
ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဂျေမီဂစ်တန်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ မန်စီးတီးအကယ်ဒမီထွက် ကစားသမားဟာ ချဲလ်ဆီးနဲ့ ၇ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ဆန်ချိုကို မန်ယူအသင်းဆီ ပြန်လည်စေလွှတ်ခဲ့ပြီး မူဒရစ်ကလည်း ပွဲပယ်ပြစ်ဒဏ် ကျခံနေရတာကြောင့် ဘယ်တောင်ပံတိုက်စစ်နေရာအတွက် ဂစ်တန်စ်ကို ခေါ်ယူခဲ့ တာပါ။
အင်္ဂလန် ယူ-၂၁ ကစားသမားဟာ မနှစ်က ဒေါ့မွန်အတွက် ၄၉ ပွဲအထိကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။