DVB Logo
Home
အားကစား
ဗန်နှင့် ပန်တိုဂျာတို့၏ပွဲ Fight of the Night အဖြစ် ရွေးချယ်ခံရပြီး ဗန်က ကန်ဒေါ်လာ ၆ သိန်းရ
DVB
·
September 21, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့  မြန်မာကိုစားပြုချင်းဖိုက်တာ ဂျော့ရှူအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ရဲ့ ပွဲစဉ်ကို UFC 331 ရဲ့ ကောင်းဆုံးပွဲစဉ် (Fight of the Night) အဖြစ်ရွေးချယ်ပြီး  တယောက်ချင်းကို  အမေရိကန်ဒေါ်လာ ၁  သိန်းစီ အပိုဆုကြေး ပေးခဲ့လို့ ဗန်အနေနဲ့ ကန်ဒေါ်လာ ၆ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

UFC 331 ပြိုင်ပွဲရဲ့ ခေါင်ပွဲအနေနဲ့ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျော့ရှုအာဗန်က ပန်တိုဂျာကို ၅ ချီပြည့် အသာစီးက ထိုးသတ်ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်သွားခဲ့တာပါ။

ဒီပွဲမှာ ဂျော့ရှူအာဗန်ဟာ ထိုးကြေး အနေနဲ့ အမေရိကန်ဒေါ် လာ ၅ သိန်းရရှိခဲ့တဲ့အပြင် Fight of the Night ဆုကြေးအနေနဲ့ ဒေါ်လာ ၁ သိန်း ထပ်မံချီးမြှင့်ခံခဲ့ရတာပါ။

ဂျော့ရှူအာဗန်ဟာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က ပထမအချီမှာတင် အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်လွှဲပြောင်းရယူထားတာဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အလဲထိုးနဲ့ အနိုင်ယူပြီး ခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။

UFC က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဂျော့ရှူအာဗန်ဟာ မ‌နေ့က ပွဲစဉ်တလျှောက် ပန်တိုဂျာရဲ့ ဦးခေါင်းပိုင်းကို အကြိမ် ၁၄၀ အထိ ထိအောင်ထိုးနိုင်ခဲ့ပြီး ပန်တိုဂျာကတော့ ၉၉ ကြိမ် ထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပွဲစဉ် ၅ ချီပြည့်လို့ ဒိုင်အဆုံးအဖြတ်ယူရာမှာ ဒိုင် ၃ ယောက်စလုံးက ဂျော့ရှူအာဗန်ကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

ဂျော့ရှူအာဗန်ဟာ UFC သမိုင်းတလျှောက် ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှရဲ့ ပထမဆုံး အမျိုး သားချန်ပီယံလည်းဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013