DVB Logo
Home
အားကစား
ချင်းဖိုက်တာ ဂျိူရူအာဗန် UFC ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်ခွင့်ရမည်
DVB
·
July 1, 2025
ချင်းဖိုက်တာ ဂျိူရူအာဗန် UFC ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်ခွင့်ရမည်
Donate to DVB

မြန်မာနိုင်ငံကိုယ်စားပြု ချင်းတိုင်းရင်းသား ဂျိူရူအာဗန်ဟာ UFC ဖလိုင်းဝိတ်ချန်ပီယံစိန်ခေါ်ပွဲ အဖြစ် လက်ရှိချန်ပီယံ  ဘရာဇီးဖိုက်တာ ပန်တိုယာနဲ့ ထိုးသတ်ခွင့်ရမှာဖြစ်ပါတယ်။

ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ UFC ပွဲမှာ ဂျိုရူအာဗန်က ခါးပါတ်စိန်ခေါ်နိုင်သူ အဆင့် ၁ မှာရှိနေတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရိုင်ဗယ်ကို အမှတ်နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလုပွဲ ထိုးသတ် ခွင့်ရရှိခဲ့တာပါ။

ဗန်ရဲ့ပွဲစဉ်ပြီးနောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုယာဟာလည်း စိန်ခေါ်သူ အိုလီဗီယာကို အနိုင်ရပြီး ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ခဲ့ပါတယ်။

အဲဒီပွဲစဉ် အပြီးမှာပဲ ချန်ပီယံစိန်ခေါ်သူဖြစ်လာမယ့် ဗန်ကို ကြိုးဝိုင်စင်ပေါ် ဖိတ်ခေါ်ခဲ့ပြီး အစီအစဉ်တင်ဆက်သူက မိတ်ဆက်ပေးခဲ့ပါတယ်။

ပန်တိုယာဟာ ခမ်းနားကြီးကျယ်တဲ့ချန်ပီယံဖြစ်ပေမဲ့ မိမိကို ဘယ်တော့မှာ ယှဉ်ပြိုင်ထိုးသတ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဗန်က စိန်ခေါ်စကားပြောခဲ့ပါတယ်။

ပန်တိုယာကတော့ ဗန်ဟာ ချန်ပီယံကို စိန်ခေါ်ဖို့ ထိုက်တန်ပြီး မိမိကိုယ်ကိုယ်နှိမ့်ချတတ်သူဖြစ်ကြောင်း ချီးကျူးသွားပါတယ်။

ဗန်နဲ့ ပန်တိုယာတို့ရဲ့ ဖလိုင်းဝိတ်ချန်ပီယံရွှေခါးပတ်စိန်ခေါ်ပွဲကို ဘယ်အချိန်မှာ ထိုးသတ်မလဲဆိုတာ ကတော့ UFC ဘက်ကမထုတ်ပြန်သေးပါဘူး။

ဗန်ဟာ UFC ၅ ပွဲဆက်တိုက် အနိုင်ရခဲ့တာကြောင့်လည်း ချန်ပီယံဆုနဲ့ လက်တကမ်းအကွာကို ရောက်ရှိလာတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013