
မန်ယူနဲ့ ဂျူဗင်တပ် ကွင်းလယ်ကစားသမားဟောင်း ပေါ့ဘာဟာ မိုနာကိုအသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး မွေးရပ်မြေ ပြင်သစ်လိဂ်မှာ ပထမဆုံးအကြိမ် ကစားရတော့မှာဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဘာဟာ မနှစ်က ဂျူဗင်တပ်အသင်းမှာ ကစားစဉ်က တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၁၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
ပွဲပယ်ပြစ်ဒဏ်ပြည့်ပြီးနောက် မွေးရပ်မြေကလပ် မိုနာကိုအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြင်သစ်လီဂူးဝမ်းမှာ ပထမဆုံးအကြိမ် ကစားရတော့မှာပါ။
ပေါ့ဘာဟာ လူငယ်ကစားသမားဘဝကို မန်ယူ၊ ဂျူဗင်တပ်အသင်းတွေနဲ့ စတင်ခဲ့ပြီး အဲဒီ ၂ သင်းမှာပဲ ကစားခဲ့ဖူးတာပါ။
လက်ရှိအချိန်မှာ မိုနာကိုအသင်းဆီ ပြောင်းရွှေ့ခဲ့တာကြောင့် ကစားသမားဘဝ သက်တမ်းတလျှောက် မွေးရပ်မြေ ပြင်သစ်လိဂ်မှာ ပထမဆုံး ကစားခွင့်ရလာတော့မှာ ဖြစ်ပါတယ်။