DVB Logo
Home
အားကစား
အမျိုးသမီး အာရှဖလား ခြေစစ်ပွဲတွင် မြန်မာက တာ့ခ်မင်နစ္စတန်ကို ၈ ဂိုးပြတ်နိုင်
DVB
·
June 30, 2025
အမျိုးသမီး အာရှဖလား ခြေစစ်ပွဲတွင် မြန်မာက တာ့ခ်မင်နစ္စတန်ကို ၈ ဂိုးပြတ်နိုင်
Donate to DVB

ရန်ကုန် သုဝဏ္ဏအားကစားကွင်းမှာ ဇွန် ၂၉ ရက် ညနေက ယှဉ်ပြိုင်ကစားတဲ့ 2026 AFC အမျိုးသမီး အာရှဖလား ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက တာ့ခ်မင်နစ္စတန် အမျိုးသမီးအသင်းကို ၈ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ တာ့ခ်မင်နစ္စတန် အမျိုးသမီးအသင်းကို ပထမပိုင်းကတည်းက ၄ ဂိုးပြတ် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၄ ဂိုး ထပ်မံသွင်းယူခဲ့တာပါ။

မြန်မာအသင်းအတွက် ဝင်းဝင်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ခင်မိုမိုထွန်းက ၂ ဂိုး၊ ဆန်းသော်သော်၊ မေထက်လူနဲ့ ရွှေရည်ထွန်းတို့က တဂိုးစီ သွင်းယူပေးခဲ့ကြတာပါ။

2026 AFC အမျိုးသမီး အာရှဖလား ခြေစစ်ပွဲ အုပ်စု C မှာ မြန်မာက ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုပွဲစဉ်ဟာ အဖွင့်ပွဲစဉ် ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ၃ မှတ်ရရှိခဲ့ပြီး ဂိုးကွာခြားချက်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013