
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုအနေနဲ့ အုပ်ချုပ်မှုဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေကို နိုဝင်ဘာ ၂ ရက် အထိ နောက်ဆုံးထားထုတ်ပြန်ပေးဖို့ ဥရောပဘောလုံးအဖွဲချုပ် (UEFA)က တောင်းဆို လိုက်ပါတယ်။
ဖီဖာအဖွဲ့ချုပ်အတွင်းရှိ ပွင့်လင်းမြင်သာမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းပေါင်း ၄၂ ခုကို UEFA ကစာနဲ့ တောင်းဆိုထားတာပါ။
ဒီမေးခွန်းတွေထဲမှာ အမေရိကန်တိုက်စစ်မှူး ဘာလိုဂွန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့ ကိစ္စ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီအစဉ်တွေနဲ့ အင်ဖန်တီနိုရဲ့ လစာငွေပေးချေမှုကိစ္စတွေ ပါဝင်နေပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲချုပ်ဥက္ကဋ္ဌ ဒက်ဘီဟူးဝစ်ကတော့ အင်ဖန်တီနိုအနေနဲ့ ဒီမေးခွန်းတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိပါက ဖီဖာဥက္ကဋ္ဌရာထူးနဲ့ မထိုက်တန်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။
Photo:Reuters











