
နီကိုဝီလီယံ ကိုခေါ်ယူဖို့ အတိအလင်းလုပ်ဆောင်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အရေးယူဖို့ ဘီလ်ဘာအို အသင်းက လာလီဂါအဖွဲ့ချုပ်ဆီ တိုင်ကြားစာပို့ခဲ့ပါတယ်။
ဘာစီလိုနာဟာ ဘီလ်ဘာအိုအသင်းက စပိန်ကြယ်ပွင့် နီကိုဝီလီယံကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အားကစားဒါရိုက်တာ ဒေကိုက လူသိရှင်ကြား ပြောခဲ့သလို ခွင့်ပြုချက်မရှိဘဲ ကစားသမားဖြစ်သူနဲ့ ဆွေးနွေးခဲ့တာပါ။
ဘာစီလိုနာ အသင်းအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို လက်တလုံးခြားလုပ်ဆောင်ပြီး နီကိုဝီလီယံကို ခေါ်ယူဖို့ လုပ်ဆောင်နေသလို စာချုပ်သက်တမ်းရှိနေတဲ့ကစားသမားကို ခေါ်ယူဖို့ ဆွေးနွေးခဲ့တာက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်လို အရေးယူပေးဖို့ ဘီလ်ဘာအိုအသင်းက လာလီဂါဆီ တိုင်ကြားခဲ့တာပါ။
နီကိုဝီလီယံဟာ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ အသင်းနဲ့စာချုပ်သက်တမ်းကျန်ရှိနေတဲ့ကစား သမားဖြစ်ကြောင်းလည်း ဘီလ်ဘာအိုအသင်းက ထုတ်ပြန်သွားပါတယ်။