
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ဒီနေ့မနက်စောပိုင်းမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာတို့ ကစားခဲ့ရာမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းက ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိသွား ပါတယ်။
ပီအက်စ်ဂျီအသင်းအတွက် ဦးဆောင်ဂိုးကို ဒူအေးက သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းက အက်စ်ပတ်တ်နဲ့ လာမိန်း ယာမဲလ် တို့ရဲ့ ဂိုးတွေနဲ့ ပြန်လည်ချေပခဲ့ပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီဘက်က ဟာနန်ဒက်ဇ်၊ ဗီတင်ဟာနဲ့ ဖာဘီယန် ရူးဇ်တို့က ဆက်တိုက် ဂိုးတွေ သွင်းယူခဲ့တာကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီရဲ့ အနိုင်ယူမှုကြောင့် ဘာစီလိုနာရဲ့ ၁၁ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကတော့ ဥရောပ ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၉ မှတ် ရရှိ ထားပါတယ်။
Photo:Reuters











