ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို တရားစွဲ ကန့်ကွက်ရန် FA စဉ်းစားခဲ့
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ၄ ကြိမ်မြောက် သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ဥပဒေကြောင်းအရ ကန့်ကွက်ဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စဉ်းစားခဲ့တယ်လို့ BBC Sport သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ လာမဲ့ မတ်လ ရွေးကောက်ပွဲမှာ အင်ဖန်တီနို ဝင်ပြိုင်တာကို တားဆီးဖို့ ကြိုးပမ်းမှုဟာ အောင်မြင်နိုင်ခြေ နည်းတယ်လို့ FA က ယူဆနေတာပါ။
၂၀၁၆ ကနေ ၂၀၁၉ အထိ သူ့ရဲ့ ပထမသက်တမ်းကို ထည့်မတွက်ဖို့ ဖီဖာကောင်စီက ၂၀၂၂ ခုနှစ်မှာ သဘောတူထားတာကြောင့် ဥပဒေအရ ကန့်ကွက်ရင်လည်း အောင်မြင်မှာမဟုတ်ဘူးလို့ FA ဥက္ကဋ္ဌ ဒက်ဘီ ဟျူးဝစ်က Fair Square အဖွဲ့ကို အကြောင်းပြန်ထားပါတယ်။
ဒါပေမဲ့ FA အနေနဲ့ အင်ဖန်တီနို ပြန်အရွေးခံရမှာကို ဆက်လက်ကန့်ကွက်နေပြီး ပြိုင်ဘက်ဖြစ်တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖိလစ်ဒိုင်ယာလိုကို အပြည့်အဝ ထောက်ခံသွားမယ်လို့ သိရပါတယ်။
Source: BBC Sport











