DVB Logo
Home
အားကစား
ဂျိုရှုအာဗန်က ပန်တိုဂျာကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်
DVB
·
September 20, 2026
ဂျိုရှုအာဗန်က ပန်တိုဂျာကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်
1 / 8
Photo: Reuters
Donate to DVB

လက်ရှိ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှုအာဗန်ဟာ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အနိုင်ရရှိသွားပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မှာ ဒေသစံတော်ချိန် စက်တင်ဘာ ၁၉ ရက်ညက ကျင်းပတဲ့ UFC 331 ခေါင်ပွဲစဉ်အဖြစ် ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ ဒုတိယအကြိမ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဗန်က အမှတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဗန်ဟာ ပန်တိုဂျာရဲ့ ချုပ်ကွက်တွေကို ၅ ချီအထိ အကောင်းဆုံးခုခံရင်း လက်သီးထိုးချက်တွေနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဗန်ဟာ UFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်ရခဲ့တဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာဖြစ်ပြီး UFC သမိုင်းကြောင်းတလျှောက် ဒုတိယ အသက်ငယ်ဆုံး ချန်ပီယံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013