Home
အားကစား
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှု အဆိုးရွားဆုံးစိတ်ကူးဖြစ်ဟု ကလော့ပ် ဝေဖန်
DVB
·
June 30, 2025
Photo: Reuters/Peter Cziborra

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုဟာ  ဘောလုံးလောကသမိုင်းတလျှောက် အဆိုးရွားဆုံးစိတ်ကူး ဖြစ်ကြောင်း လီဗာပူးနည်းပြဟောင်း ယာဂန်ကလော့ပ်က ဝေဖန်သွားပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ အခုနှစ်ကစတင်ပြီး အသင်းအရေအတွက် ၃၂ သင်းအထိ တိုးမြှင့်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပနေတာပါ။

ကလပ်ကမ္ဘာ့ဖလားပွဲတွေကြောင့် ကစားသမားတွေ ဒဏ်ရာပြဿနာကြုံတွေ့မှာကို စိုးရိမ်မိပြီး ပြိုင်ပွဲအတွင်းမှာ ဒဏ်ရာမရဘူးဆိုရင်လည်း ရှေ့လာမယ့် ပြိုင်ပွဲတွေမှာ ဒဏ်ရာပြဿနာတွေရှိ လာနိုင်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။

ပြိုင်ပွဲဝင်ကြေးရရှိပေမဲ့ ကလပ်အသင်းအားလုံးညီတူညီမျှရတာလည်း မဟုတ်ကြောင်း ကလော့ပ်က ဝေဖန်ပါတယ်။

ကလော့ပ်ဟာ ရတ်ဒ်ဘူးလ်ဘောလုံးအသင်းတွေရဲ့ အကြီးအကဲအဖြစ် တာဝန်ယူနေသူဖြစ်ပြီး သြစတြီးယားကလပ် ရတ်ဘူးလ်ဆဲလ်ဘက်က ကလပ်ကမ္ဘာ့ဖလား ဝင်ပြိုင်ခဲ့ပေမဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024