျပ်  ၆၀၈  ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၁၉ သန်းကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေဟာ ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် လွယ်ခန်ကျေးရွာအနီးတဝိုက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး  ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်   မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ Photo - Thein Min Tun / MPA 
10 months Ago
More News
Up