DVB Logo
Home
အားကစား
UFC ပြိုင်ပွဲတွင် ချင်းဖိုက်တာ ဂျိုရှုဝါဗန်က အမေရိကန်ဖိုက်တာကို အနိုင်ယူ
DVB
·
June 30, 2025
UFC ပြိုင်ပွဲတွင် ချင်းဖိုက်တာ ဂျိုရှုဝါဗန်က အမေရိကန်ဖိုက်တာကို အနိုင်ယူ
1 / 2
Donate to DVB

ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှုဝါဗန်က အမေရိကန်ကိုယ်စားပြု ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကို ၃ ချီမြောက် ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရလိုက်တာကြောင့် မကြာမီ ခါးပတ်ကို စိန်ခေါ်နိုင်ပြီလို့ သိရပါတယ်။

ဇွန် ၂၉ ရက်က ပြုလုပ်တဲ့ UFC 317 ပြိုင်ပွဲမှာ ဂျိုရှုဝါဗန်က UFC Flyweight Ranking အဆင့် ၁ ဖြစ်နေတဲ့ ဘရန်ဒန်ရွိုင်ဗယ်ကို အသာစီးထိုးယူပြီး အမှတ်နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ပွဲအပြီးမှာ ဂျိုရှုဝါဗန်ဟာ ချန်ပီယံ စိန်ခေါ်သူနေရာအထိ အဆင့်များစွာ ခုန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အနိုင်ရသူဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရမယ်လို့လည်း ဇွန် ၂၇ ရက်မှာ ပြုလုပ်တဲ့ UFC 317 ပြိုင်ပွဲ အကြိုသတင်းစာရှင်းလင်းပွဲမှာ UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က ပြောထားတာပါ။

ဂျိုရှုဝါဗန်ဟာ ဇွန် ၇ ရက်ကလည်း ဘရာဇီးလ်ဝါရင့်ဖိုက်တာ ဘရူနိုဆေးလ်ဗားနဲ့ ထိုးသတ်တာမှာ တတိယအချီနဲ့ အလဲထိုး အနိုင်ယူခဲ့ပါသေးတယ်။

ဂျိုရှုဝါဗန်ဟာ UFC ပွဲပေါင်း ၉ ပွဲအထိ ထိုးထားပြီး ၈ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားသူလည်း ဖြစ်ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဂျိုရှုဝါဗန်ဟာ Boxing Style အားပြု ကစားသူဖြစ်ပြီး ခြေကန်ချက်တွေကိုလည်း လိုအပ်ရင် လိုအပ်သလို အသုံးပြုနိုင်သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013