DVB Logo
Home
နိုင်ငံတကာ
BYD နှင့် တရုတ်ကုမ္ပဏီကြီးများ ပါဝင်သည့် အမည်ပျက်စာရင်း အမေရိကန်ထုတ်ပြန်
DVB
·
June 9, 2026
Photo: REUTERS / NYSE
Photo: REUTERS / NYSE
Donate to DVB

BYD နဲ့ Alibaba အပါအဝင် တရုတ်စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေကို ဇွန် ၈ ရက်မှာ အမေရိကန်စစ်ဌာနချုပ်​က အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက စတင်ခဲ့တဲ့ အဲဒီစာရင်းကို “Section 1260H” လို့ သိထားကြပြီး နှစ်စဉ် အသစ်ပြုစုကာ ထုတ်ပြန်လေ့ရှိပါတယ်။

၂၀၂၅ ခုနှစ်မှာ တရုတ်ကုမ္ပဏီပေါင်း ၁၃၄ ခုသာ ရှိခဲ့ရာကနေ အခုဆိုရင် ၁၈၈ ခုအထိ တက်လာတာကို ပင်တဂွန်ရဲ့ စာရင်းအရ သိရပါတယ်။

“တရုတ်စစ်ဘက်ကုမ္ပဏီများ” ဆိုပြီး သတ်မှတ်ထားတဲ့ စာရင်းထဲက ၈၀ ကျော်ဟာ အမေရိကန်အတွက် စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို တိုက်ရိုက်ပဲဖြစ်စေ သွယ်ဝိုက်ပြီးပဲ ဖြစ်စေ ဆောင်ရွက်ပေးနေ ပါတယ်။

အဲဒီထဲက လုပ်ငန်းတချို့ဆိုရင် AI အသိဉာဏ်ရည်တုနည်းပညာနဲ့ EV လျှပ်စစ်ကား ထုတ်လုပ်တဲ့ ကဏ္ဍတွေမှာပါ အမေရိကန်ကုမ္ပဏီကြီးတွေကို တိုက်ရိုက်ယှဉ်ပြိုင်နေတာ ဖြစ်တဲ့အလျောက် အခုလိုမျိုး ပစ်မှတ်ထားခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ အခွန်နှုန်းထား ကြီးမြင့်မှုကြောင့် BYD လျှပ်စစ်ကား တင်ပို့တာမျိုး မရှိပေမဲ့လည်း Tesla ထက်ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး EV ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

အလားတူ Huawei နဲ့ Tencent လိုမျိုး နည်းပညာလုပ်ငန်းတွေ အပါအဝင် ဒရုန်းထုတ်လုပ်ရာ DJI နဲ့ ဘက်ထရီထုတ်လုပ်တဲ့ CATL စတဲ့ တရုတ်ကုမ္ပဏီကြီးတွေလည်း စာရင်းထဲမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမည်ပျက်စာရင်းထဲ ပါဝင်ရုံနဲ့တင် ချက်ချင်း အရေးယူပိတ်ဆို့ခံရမှာ မဟုတ်သလို အဲဒီကုမ္ပဏီတွေနဲ့ စီးပွားရေးတွဲလုပ်တဲ့အခါ သတိထားဖို့အတွက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဒါဟာ “ခွဲခြားဆက်ဆံတာ” ဖြစ်တဲ့အပြင် သက်ဆိုင်ရာ ပြည်ပနိုင်ငံတွေရဲ့ ဥပဒေကို ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့ အတိအကျ လိုက်နာတယ်လို့ပါ တုံ့ပြန်ထားပါတယ်။

ဒါကြောင့်ပဲ တရုတ်ဘက်ကနေ လက်တုံ့ပြန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်ပြီး အမေရိကန်ကုမ္ပဏီတွေကို သူတို့ကိုယ်ပိုင် အမည်ပျက်စာရင်းထဲ ပြန်ထည့်တာ ဒါမှမဟုတ် သံတမန်ရေးနည်းလမ်းအရ ဖိအားပေးတာမျိုးတွေ လုပ်လာနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013