
ပီအက်စ်ဂျီနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာ အသင်းဖော်ဟောင်းတွေကို မက်ဆီက ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။
ဇွန် ၂၉ ရက်က ယှဉ်ပြိုင်သွားတဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပီအက်စ်ဂျီက အင်တာမိုင်ယာမီကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ပွဲအပြီးမှာတော့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း မက်ဆီဟာ အသင်းဟောင်းနည်းပြ လူးဝစ်အင်နရီကေး အပါအဝင် ဒမ်ဘီလီ၊ ကင်ပမ်ဘီ၊ ဂိုးသမား ဒွန်နာရမ်မာတို့နဲ့ ဖက်လဲတကင်း နှုတ်ဆက်ခဲ့တာပါ။
ဘာစီလိုနာမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တွဲဖက်ကစားခဲ့တဲ့ ဒမ်ဘီလီနဲ့လည်း ဂျာစီချင်း လဲခဲ့ပြီး ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီဂျာစီကို မက်ဆီက ဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီမှာရှိစဉ်က အသင်းရဲ့ အမြင့်ဆုံးရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခြင်း မရှိခဲ့ပေမဲ့ နာမည်ကျော်တွေ မရှိတော့တဲ့အချိန်မှာ ဒမ်ဘီလီက ဦးဆောင်ပြီး ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။