DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားကတ် ထုတ်ပေးရာတွင် ငွေပိုကောက်ခံသည့် ထိုင်းဦးစီးမှူး ဖမ်းဆီးခံရ
DVB
·
July 1, 2025
ရွှေ့ပြောင်းလုပ်သားကတ် ထုတ်ပေးရာတွင် ငွေပိုကောက်ခံသည့် ထိုင်းဦးစီးမှူး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်နေထိုင်ခွင့်ကတ်ပြား တွေ ထုတ်ပေးရာမှာ အစိုးရသတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုမိုကောက်ခံခဲ့တဲ့ မှတ်ပုံတင်ဦးစီး အရာရှိတယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အမှတ် ၅ ခရိုင် မှတ်ပုံတင်ဌာန ချင်းမိုင်ဌာနခွဲ ဦးစီးမှူးလည်းဖြစ်၊ ဆန်ဆိုင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ နိုင်းဘွန်းယလစ် နိပေါင်ဝနစ် (အသက် ၅၆ နှစ်) မှာ ရွှေ့ပြောင်း အလုပ်သမားနေထိုင်ခွင့် ပန်းရောင်ကတ် တိုကင်ပြား သတ်မှတ်ဈေး ပိုမိုကောက်ခံနေကြောင်း တိုင်ကြားချက်ရတဲ့အတွက် ဗဟိုရဲတပ်ဖွဲ့နဲ့ လာဘ်စားမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က လိုအပ်သလို စုံစမ်းပြီး ဇွန် ၁ ရက်က သူတာဝန်ထမ်းဆောင်နေတဲ့ မှတ်ပုံတင်ဌာနမှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ CIB ဗဟိုရဲတပ်ဖွဲ့ ဒုရဲချုပ် ကျရွန်းကစ် ဘန်ကယောက်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

တိုင်ကြားချက်နဲ့ စုံစမ်းစစ်ဆေးချက်အရ နိုင်းဘွန်းယလစ်ဟာ မှတ်ပုံတင်ဌာနကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်စကတည်းက ရောက်လာတယ်၊ သူရောက်လာတဲ့နောက်ပိုင်း ပန်းရောင်ကတ်ထုတ်ပေးခ အစိုးရသတ်မှတ်နှုန်းထား တယောက် ဘတ် ၈၀ သာ ရှိပေမဲ့ ဘတ် ၂၀၀ ထိ ကောက်ခံတယ်၊ အဲဒီမှာ အလုပ်သမားကတ် ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ ပွဲစား ၁၀၀ လောက်ဟာ သူတောင်းသမျှ ပေးနေရတယ်၊ မပေးရင် သူက တိုကင်ပြားထုတ်မပေးဘူး၊ ဒါကြောင့် ပွဲစားတွေက ဝိုင်းဝန်း တိုင်ကြားတာလို့ ဆိုပါတယ်။

အဆိုပါ မှတ်ပုံတင်ဌာနမှာ နေ့စဉ် အလုပ်သမားဦးရေ ၁,၀၀၀ ခန့် ကတ်ပြားလာထုတ်တာကြောင့် သူဟာ တနေ့ကို ဘတ် ၂၀၀,၀၀၀ ခန့်ရတယ်၊ အစိုးရကို သတ်မှတ်ဈေး သွင်းပြီးရင် ကျန်ရှိတဲ့ အမြတ်ငွေဟာ တလကို ဘတ် ၂,၄၀၀,၀၀၀ မှ ၂,၆၀၀,၀၀၀ ခန့် ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ဆန်ဆိုင်းနွဲ့ရပ်ကွက်ရှိ သူ့အိမ်ကိုပါ သွားရောက်စစ်ဆေးပြီး ငွေသား ဘတ် ၃ ဒသမ ၆ သန်းကျော်၊ ဘဏ်ငွေစုစာအုပ် ၆ အုပ်နဲ့ မြေဂရန် ၅ ခုကို သိမ်းဆည်းထားပြီး ဝင်ငွေရလာလမ်းတွေ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်းဘွန်းယလစ်ကတော့ နေ့စဉ် ပန်းရောင်ကတ်လာလုပ်သူတွေ အလွန်များပြားပြီး တန်းစီ စောင့်ဆိုင်းရမှာကို ပြင်းတဲ့ အလုပ်သမားတွေက သူတို့ဘာသာသူတို့ လိုလိုလားလားပေးတာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက သူ့အပြောကို မယုံကြည်ဘဲ လာဘ်စားမှု၊ ဝန်ထမ်းကျင့်ဝတ် ဖောက်ဖျက်မှု၊ တာဝန်နဲ့ ဝတ္တရားပေါ် အလွဲသုံးစားလုပ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။Source: policetv.tv news / Thai Press

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013