DVB Logo
Home
မြန်မာသတင်း
BGF စောချစ်သူ မိသားစုနှင့်  ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း 
DVB
·
July 1, 2025
BGF စောချစ်သူ မိသားစုနှင့်  ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း 
Donate to DVB

ပို့ကုန်ရငွေ ပြန်မဝင်တဲ့ ကုမ္ပဏီ ၂၀၀ နီးပါးကို  စစ်ကောင်စီ ဗဟိုဘဏ်က အမည်ပျက်စာရင်းသွင်းခဲ့တာမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သားသမီး ၃ ဦး စီးပွားရေးတာဝန်ခံ စောမင်းမင်းဦးနဲ့ ဦးထိုက်မောင်တို့နဲ့အတူ သူတို့ရဲ့ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီတို့လည်း ပါဝင်ပါတယ်။ 

နိုင်ငံခြားသုံငွေ စီမံခန့်ခွဲမှုဥပဒေ( FEML) အခန်း ၁၁ အရ သတ်မှတ်ကာလအတွင်း နိုင်ငံတော်ထံ နိုင်ငံခြားသုံးငွေဖြင့် မပေးသွင်းတဲ့ ကုမ္ပဏီ ၁၉၇ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ဇွန် ၂၇ ရက် နေ့စွဲနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ (မှတ်ပုံတင်အမည် ဦးစံမြင့်)  နဲ့ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို အာဏာသိမ်းစစ်ကောင်စီက အမည်မည်းစာရင်းသွင်းပြီး စောချစ်သူရဲ့ သား စောချစ်ချစ်၊ စောထူးအယ်မူး၊ သမီး ဒေါ်နန်းနှင်းနန္ဒာအေး၊ ဒါရိုက်တာ ဦးထိုက်မောင်နဲ့ စီးပွားရေးတာဝန်ခံ စောမင်းမင်းဦးတိုကိုပါ အမည်မည်း စာရင်း ထည့်ထားပါတယ်။

၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်အထိ စိစစ်ချက်တွေအရ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်လုပ်ငန်း‌တွေ လုပ်ဆောင်ထားပေမဲ့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ ၁၉၇ ခုဟာ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေစည်းမျဉ်း‌တွေကို လိုက်နာခြင်း မရှိခဲ့လို့ အမည်ပျက်စာရင်းသွင်းတာလို့  ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေဟာ စီးပွားရေးကဏ္ဍပေါင်းစုံက ဖြစ်ပြီး အများစုက ကုန်သွယ်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ကုန်ထုတ်လုပ်ငန်းတွေ၊ ခရီးသွားလာရေးနဲ့ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ မော်တော်ယာဉ်၊ ဆေးသုတ်ပစ္စည်း၊ လယ်ယာထွက်ကုန်၊ ပို့ဆောင်ရေး၊ အထည်ချုပ်၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ သံမဏိ၊ သတ္တုတူးဖော်ရေးနဲ့ ရေကြောင်းပို့ဆောင်ရေး စတဲ့ အမျိုးမျိုးသော လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ပို့ကုန်လုပ်ငန်းတွေဟာ ပို့ကုန်တင်ပို့ပြီးနောက် ပြန်လည်ရရှိတဲ့ ရငွေတွေကို သတ်မှတ်ထားတဲ့ကာလအတွင်း ပြည်တွင်းမှာရှိတဲ့ သူတို့ရဲ့ ဘဏ်ငွေစာရင်းထဲကို နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်လို့ ဥပဒေအရ ပြဋ္ဌာန်းထားတာပါ။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အာရှနိုင်ငံတွေကို တင်ပို့တာဆိုရင် ပို့ကုန်တင်ပို့တဲ့နေ့ကနေ ရက် ၃၀ အတွင်း၊ တခြားနိုင်ငံတွေကို တင်ပို့ပါက ပို့ကုန်တင်ပို့တဲ့နေ့ကနေ ရက် ၆၀ အတွင်း ထည့်သွင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေကို ဘဏ်ငွေစာရင်းကို ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်ပါက တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်မှာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ယောက်ဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကို ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်း မေ ၅ ရက်စွဲနဲ့ ထုတ် ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013