
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို စွဲဆိုတဲ့ အမှုအတွက် ဘန်ကောက်မှာရှိတဲ့ ရာဇဝတ်တရားရုံးက ဇူလိုင် ၁ ရက်မှာ ပထမဆုံး စတင်ကြားနာခဲ့ပါတယ်။
သက်ဆင်ရဲ့ရှေ့နေ ဝင်ယတ် ချာမွန်ထရီနဲ့ သူ့ယောက္ခမ ၀န်ကြီးချုပ်ဟောင်း ဆွန်မ်ချိုင်း ဝုန်ဆာဝတ်တို့ တရားရုံးကို ရောက်လာတာကိုလည်း မြင်တွေ့ရပါတယ်။
သက်ဆင်ကိုယ်တိုင် တရားရုံးထဲဝင်လာတာကို မတွေ့ခဲ့ရပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ကားကို ကားပါကင်မှာ တွေ့ခဲ့ရပါတယ်။
သက်ဆင်ကို စွဲဆိုတဲ့အမှုဟာ ၂၀၁၅ မှာ မီဒီယာအင်တာဗျူးကြောင့် ထွက်ပေါ်လာတာပါ။ သက်ဆင်ဟာ အကျိုးစီးပွားပဋိပက္ခနဲ့ အာဏာအလွဲသုံးစားမှုတို့ကြောင့် ထောင်ဒဏ်ကျခံဖို့ ၂၀၂၃ ခုနှစ်မှာ သူကိုယ်တိုင် ပြည်ပြေးလုပ်နေရာက ပြန်လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ နိုင်ငံရေးဩဇာကြီးသူ သက်ဆင်ဟာ ဆေးရုံမှာ ၆ လကြာ နေထိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီတရားခွင်က ဆုံးဖြတ်ချက်ဟာ သူရထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ဖျက်နိုင်ပါတယ်။
Source: Reuters