
ရန်ကုန် သုဝဏ္ဏအားကစားကွင်းမှာ ဇွန် ၂၉ ရက် ညနေက ယှဉ်ပြိုင်ကစားတဲ့ 2026 AFC အမျိုးသမီး အာရှဖလား ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက တာ့ခ်မင်နစ္စတန် အမျိုးသမီးအသင်းကို ၈ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ တာ့ခ်မင်နစ္စတန် အမျိုးသမီးအသင်းကို ပထမပိုင်းကတည်းက ၄ ဂိုးပြတ် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၄ ဂိုး ထပ်မံသွင်းယူခဲ့တာပါ။
မြန်မာအသင်းအတွက် ဝင်းဝင်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ခင်မိုမိုထွန်းက ၂ ဂိုး၊ ဆန်းသော်သော်၊ မေထက်လူနဲ့ ရွှေရည်ထွန်းတို့က တဂိုးစီ သွင်းယူပေးခဲ့ကြတာပါ။
2026 AFC အမျိုးသမီး အာရှဖလား ခြေစစ်ပွဲ အုပ်စု C မှာ မြန်မာက ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုပွဲစဉ်ဟာ အဖွင့်ပွဲစဉ် ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ၃ မှတ်ရရှိခဲ့ပြီး ဂိုးကွာခြားချက်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။