
ဂျာမနီအသင်း နည်းပြ ယာဂန်ကလော့ပ်က ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနေရာမှာ တခြားသူတယောက် ပြောင်းလဲခန့်အပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဘလက်တာ ထက် ပိုဆိုးမဲ့သူ မရှိတော့ဘူးလို့ ထင်ခဲ့ပေမဲ့ အင်ဖန်တီနိုက ပိုဆိုးအောင် လုပ်ပြခဲ့တယ်လို့ လီဗာပူးနည်းပြဟောင်း ကလော့ပ်က ဝေဖန်ခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလား မူပိုင်ခွင့်အချို့ကို ပုဂ္ဂလိကဆီ ရောင်းချမဲ့အစီအစဉ်ကြောင့် ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကလော့ပ်ကတော့ ဘောလုံးလောက အနာဂတ်ကို စိတ်ဝင်စားပြီး ငွေကြေးအမြတ်အစွန်း မကြည့်တဲ့သူ ဥက္ကဋ္ဌ ဖြစ်လာရင် ပိုကောင်းမယ်လို့ ဆိုပါတယ်။
လာမဲ့ မတ်လ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အင်ဖန်တီနိုကို ယှဉ်ပြိုင်ဖို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖိလစ်ဒီယေလိုကို ယူအီးအက်ဖ်အေက ထောက်ခံထားပါတယ်။
အာဆင်နယ် နည်းပြဟောင်း ဝင်းဂါးကတော့ ဒီပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။











