DVB Logo
Home
အားကစား
ဂျော့ရှုအာဗန်နှင့် မာနယ်ကပ်တို့ ထိုးသတ်မည့် ပွဲစဉ် UFC အတည်ပြု
DVB
·
October 26, 2026
Photo: UFC
Photo: UFC
Donate to DVB

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား ဂျော့ရှုအာဗန်နဲ့ အန်ဂိုလာနွယ်ဖွား ပေါ်တူဂီဖိုက်တာ မာနယ်ကပ်တို့ လာမဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ UFC က အတည်ပြု ကြေညာပါတယ်။

ဂျော့ရှူအာဗန် အနေနဲ့ လာမဲ့ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ကျင်းပမဲ့ UFC 336 ပွဲစဉ်မှာ သူ့ရဲ့ ချန်ပီယံခါးပတ်ကို တတိယအကြိမ် ကာကွယ်သွားရမှာ ဖြစ်ပါတယ်။

UFC 336 ပွဲစဉ်ကို တိုရွန်တိုမြို့က Scotiabank Arena အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ပြီး ဂျော့ရှုအာဗန်နဲ့ မာနယ်ကပ်တို့ရဲ့ ပွဲစဉ်ကို ခေါင်ပွဲအနေနဲ့ ထည့်သွင်းထားတာပါ။

ဂျော့ရှူအာဗန်ဟာ ပန်တိုဂျာဆီက ချန်ပီယံခါးပတ်ကို ရယူခဲ့ပြီးတဲ့နောက် ဂျပန်ဖိုက်တာ တက်ဆူယိုတိုင်ရာနဲ့ ပထမအကြိမ် ခါးပတ်ကာကွယ်ပွဲ ကစားခဲ့ပြီး တိုင်ရာကို အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းတုန်းကလည်း ပြိုင်ဘက်ဟောင်း ပန်တိုဂျာနဲ့ ခါးပတ်ကာကွယ်ပွဲ ကစားခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံ ခါးပတ်ကို ၂ ကြိမ်ကာကွယ်ထားပါတယ်။

ဂျော့ရှူအာဗန်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် MMA ပြိုင်ပွဲတလျှောက် ၁၈ ပွဲနိုင်၊ ၂ ပွဲရှုံး မှတ်တမ်းရှိပြီး ပြိုင်ဘက်ဖြစ်တဲ့ မာနယ်ကပ်ကတော့ ၂၃ ပွဲနိုင်၊ ၇ ပွဲရှုံး မှတ်တမ်းရရှိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013