အိမ်ဖြူတော်မှာ ကျင်းပတဲ့ UFC ပြိုင်ပွဲကို ဒရုန်းတွေ၊ စနိုက်ပါတွေ သုံးပြီး တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုကို ကာကွယ်နိုင်ခဲ့တယ်လို့ FBI က ပြောပါတယ်။ UFC ပြိုင်ပွဲကို တိုက်ခိုက်ဖို့ ကြံစည်သူ ၅ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မဲ့ အစီအစဉ်မှာ အိမ်ဖြူတော် မြောက်ပိုင်းကို ဒရုန်းသုံးပြီး ဖောက်ခွဲမှုတွေ ပြုလုပ်မှာဖြစ်ကာ ပေါက်ကွဲမှုကြောင့် ထွက်ပြေးလာတဲ့သူတွေကို စနိုက်ပါတွေနဲ့ ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ FBI ရဲ့ တရားရုံးစွပ်စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီပွဲကို အသက် ၈၀ ပြည့်မွေးနေ့ ဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လည်း တက်ရောက်ခဲ့ပါတယ်။
UFC ပွဲဟာ အမေရိကန်လွတ်လပ်ရေးနှစ်ပေါင်း ၂၅၀ ပြည့်တဲ့နေ့အဖြစ် ကျင်းပတာဖြစ်ပြီး ရီပတ်ဘလစ်ကန် ထိပ်တန်းအမတ်တွေ၊ အလှူရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူ ၅ ယောက်ဟာ ပူးပေါင်းကြံစည်မှု၊ လိင်ကိစ္စအရှုပ်တော်ပုံတွေနဲ့ နာမည်ကြီးတဲ့ အက်ပ်စတိန်းရဲ့ အမှုကိုင်တွယ်ပုံကို မကျေနပ်တာကြောင့် အခုလို ပြုလုပ်တာ ဖြစ်တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြပါတယ်။
Source: Reuters










