
အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးဟာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့ အစီအစဉ်ကို ငြင်းပယ်လိုက်ပါတယ်။
ဝင်းဂါးဟာ လက်ရှိမှာ ဖီဖာရဲ့ ကမ္ဘာ့ဘောလုံးဖွံ့ဖြိုးရေး တာဝန်ခံ ဖြစ်ပါတယ်။ အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားဘောလုံးပွဲ စီးပွားရေး မူပိုင်ခွင့် ရောင်းချမဲ့အစီအစဉ် ပျက်စီးခဲ့ပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဝင်းဂါးရဲ့ ဆုံးဖြတ်ချက်ဟာ ၄ ကြိမ်မြောက် ဥက္ကဋ္ဌ ဖြစ်လာဖို့ ကြိုးစားနေတဲ့ အင်ဖန်တီနိုအတွက် အားသာချက် ဖြစ်သွားပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေကတော့ ဝင်းဂါးကို ထောက်ခံဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဝင်းဂါးက ဝင်မပြိုင်တော့တဲ့အတွက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးရက် မတိုင်ခင် အစားထိုး ယှဉ်ပြိုင်မဲ့သူကို ယူအီးအက်ဖ်အေက ရှာဖွေနေပါတယ်။
ဝင်းဂါးကတော့ ပျက်ပြယ်သွားခဲ့တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိဘဲ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ဖီဖာအဖွဲ့အစည်း ဖြစ်ဖို့သာ လိုလားကြောင်း ပြောပါတယ်။











