Search Results For: နော့ဝှစ်ချ်
ဘူအန်ဒီကို ခေါ်မည့်ကိစ္စ နော့ဝှစ်ချ်မန်နေဂျာက အာဆင်နယ်ကို သတိပေး ‌
အိုဇေးလ်နေရာမှာ အစားထိုးဖို့အတွက် နော့ဝှစ်ချ် ကွင်းလယ်လူ အီမီလီယာနို ဘူအန်ဒီကို အခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကိစ္စကို မေ့ပစ်လိုက်ဖို့ နော့ဝှစ်ချ်မန်နေဂျာ ဒန်နီယယ်ဖာကီက အာဆင်နယ်အသင်းကို သတိပေးလိုက်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲတဲ့သီတင်းပတ်ကုန်ပိုင်းမှာ တူရကီကို ထွက်ခွာသွားခဲ့ပြီး ဖီနာဘာချီအသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ကိစ္စကလည်း သေချာသလောက်ရှိနေပါပြီ။  ဒါကြောင့် အာတီတာက အသင်းမှာ လစ်လပ်သွားတဲ့ ဖန်တီးရှင်နေရာကို အစားထိုးဖို့ ကြံရွယ်လာတာဖြစ်ပြီး နော့ဝှစ်ချ် ကွင်းလယ်လူ ဘူအန်ဒီက သူ့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။  ဘူအန်ဒီဟာ ပြီးခဲ့တဲ့ရာသီ နော့ဝှစ်ချ် ပရီးမီးယားလိဂ်မှာ ရှိနေစဉ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ‌နော့ဝှစ်ချ်က သူ့အတွက် ပေါင်သန်း ၄၀ လောက် လိုချင်နေပါတယ်။ လက်ရှိအချိန်မှာ နော့ဝှစ်ချ်အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာကို ၄ မှတ်အသာနဲ့ ရပ်တည်နေပြီး သူတို့အသင်းအတွက် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်တဲ့ အခွင့်အရေးကို အလောင်းအစားလုပ်ပြီး ဘူအန်ဒီကို ရောင်းချသွားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ဖာကီက ပြောပါတယ်။  “ဒီလထဲမှာ ဘူအန်ဒီနဲ့ပတ်သက်ပြီး ဘာမှဖြစ်လာနိုင်စရာ မရှိပါဘူး။ စီးပွားရေးကိစ္စတွေမှာ ခင်ဗျားအနေနဲ့ ဘယ်အရာကိုမှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝအာမခံလို့ မရဘူးဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျနော် ၉၉ ရာခိုင်နှုန်း အာမခံနိုင်ပါတယ်” လို့ နော့ဝှစ်ချ်မန်နေဂျာက အင်္ဂါနေ့မှာ ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် အခုချိန် ကျနော်တို့အသင်းကနေ ကစားသမားတွေ ထွက်ခွာဖို့ကိစ္စဟာ အဓိပ္ပာယ်မရှိသလို၊ အသင်းဘက်က ရောင်းချဖို့ဆိုတာလည်း အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ အခု ဇန်နဝါရီလကုန်ပိုင်းကို ရောက်နေပြီး ဘောလုံးရာသီက နောက် ၄ လကြာရင် ပြီးဆုံးတော့မှာပါ။ ခင်ဗျားကို ကျနော်တို့ထက် ပိုကြီးတဲ့အသင်းတသင်းက လိုချင်နေပြီ ဆိုပါစို့။ ခင်ဗျားက သူတို့အတွက် ရေရှည်ဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်လို့ ပြောရင် အပြောင်းအရွှေ့ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အခု လိုနေတာ အောင်မြင်မှုပါ။ ပိုက်ဆံ မဟုတ်ပါဘူး။ ဒါကြောင့် အဓိက ကစားသမားတွေကို ရောင်းပြီးတော့ မစွန့်စားပါဘူး။ ကျနော်တို့က ဘဏ်မဟုတ်သလို၊ ဝင်ငွေကို အမြင့်ဆုံးအထိ ဆွဲတင်ဖို့လုပ်နေတာလည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ပြီး အောင်မြင်မှုတွေ အမြင့်ဆုံးထိရောက်ဖို့ ပစ်မှတ်ထားနေတာပါ‌။ ကျနော်တို့ ကစားသမားတစ်ယောက်ကို ရောင်းထုတ်လိုက်တာက ပရောဂျက်တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ဒါဟာ အဓိပ္ပါယ်မရှိပါဘူး” လို့လည်း ဖာကီက ဆက်လက်ပြောဆိုပါတယ်။
4 months Ago
နော့ဝှစ်ချ် နောက်ခံလူ မက်အာရွန်ကို ခေါ်ယူရန် ဘာစီလိုနာ သဘောတူ
ဘာစီလိုနာအသင်းဟာ နော့ဝှစ်ချ် ညာနောက်ခံလူ မက်အာရွန်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ Sport မီဒီယာရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အေဂျက်ဇ်နောက်ခံလူ ဆာဂျင်နိုဒက်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက် နော့ဝှစ်ချ် နောက်ခံလူ မက်အာရွန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကတည်းက မက်အာရွန်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ဘာစီလိုနာက ကမ်းလှမ်းခဲ့ပေမယ့် နော့ဝှစ်ချ်အသင်းက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန် ယူ-၂၁ လက်ရွေးစင် မက်အာရွန်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲ ကစားပေးခဲ့ပါတယ်။ အခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲ ၂ ပွဲမှာလည်း နော့ဝှစ်ချ်အသင်းနဲ့အတူ ပါဝင်ကစားထားပါတယ်။
8 months Ago
ဝက်စ်ဟမ်းကို ရှုံးခဲ့သည့် နော့ဝှစ်ချ်အသင်း တန်းဆင်းရပြီ
မနေ့ကပွဲစဉ်မှာ နော့ဝှစ်ချ်စီးတီးက ဝက်စ်ဟမ်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန် ၃ ပွဲအလိုမှာ တန်းဆင်းခဲ့ရပြီ ဖြစ်ပါတယ်။ ပွဲစဉ် ၃၅ အပြီးမှာ ၅ ပွဲနိုင်၊ ၆ ပွဲ သရေ ၂၄ ပွဲ ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၂၁ မှတ်နဲ့ တန်းဆင်းခဲ့ရတာပါ။ ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ချိန်ကတည်းကနေ ပရီးမီးယားလိဂ် ၆ ပွဲနဲ့ အက်ဖ်အေပွဲစဉ် တစ်ပွဲအပါအဝင် စုစုပေါင်း ၇ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။ ပွဲစဉ် ၃၅ အပြီးမှာ ရဂိုး ၂၆ ဂိုးသာ ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ လက်ကျန် ၃ ပွဲအလိုမှာ အဆင့် ၁၇ နေရာက ဝက်ဖို့ဒ်နဲ့ ၁၃ မှတ်အထိ ကွာဟခဲ့ပါတယ်။  နော့ဝှစ်ချ် နည်းပြ ဒယ်နီရယ်ကတော့ လုံလောက်တဲ့ ခြေစွမ်းမရှိတဲ့အပေါ်မှာ စိတ်ပျက်မိပြီး ဒီရာသီကနေ သင်ခန်းစာတွေရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လက်ကျန်တန်းဆင်းရမယ့် ၂ နေရာမှာ ဘုန်းမောက်နဲ့ အက်စ်တွန်ဗီလာတို့ ရပ်တည်နေပြီး တန်းဆင်းဇုန်က လွတ်မယ့်အဆင့် ၁၇ နေရာက တပွဲပိုကစားထားတဲ့ ဝက်ဖို့ဒ်နဲ့ ၆ မှတ်နဲ့ ၇ မှတ် အသီးသီး ကွာဟနေပါတယ်။
10 months Ago
နော့ဝှစ်ချ်ကို ခက်ခက်ခဲခဲအနိုင်ယူပြီး  မန်ယူနိုက်တက် FA ဖလား ဆီမီးတက် (ရုပ်သံ)
မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းက နော့ဝှစ်ချ်ကို ခက်ခက်ခဲခဲ ကစားပြီး ဆီမီးဖိုင်နယ်တက်သွားပါတယ်။  မန်ယူအသင်းဟာ အဝေးကွင်းပွဲစဉ်ဖြစ်တဲ့အပြင် ပွဲထွက်လူစာရင်းကိုလည်း ၈ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာပါ။  ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ ဖာနန်ဒက်စ်တို့ကို ဆက်လက်အသုံးပြုခဲ့ပြီး အီဂါလို၊ လင်ဂတ်၊ မာတာတို့ရဲ့ တိုက်စစ်နဲ့ ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။  ပွဲချိန် ၅၁ မိနစ်မှာ အီဂါလိုက မန်ယူအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ ကမ့်ဝဲလ်က နေ့ာဝှစ်ချ်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။  ပွဲချိန်အတွင်း သရေကျနေလို့ အချိန်ပိုဆက်ကစားခဲ့ရပြီး ၁၁၈ မိနစ်မှာ မက်ဂွိုင်းယားက အနိုင်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။  ကွာတားဖိုင်နယ်ပွဲတွေကို ဒီကနေ့ည ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ရှက်ဖီးနဲ့ အာဆင်နယ်၊ လက်စတာနဲ့ ချဲလ်ဆီးတို့ ပွဲတွေ ရှိပါတယ်။ နယူးကာဆယ်နဲ့ မန်စီးတီးပွဲကိုတော့ ဇွန်လ ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
10 months Ago
လီဗာပူးက နော့ဝှစ်ချ်ကို မာနေး၏သွင်းဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက နော့ဝှစ်ချ်ကို မာနေးရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။  လီဗာပူးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၂၀ က နော့ဝှစ်ချ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစား ဝင်ကစားတဲ့ မာနေးက သွင်းယူနိုင်ခဲ့လို့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာပါ။ မာနေးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီး လီဗာပူးအတွက် ၇၅ ဂိုး၊ အသင်းဟောင်း ဆောက်သမ်တန်အတွက် ၂၅ ဂိုး သွင်းယူခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို တပွဲပိုကစားပြီး ၂၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ် ကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်တခုမှာတော့ ဆောက်သမ်တန်က အိမ်ကွင်းမှာ ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
1 year Ago
ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကို နယူးကာဆယ်အသင်း ခေါ်ယူ
နယူးကာဆယ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လန်ဝီလ်ဆင်ကို စတာလင်ပေါင် သန်း ၂၀ နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ၄ ပွဲ ကစားခွင့်ရသူ ဖြစ်ပါတယ်။ သူဟာ ဘုန်းမောက်အသင်းအတွက် စုစုပေါင်း ၁၈၇ ပွဲ ကစားပေးထားပြီး ၆၇ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဝီလ်ဆင်ကို အက်စတွန်ဗီလာအသင်းကလည်း ခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က နယူးကာဆယ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ ဝီလ်ဆင်ဟာ စတိဗ်ရဲ့ ဒီနွေရာသီ ၃ ဦးမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာပါတယ်။ သူ့မတိုင်ခင် ကွင်းလယ်လူ ဂျက်ဖ်ဟန်းဒရစ်၊ ဂိုးသမား မက်ခ်ဂီလက်ပီတို့ကိုလည်း ခေါ်ယူအားဖြည့်ခဲ့ပြီး ဖြစ်ပါတယ်။  တိုက်စစ်မှူး ဝီလ်ဆင်က “နယူးကာဆယ်အသင်းက ကျနော့်ကို စိတ်ဝင်စားနေတယ်လို့ စသိ ကတည်းက ဒါဟာ ကျနော့်ကို လုံးဝ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ အစဉ်အလာကြီးမားတဲ့ အသင်းကောင်းတသင်းပါ။ သမိုင်းကြောင်းတလျှောက်မှာလည်း ဒီအသင်းမှာ ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးတွေ ရှိခဲ့ပါတယ်။ အဲဒီ တိုက်စစ်မှူးတွေလိုမျိုး အောင်မြင်မှုရရှိအောင် ကြိုးစားသွားချင်ပါတယ်” လို့ အသင်းရဲ့ဝဘ်ဆိုဒ်မှာ ပြောပါတယ်။  နယူးကာဆယ်အသင်း မန်နေဂျာ စတိဗ်ဘရုစ်ဟာ နော့ဝှစ်ချ်အသင်းရဲ့ ဘယ်နောက်ခံလူ ဂျာမယ်လူးဝစ္စ၊ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုင်ရယ်ဖရေဇာတို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပြီး ဝီလ်ဆင်ကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။  ဝီလ်ဆင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့  နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိတဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာက အမေရိကန်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကိုတော့ ဘူဂေးလ်ရီးယားအသင်းနဲ့ ၂၀၁၉ အောက်တိုဘာလပွဲစဉ်မှာ ကစားခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ တန်းဆင်းသွားတဲ့ ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမား ထွက်ခွာမှုတွေထဲက တစ်ခုဖြစ်ပြီး သူ့မတိုင်ခင် နောက်ခံလူ နာသန်အကီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ကာ ဂိုးသမား အာရွန်ရမ်းစ်ဒါလီကလည်း ရှက်ဖီးလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
8 months Ago
လီဗာပူးအသင်းက အိုလံပီယာကော့စ် နောက်ခံလူကို ခေါ်ယူရန် နီးစပ်နေ
အိုလံပီယာကော့စ်အသင်းရဲ့ ဘယ်နောက်ခံလူ ကော့စ်တက်စ် တက်စီမီကတ်ဟာ လီဗာပူးအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ Goal သတင်းမှာ ဖော်ပြပါတယ်။  သူဟာ လီဗာပူးအသင်းရဲ့ အခုနွေရာသီပထမဆုံး  ကစားသမားခေါ်ယူမှု ဖြစ်လာမယ့်သူပါ။ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၁ ဒသမ ၇၅ သန်းဖြစ်ပြီး ဘယ်နောက်ခံလူ ရော်ဘတ်ဆန်အတွက် အရန်ကစားသမားအဖြစ် အသုံးပြုဖို့ ခေါ်ယူမှာဖြစ်ပါတယ်။ ကစားသမားဟာ ဒီသီတင်းပတ်အစောပိုင်းမှာ အသင်းနဲ့အတူဆေးစစ်မှုခံယူမှာဖြစ်ပြီး ဆေးစစ်မှုပြီးပါက အပြောင်းအရွှေ့ကို တရားဝင်ထုတ်ပြန်ကြေညာသွားမယ်လို့ ယူဆရပါတယ်။  လီဗာပူးအသင်းဟာ တက်စီမီကတ်မတိုင်ခင် နော့ဝှစ်ချ်အသင်းရဲ့နောက်ခံလူ ဂျာမယ်လူးဝစ္စကို ကြိုးစားခဲ့ပြီး ပြောင်းရွှေ့ကြေး အဆင်မပြေခဲ့တာကြောင့် ဂရိလက်ရွေးစင်ကို ပြောင်းလဲခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  အသက် ၂၄ နှစ်အရွယ် တက်စီမီကတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အိုလံပီယာကော့စ် အသင်းအတွက် ၄၆ ပွဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။  နောက်ခံအင်အားကို ဖြည့်တင်းဖို့ ကြိုးစားနေတဲ့ လီဗာပူးအသင်းဟာ ရီးရဲလ်ကနေ ဆီဗီလာအသင်းကို အငှားထွက်ကစားနေတဲ့ ဆာဂျီယိုရီဂူလင်ကိုလည်း စောင့်ကြည့်နေပြီး ခေါ်ယူဖို့ အဲဗာတန်၊  ချဲလ်ဆီး စတဲ့အသင်းတွေနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  တက်စီမီကတ် ရောက်ရှိလာခဲ့မယ်ဆိုရင် လီဗာပူးအသင်းရဲ့ လူငယ်နောက်ခံလူ ယတ်ဆာလာရိုစီဟာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်သွားမှာပါ။  ကစားသမားအသစ်မခေါ်ယူရသေးတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းကနေ ဒီနွေရာသီမှာ နောက်ခံလူ လိုဗရန်၊ ကွင်းလယ်လူ လယ်လာနာတို့ ထွက်ခွာသွားခဲ့ပြီး ကလိုင်းနဲ့ လိုနာဂန်တို့ဟာလည်း စာချုပ်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် ဒီနွေရာသီမှာ ကစားသမားအသစ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ရမှာ ဖြစ်ပါတယ်။‌
9 months Ago
ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အသင်းလက်ထဲတွင်သာရှိဟု  ချဲလ်ဆီးနည်းပြ လမ်းပတ် သုံးသပ်
မန်စီးတီးအသင်းရဲ့ ဥရောပဝင်ခွင့် ပိတ်ပင်ခံထားရမှု ပြန်လည်ပယ်ဖျက်ခဲ့တဲ့အပေါ်မှာ ချဲလ်ဆီးအသင်းအတွက် စိုးရိမ်စရာမရှိဘဲ လက်ကျန်ပွဲစဉ်တွေကို အနိုင်ကစားဖို့ပဲ လိုအပ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အသင်းရဲ့ လက်ထဲမှာသာ ရှိတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။  မန်စီးတီးအသင်းသာ မူလက ဆုံးဖြတ်ခဲ့တဲ့အတိုင်း ချန်ပီယံလိဂ် ကစားခွင့်မရခဲ့ဘူးဆိုရင် အဆင့် ၅ နေရာမှာ ရပ်တည်တဲ့အသင်းဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရှိခဲ့တာပါ။  ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ မန်စီးတီးအသင်း ဝင်ခွင့်ပြန်ရခဲ့ပေမယ့် လက်ကျန်ပွဲစဉ်တွေကို အနိုင်ကစားခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်တယ်လို့ လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ လက်ကျန် ၃ ပွဲအလိုမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၄ က လက်စတာ၊ အဆင့် ၅ က မန်ချက်စတာယူနိုက်တက်တို့နဲ့ ၁ မှတ်စီသာ ကွာဟာနေပါတယ်။ လက်ကျန် ၃ ပွဲမှာ ချဲလ်ဆီးအသင်းက နော့ဝှစ်ချ်၊ လီဗာပူး၊ ဝုဗ်အသင်းတွေနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
10 months Ago
တပတ်ပြင်ဆင်ချိန်ရသည့်အသင်းကို ၂ ရက်ခွဲ ပြင်ဆင်ပြီးအနိုင်ယူခဲ့ဟု အာတီတာ ပြော
၂ ရက်ခွဲပဲ ပြင်ဆင်ချိန်ရခဲ့ပေမယ့် တစ်ပတ်အနားရထားတဲ့အသင်းကို အနိုင်ယူခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ဝုဗ်ဗာဟမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့ပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။  ဝုဗ်အသင်းနဲ့ မကစားခင်မှာ နော့ဝှစ်ချ်အသင်းကို အနိုင်ရခဲ့ပြီး ၂ ရက်ခွဲပဲ ပြင်ဆင်ချိန်ရခဲ့တယ်လို့ အာတီတာက ပြောပါတယ်။  ဒါပေမဲ့ ဝုဗ်အသင်းက တပတ်ပြင်ဆင်ချိန်ရခဲ့တာကြောင့် အဲဒီလိုအသင်းကို အနိုင်ရခဲ့တာက ကြီးမားတဲ့အောင်ပွဲဖြစ်တယ်လို့ နည်းပြအာတီတာကပြောပါတယ်။  ဝုဗ်အသင်းက စုစည်းညီညွတ်တဲ့အသင်းဖြစ်လို့ သူတို့အိမ်ကွင်းမှာ အနိုင်ယူဖို့ဆိုတာ အလွန်ခက်ခဲကြောင်းလည်း အာတီတာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။  အာဆင်နယ်အသင်းဟာ ၂၀၁၇ နောက်ပိုင်းမှာ   ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တာပါ။
10 months Ago
ဘောလုံးအသင်းတိုင်းတွင် Gay ကစားသမားရှိနိုင်ဟု ဝက်ဖို့ဒ်အသင်း ခေါင်းဆောင်ပြော 
ဘောလုံးအသင်းတိုင်းလိုလိုမှာ Gay ကစားသမားတွေ ရှိနေနိုင်တယ်လို့ ဝက်ဖို့ဒ်အသင်း ခေါင်းဆောင် ထရိုင်ဒီနေးကပြောပါတယ်။ အားကစားသမားတွေအနေနဲ့ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းရင်းနဲ့ အခုလို ပြောဆိုလိုက်တာပါ။ လက်ရှိအချိန်အထိ ဗြိတိန်ရဲ့သမိုင်းတလျှောက်မှာ နော့ဝှစ်ချ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျက်စတင်ဖာရှာနူ တစ်ဦးတည်းကသာ သူဟာ Gay တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားတာဖြစ်ပြီး ဒီနေးကတော့ လက်ရှိကစားနေဆဲဖြစ်တဲ့ ကစားသမားတွေထဲမှာလည်း Gay တွေ ရှိနေတယ်လို့ ပြောပါတယ်။  “Gay တဦးဦး ဒါမှမဟုတ် ဒီအသိုက်အဝန်းထဲက လူတစ်ဦးဦးဟာ သူတို့ ကျင်လည်ရာ နယ်ပယ်မှာ ဒီလိုမျိုး ပထမဆုံး ထုတ်ဖော်ဝန်ခံမှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပုံရပါတယ်။ ကျနော့်အထင် တစ်ယောက်ယောက်ကသာ သူတို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြောဆိုလိုက်ရင် တပတ်အတိုင်း သူလိုမျိုး ထုတ်ဖော်ပြောဆိုလာမယ့် လူ အယောက် ၁၀၀ လောက် ရှိလာနိုင်ပါတယ်။” အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပြီး ကလေးနှစ်ဦးရှိပါတယ်။ အားကစားသမားတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့လိင်စိတ်ခံယူချက်ကို ပွင့်ပွင့်လင်းလင်းချပြဖို့ အကောင်းဆုံးလို့ ယုံကြည်နေပြီး ဖုံးကွယ်ထားခြင်းက ခက်ခဲမှုကို ပိုခံစားရစေနိုင်တယ်လို့ အကြံပြုပါတယ်လို့ ဘီဘီစီရဲ့အစီစဉ်တခုမှာ ပြောခဲ့ပါတယ်။ “အခုဆိုရင် ကျနော်တို့အားကစားလောကမှာ အရင်ကထက်ပိုပြီးတော့ Gay ကစားသမားတွေကို လက်ခံနိုင်စွမ်း မြင့်တက်လာကြပြီ ဖြစ်ပါတယ်။ ဘောလုံး၊ ရပ်ဘီနဲ့ ဘယ်အားကစားလောကကပဲ ဖြစ်ဖြစ် ‘ကျနော် Gay တစ်ဦးပါ’လို့ ထုတ်ဖော်ပြောဆိုလိုက်တာက ဒီကိစ္စကြီးကို ကစားသမားဘဝတလျှောက်လုံး ထိန်းသိမ်းပြီး နေသွားရတာထက် ပိုကောင်းမွန်ပါလိမ့်မယ်” လို့ ဒီနေးက အကြံပြုသွားခဲ့ပါတယ်။  ၂၀၁၉ ခုနှစ်မှာ အေလိဂ်ကလပ် နယူးကာဆယ်ဂျက်စ်အသင်းမှာ ကစားခဲ့တဲ့ သြစတြေးလျ ဘောလုံးသမား အန်ဒီဘရန်နန်က သူဟာ Gay တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ဒီလိုတရားဝင် ထုတ်ပြန်ကြေညာလိုက်ခြင်းက သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် ဖုံးကွယ်စရာ မလိုတော့ဘဲ ဘောလုံးအားကစားအပေါ် အပြည့်အဝ အာရုံစိုက်စူးစိုက်နိုင်စေတယ်လို့ ဘရန်နန်က ပြောပါတယ်။
11 months Ago
ပရီးမီးယားလိဂ်ပွဲစဉ် ဇွန်လတွင် ပြန်လည်စတင်ရန် ခွင့်ပြုချက်ရရှိ
COVID-19 ကပ်ဘေးကာလမှာ ရပ်နားထားရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန်လမှာ ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက လုပ်ဆောင်ချက် ၅ ခုနဲ့ Lockdown ဖြေလျှော့ပေးမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားတဲ့ စာမျက်နှာ ၅၀ ပါ လမ်းပြမြေပုံတခုကို မေ ၁၁ ရက် က ထုတ်ပြန်လိုက်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ မြေပုံပါ နံပါတ် ၂ အချက်အရ လူအုပ်စုလိုက် ထိတွေ့မှုဖြစ်စေမယ့် အန္တရာယ်ကို ရှောင်ရှားရင်း ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ အခမ်းအနားတွေကို ထုတ်လွှင့်ပြသခွင့်အတွက် ဇွန် ၁ ရက်နေ့ စတင်ပြီး ခွင့်ပြုပေးလိုက်ပြီလို့ ဖော်ပြထားပါတယ်။  ဒါပေမဲ့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းခြင်းမှု လက်ခံနိုင်လောက်တဲ့ အနေအထားမရှိရင် ဇွန် ၁ ရက်နေ့ သတ်မှတ်ချက်ကို နောက်ဆုတ်သွားဖို့ ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ် ၉ ရက်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။  လိဂ်မှာရှိတဲ့ ကလပ်အသင်း ၂၀ လုံးဟာ ပြိုင်ပွဲကို ဘေးကင်းစွာနဲ့ ပြန်လည်စတင်နိုင်ရေးအတွက် အချေအတင် ဆွေးနွေးခဲ့ကြပြီး ကလပ်အသင်းတချို့ဟာ ကစားသမားတွေကို တဦးချင်း လေ့ကျင့်ခန်းပြုလုပ်စေဖို့ ခွင့်ပြုပေးထားပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ချိန်မှာ ပွဲစဉ်အားလုံးကို တံခါးပိတ်ကျင်းပမှာဖြစ်ပြီး ပရိသတ် တဦးတယောက်မှ လာရောက်အားပေးနိုင်ခြင်းတော့ရှိမှာ မဟုတ်ပါဘူး။ ထုတ်ပြန်ခဲ့တဲ့ လမ်းပြမြေပုံမှာလည်း အားကစားကွင်းတွေနဲ့ လူစုလူဝေးဖြစ်စေတဲ့ နေရာတွေကို ပြန်လည်ဖွင့်လှစ်ပေးခြင်းက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုအခြေအနေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက လိဂ်ကို ဇွန် ၁၂ ရက်မှာ ပြန်လည်စတင်ဖို့ ရည်ရွယ်ထားပေမယ့် ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် အသင်း ၁၄ သင်း ပါဝင်တဲ့ အများစုရဲ့ ထောက်ခံချက်ရရှိဖို့ လိုအပ်ပါတယ်။  တင်သွင်းထားတဲ့ အဆိုပြုချက်တွေထဲမှာ လက်ကျန်ပွဲစဉ်တွေကို ကျင်းပဖို့အတွက် ကြားကွင်း ၈ ကွင်းကနေ ၁၀ ကွင်းအထိ အသုံးပြုဖို့လည်း တချက် ပါဝင်နေပါတယ်။ ဒါပေမဲ့ ဝတ်ဖို့ဒ်နဲ့ ‌နော့ဝှစ်ချ် အပါအဝင် ကလပ်အသင်းတချို့တော့ ဒီအဆိုပြုချက်ကို လက်မခံပါဘူး။
12 months Ago
မန်ယူနိုက်တက်အတွက် ခေါ်ယူသင့်သည့် ကွင်းလယ်လူ ၃ ဦး ဖာဒီနန်  အကြံပြု
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရာသီအပြောင်းအရွှေ့ ဈေးကွက်မှာ အက်သလက်တီကို ကွင်းလယ်လူ နီဂွယ်ဆောလ်၊ သောမတ်ပါတေးနဲ့ လက်စတာကွင်းလယ်လူ ဝိုင်းဖရတ်အန်ဒီဒီတို့ကို ခေါ်ယူသင့်တယ်လို့ ကစားသမားဟောင်း ရီယိုဖာဒီနန်က အကြံပြုလိုက်ပါတယ်။ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ အသင်းကို ပြန်လည်တည်ဆောက်နေဆဲ ဖြစ်ပြီး နောက်လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။ နော်ဝေသား နည်းပြကြီးဟာ သူ့လက်ထက်မှာ ဒန်နီယယ်ဂျိမ်းစ်၊ အာရွန်ဝမ်ဘစ်ဆာခါ၊ ဂယ်ရီမက်ဂွဲယား၊ ဘရူနိုဖာနန်ဒက်စ်တို့ကို အပြီးသတ်ခေါ်ယူခဲ့ပြီး ရှန်ဟိုင်းရှင်ဟွာတိုက်စစ်မှူး အိုဒီယွန်အီဂါလိုကိုလည်း အငှားနဲ့ ခေါ်ယူထားပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ရပ်တည်မှုအရ မန်ယူနိုက်တက်အသင်းအနေနဲ့ ပြည်တွင်းနဲ့ ဥရောပဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ကစားသမားသစ်တဦး ဒါမှမဟုတ် နှစ်ဦးလောက် လိုအပ်နေတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ မရပ်နားခင် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့်ပြိုင်ဘက် ချဲလ်ဆီးလ်အသင်းနဲ့ ၃ မှတ်အကွာကို ရောက်နေပါတယ်။ ဖာနန်ဒက်စ်နဲ့ အီဂါလိုတို့လို မှန်ကန်တဲ့ လူသစ်ခေါ်ယူမှုတွေကြောင့် ဆိုးလ်ရှားရဲ့ အသင်းသားတွေဟာ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့သလို အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။  ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာပေမယ့် မန်ယူနိုက်တက်အသင်းဟာ ဥရောပ ထိပ်သီးကစားသမား တချို့နဲ့ သတင်းထွက်ပေါ်နေဆဲ ဖြစ်ပြီးတော့ ကစားသမားဟောင်း ဖာဒီနန်က ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ကွင်းလယ်အင်အားကို မြှင့်တင်သင့်တယ်လို့ အကြံပြုပါတယ်။ ဗီလာကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်၊ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်တို့ဟာ မန်ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားနှစ်ဦး ဖြစ်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဖာဒီနန်ကတော့ အက်သလက်တီကို ကွင်းလယ်လူနှစ်ဦးနဲ့ လက်စတာ ကွင်းလယ်ကစားသမား အန်ဒီဒီတို့ကို ပိုပြီးအကြိုက်တွေ့မိတယ်လို့ ဆိုပါတယ်။ အသင်းနောက်တန်းအတွက် အင်အားဖြည့်တင်းမယ်ဆိုရင်လည်း နော့ဝှစ်ချ်အသင်းရဲ့ ဘန်ဂေါ့ဖရေနဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေတို့ကို ရွေးချယ်သင့်တယ်လို့ မန်ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က အကြံပြုပါတယ်။
1 year Ago
ပွဲကြည့်စင်ပေါ်တက်ကာ ရန်ပြုခဲ့သည့်  စပါးကွင်းလယ်လူကို အရေးယူမည်
နော့ဝှစ်ချ်နဲ့ပွဲအပြီးမှာ ပွဲကြည့်စင်ထဲအထိ ခုန်ဝင်ပြီး ပြဿနာရှာခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာကို  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က  အရေးယူတော့မှာဖြစ်ပါတယ်။  စပါးအသင်းက နော့ဝှစ်ချ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီးမှာ ဒိုင်ယာက အသင်းပွဲကြည့်စင်ပေါ်အထိတက်ပြီး ပရိသတ်တဦးကို ရန်ပြုဖို့ ကြိုးပမ်းခဲ့တာပါ။  ဒီဖြစ်ရပ်ဟာ မတ်လ ၄ရက်က စပါးအသင်းရဲ့အိမ်ကွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒိုင်ယာဘက်က တော့ ပွဲကြည့်စင်မှာရှိနေတဲ့ ပရိသတ်တစ်ဦးနဲ့ စကားများနေတဲ့ သူ့ရဲ့အစ်ကို ကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။  အင်္ဂလန်အက်ဖ်အေကတော့ ဒိုင်ယာဟာ အက်ဖ်အေရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်လို့ အရေးယူသွားမှာဖြစ်ပြီး မေလ ၈ ရက်နောက်ဆုံးထား ဖြေရှင်းဖို့ အကြောင်းကြားထားပါတယ်။ 
1 year Ago
လာမည့်ရက်ပိုင်းအတွင်း ပွဲစဉ်များကို ဗိုလ်လုပွဲလို ကစားရမည်ဟု လီဗာပူးဂိုးသမား ပြော
လီဗာပူးအသင်းဟာ လာမယ့်ရက်ပိုင်းတွေမှာ ကစားရမယ့် ပွဲစဉ်တွေကို ဗိုလ်လုပွဲတွေလို ကစားသွားရမယ်လို့ ဂိုးသမား အက်ဒရီယန်က ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး ၂၈ ပွဲ ကစားပြီးချိန် ဒုတိယနေရာမှာရှိနေတဲ့ မန်စီးတီးအသင်းကို ၂၂ မှတ် ဖြတ်ထားပါတယ်။ ကလော့ပ်ရဲ့ အသင်းသားတွေဟာ နောက်ထပ် ၄ ပွဲ ထပ်မံအနိုင်ရရှိရုံနဲ့ ပရီးမီးယားလိဂ်ဖလား ရမှာဖြစ်ပြီး ဆောင်းရာသီအားလပ်ရက်နောက်ပိုင်း အသင်းခြေစွမ်း ကျဆင်းလာတဲ့အပေါ် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  လီဗာပူးအသင်းဟာ အားလပ်ရက်နောက်ပိုင်းမှာ ကစားခဲ့တဲ့ နော့ဝှစ်ချ်နဲ့ ဝက်စ်ဟမ်း အသင်းတွေကို ကျဉ်းမြောင်းနဲ့ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ် ၁၆ သင်း ပထမအဆင့်ပွဲ စဉ်မှာတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းကိုလည်း ဂိုးပြတ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။  လီဗာပူးအသင်းဟာ မတ် ၃ ရက်ည အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာလည်း ချဲလ်ဆီး အသင်းနဲ့ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ လီဗာပူးအသင်းဟာ မတ်လ ၇ ရက်နေ့မှာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် ဖလားပွဲ ကစားရမှာဖြစ်ပြီး ၄ ရက်အကြာမှာတော့ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို ယှဉ်ပြိုင်ရမှာပါ။ “ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာလည်း ဝက်ဖို့ဒ်ပွဲရဲ့ ရှုံးနိမ့်မှုကနေ ရုန်းထွက်ဖို့ အနိုင်ကစားဖို့ လိုအပ်ပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်ဟာလည်း ကျနော်တို့အတွက် ဗိုလ်လုပွဲပဲ ဖြစ်ပြီး ပထမအကျော့က ရှုံးနိမ့်မှုကို ချေဖျက်ဖို့ အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ပွဲစဉ်တိုင်းဟာ ခက်ခဲမှာဖြစ်တဲ့အတွက် ကျနော်တို့ ပရိသတ်တွေရဲ့ အားပေးမှုကို လိုအပ်ပါတယ်။”
1 year Ago
မန်စီးတီးအသင်း ချန်ပီယံလိဂ် ၂ နှစ်ပိတ်ပင်ခံရမှု တုန်လှုပ်မိဟု လီဗာပူးနည်းပြပြော
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီတီးအသင်း ၂ နှစ် ပွဲပယ်ခံရတဲ့ သတင်းအပေါ် တုန်လှုပ်မိတယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒါ့အပြင် နည်းပြ ဂွါဒီယိုလာအတွက်လည်း ကိုယ်ချင်းစာမိတယ်လို့ သူက ဆိုပါတယ်။ မန်စီတီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့လို့ အခုလိုပွဲပယ်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ငွေအနေနဲ့လည်း ပေါင် ၂၅ သန်း ချမှတ်ခံခဲ့ရပါတယ်။ အသင်းဟာ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့်မှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိပေမယ့် မအံ့ဩကြောင်း မန်စီးတီး တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။  အခုလို မန်စီးတီးအသင်း ထုတ်ပယ်ခံရတဲ့အပေါ်  ကလော့ပ်က “ဒါဟာ လုံးဝတုန်လှုပ်စရာကြီးပါ။ တကယ်ကို အံ့သြစရာပါပဲ။ ‌ဘောလုံးကွင်းထဲမှာ သူတို့ လုပ်ဆောင်ပြခဲ့တာတွေက တကယ့်ကို ချီးကျူးစရာပါပဲ။ ကျန်တာတော့ ကျနော်လည်း မသိပါဘူး။ သူတို့ပြစ်ဒဏ်အတွက် ကျနော် တကယ်ကို ခံစားရပါတယ်။ နည်းပြ ပက်နဲ့ ကစားသမားတွေအတွက်ရောပေါ့။ သူတို့မှာ အယူခံဝင်ခွင့်ရှိနေတဲ့အတွက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါဟာ အရမ်းကို ပြင်းထန်လွန်းပါတယ်” လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဓိကပြိုင်ဘက်အသင်းဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ စနေနေ့မှာ နော့ဝှစ်ချ်အသင်းကို မာနေးရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ကစားကာ အမှတ်ပေးဇယားကို ၂၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေပါတယ်။
1 year Ago
ပွဲကစားချိန် အနည်းဆုံးနှင့် ဂိုးအများဆုံး သွင်းသူအဖြစ် ဟာလန်း မှတ်တမ်းဝင်
ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက်မှာ ပွဲဦးထွက် ၂ ပွဲမှာပဲ ပွဲကစားချိန် အနည်းဆုံးနဲ့ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။  သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်းအသင်းနဲ့ အဖွင့် နှစ်ပွဲမှာပဲ ၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘက်အသင်းနဲ့ ပွဲစဉ်မှာ  လူစားဝင်ကစားခဲ့ပြီး ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့လို့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။  ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းထက် ဂိုးပိုမို သွင်းယူနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၅၇ မိနစ်သာ ကစားခဲ့ရပေမယ့်လည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်းကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အာဆင်နယ်၊ လီဗာပူး၊ ဘန်လေအသင်းတွေနဲ့ ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ နော့ဝှစ်ချ်နဲ့ ပွဲမှာပဲ ၄ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
1 year Ago
ဟူးလ်စီးတီးတောင်ပံကစားသမား ဘော်ဝင်ကို ကလပ် ၄ သင်း အပြိုင်ကမ်းလှမ်း
ဟူးလ်စီးတီးတောင်ပံတိုက်စစ်ကစားသမား ဘော်ဝင်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အသင်း ၄ သင်းလောက် အပြိုင်ဖြစ်နေပါတယ်။ ချန်ပီယံရှစ်မှာ ၁၆ ဂိုး သွင်းယူထားပြီး အသက် ၂၃ နှစ်ရှိတဲ့ အင်္ဂလန်ကစားသမား ဘော်ဝင်ကို နယူးကာဆယ်၊ နော့ဝှစ်ချ်၊ ဘုန်းမောက်၊ လက်စတာအသင်းတွေက အပြိုင်ကမ်းလှမ်းသွားဖို့ ရှိနေတာပါ။ ဟူးလ်စီးတီးအသင်းဟာ ဘော်ဝင်အတွက် ပေါင်သန်း ၂၀ တန်ကြေး သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ၇ ပွဲသာ ကစားဖူးတဲ့ ဘော်ဝင်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဟူးလ်စီးတီး အသင်းကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
1 year Ago
ကစားသမားများ ရောင်းချရန် မရှိဟု ဆိုးလ်ရှားပြော
ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကြောင့် အသင်းခေါင်းဆောင် အက်ရှ်လေယန်းကို လက်လွှတ်ဖို့ ခက်ခဲပြီး ကစားသမားတွေ ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။  အက်ရှ်လေယန်းဟာ အီတလီကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း ရောင်းချဖို့ ပြင်ဆင်ထားပေမယ့် တခြား နောက်ခံလူတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အက်ရှ်လေယန်းကို ဆက်ထိန်းထားဖို့ ရှိနေတာ ဖြစ်ပါတယ်။ နော့ဝှစ်ချ်စီးတီးနဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ အက်ရှ်လေယန်းဟာ ပရောက်ဖက်ရှင်နယ် ပီသသူ ဖြစ်သလို အသင်းခေါင်းဆောင်ကောင်းတဦးလည်း ဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ချီးကျူးပါတယ်။  ဆက်လက်ပြီး ကြံ့ခိုင်မှုပြည့်ဝတဲ့ နောက်ခံလူတွေ သိပ်မရှိတာကြောင့် ရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့ မရှိကြောင်းလည်း ဆိုးလ်ရှားက ပြောကြားသွားခဲ့ပါတယ်။
1 year Ago
လီဗာပူး နိုင်ပွဲဆက်ပြီး ချဲလ်ဆီး အိမ်ကွင်းတွင် ရှုံးပွဲတွေ့ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်း ရှုံးပွဲတွေ့သွားခဲ့ပြီး လီဗာပူးအသင်း နိုင်ပွဲဆက်ခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဟာ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘုန်းမောက်အသင်းကို လက်ခံကစားခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရတာပါ။ နည်းပြ လမ်းပတ်အတွက် ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  အမှားလုပ်လို့မရတော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။ လီဗာပူးကတော့ အမှတ်ပေးဇယား အောက်ဆုံးကို ဝက်ဖို့ဒ်အသင်းကို အကြိတ်အနယ် ကစားခဲ့ရပြီး ဆာလက်ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ တာပါ။  ဒုတိယနေရာက လက်စတာအသင်းကတော့ နော့ဝှစ်ချ်အသင်းနဲ့ အိမ်ကွင်းမှာ သရေကျခဲ့လို့ လီဗာပူး နဲ့ ၁၀ မှတ်အထိ ကွာဟခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ညမှာတော့ မန်ယူက အဲဗာတန်၊ စပါးအသင်းက ဝုဗ်ဗာဟမ်တန်နဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။ 
1 year Ago
အာဆင်နယ်နည်းပြ ရာထူးအတွက် ဘရန်ဒန်ရော်ဂျာ ရေပန်းစား
အာဆင်နယ်နည်းပြ ဖြစ်လာနိုင်သူတွေထဲမှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။  အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့အတွက်တော့ ချိတ်ဆက်ရှာဖွေတာတွေ ပြုလုပ်နေပြီး လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ရေပန်းအစားဆုံး ဖြစ်နေတာပါ။  တခြား နည်းပြတွေထဲမှာတော့ မန်စီးတီး လက်ထောက်နည်းပြ အာတီတာ၊ ဗီအဲရာ၊ အယ်လီဂရီနဲ့ ဝုဗ်နည်းပြ နူနိုဆန်းတို့စ်တို့လည်း အာဆင်နယ်နည်းပြသစ်အတွက် လျာထားစာရင်းမှာ ပါဝင်နေပါတယ်။  အာဆင်နယ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ နော့ဝှစ်ချ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပြီး ယာယီနည်းပြသစ် ယွန်းဘက်အတွက် ပထမဆုံး ပွဲစဉ် ဖြစ်လာမှာပါ။
1 year Ago
ပရီးမီးယားလိဂ်တွင် VAR မှတဆင့် မှားယွင်းဆုံးဖြတ်မှု ၄ ခုရှိခဲ့ဟု ဒိုင်လူကြီးများအရာရှိချုပ် ဝန်ခံ
ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ VAR ကနေ မှားယွင်းဆုံးဖြတ်မှု ၄ ခုရှိခဲ့တယ်လို့ ဒိုင်လူကြီးများအရာရှိချုပ် မိုက်ရီလေးက ဝန်ခံလိုက်ပါတယ်။  VAR ဆုံးဖြတ်ချက်ကြောင့် မှားယွင်းခဲ့တဲ့ ပွဲစဉ်တွေကတော့ အာဆင်နယ်က ခရစ္စတယ်ပဲလေ့အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နောက်ခံလူ ဆိုကရားတစ်က ထောင့်ကန်ဘောကနေ အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် VAR က ဂိုးမပေးခဲ့ဘဲ မှားယွင်းဆုံးဖြတ်ခဲ့တာပါ။  တခြားပွဲတွေကတော့ ဝက်ဖို့ဒ်နဲ့ ချဲလ်ဆီးပွဲစဉ်မှာ ဒယ်လိုဖူရဲ့ လှဲချမှုကို ပင်နယ်တီပေးခဲ့တဲ့ ဖြစ်ရပ်ဟာလည်း မှားယွင်းခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် မန်ယူနိုက်တက်အသင်းက နော့ဝှစ်ချ်နဲ့ပွဲမှာ ဒယ်နီယယ်ဂျိမ်းကြောင့် ရခဲ့တဲ့ ပင်နယ်တီဟာလည်း မှားယွင်းပြီး ပေးခဲ့တာလို့ သိရပါတယ်။  နောက်တခုက အဲဗာတန်အသင်းက ဘရိုက်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာဖြစ်ပြီး အဲဗာတန် နောက်ခံလူ မိုက်ကယ်ကိန်းရဲ့ ဖျက်ထုတ်မှုက ပင်နယ်တီ မပေးသင့်ပေမယ့် VAR ရဲ့ ဆုံးဖြတ်ချက်အရ ဘရိုက်တန်အသင်းကို ပင်နယ်တီပေးခဲ့တာ ဖြစ်ပါတယ်။  တခြားနိုင်ငံတွေမှာလည်း VAR စနစ်နဲ့ ပတ်သက်ပြီး အချိန်ပိုမိုလိုအပ်နေသေးလို့ ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့လည်း အချိန်ပေးဖို့ လိုအပ်ကြောင်း မိုက်ရီလေးက ဝန်ခံပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
1 year Ago
ယခုနှစ်ရာသီ မန်ယူနိုက်တက်အသင်း အဝေးကွင်း၌ ပထမဆုံး နိုင်ပွဲရ (ရုပ်သံဟိုက်လိုက်)
တနင်္ဂနွေနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲ နောက်ဆုံးပွဲစဉ်တပွဲမှာတော့ နော့ဝှစ်ချ်အသင်းရဲ့ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်တို့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  လူငယ်ကစားသမားလေး တော်မီနေးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့လို့ မန်ယူနိုက်တက်တို့ အဝေးကွင်းမှာ အဖွင့်လှခဲ့ပြီးတော့ ဂိုးပေါက်တည့်မှု ၁၁ ကြိမ်အထိ ရှိခဲ့တယ် ဆိုပေမယ့် ပင်နယ်တီ ၂ လုံးအထိ ရရှိခဲ့တာကိုတော့ မာရှယ်နဲ့ ရက်ရှ်ဖိုဒ့်တို့ ဖြုန်းတီးခဲ့ပါတယ်။  ဒါပေမဲ့လည်း အဲဒီတိုက်စစ်မှူးနှစ်ဦးစလုံးကပဲ မိနစ် ၃၀ နဲ့ ၇၃ မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့လို့ ဝေဖန်ခံရမယ့် အခြေအနေကနေ ကင်းလွတ်ခဲ့ပါတယ်။  နော့ဝှစ်ချ်စီးတီးအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၈ မိနစ်မှာ ဟာနန်ဒက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပင်နယ်တီ နှစ်လုံးစလုံးကို ကာကွယ်သွားနိုင်ခဲ့တဲ့ တင်မ်ကားလ်ကတော့ အကောင်းဆုံးကစားသမားဆု ရရှိသွားခဲ့ပါတယ်။
2 years Ago
ရာသီသစ် ဂိုးပြတ်နိုင်ပွဲဖြင့် အဖွင့်လှခဲ့သည့် လီဗာပူး (ရုပ်သံ)
၂၀၁၉-၂၀၂၀ဘ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လီဗာပူး နော့ဝှစ်ချ်တို့ရဲ့ပွဲစဉ်နဲ့ရာသီသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အစောဆုံးပွဲစဉ်တပွဲဖြစ်တဲ့ အဲ့ဒီပွဲမှာတော့ လီဗာပူးတို့ အိမ်ကွင်း အန်ဖီးလ်မှာ ခြေစွမ်းကောင်းတွေ ပြသပြီး ၄ ဂိုး ၁ ဂိုးရလဒ်နဲ့ ဧည့်သည်တန်းတက်အသင်း နော့ဝှစ်ချ်ကို ဂိုးပြတ်သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၇ မိနစ်မှာ နော့ဝှစ်ချ်နောက်ခံလူ ဂရန့်ဟန်လီက ကိုယ့်ဂိုးကိုသွင်းမိခဲ့လို့ လီဗာပူးတို့ အဖွင့်ဂိုးရရှိသွားပါတယ်။ အဲ့ဒီနောက်မှာ တန်းတက်အသင်းဖြစ်တဲ့ နော့ဝှစ်ချ်ကို လီဗာပူးတို့ တရစပ်ဖိအားပေးကစားခဲ့တာကြောင့် ဧည့်သည်အသင်း ကစားကွက်ပျက်ခဲ့ရပါတယ်။ ၁၉ မိနစ်အရောက်မှာတော့ ဖာမီနိုချပေးတဲ့ဘောလုံးကို ဆာလက်က ဒုတိယဂိုးအဖြစ်သွင်းယူခဲ့သလို ၂၈ မိနစ်မှာတော့ ဆာလက် ထောင့်ကန်ဘောတင်ပေးတဲ့ဘောလုံးကို ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူပေးခဲ့လို့ လီဗာပူးတို့ ၃ ဂိုးပြတ်ဦးဆောင်သွားခဲ့ပါတယ်။ ပွဲပြီးဖို့ ၃ မိနစ်လိုတဲ့အချိန်မှာ အိုရီဂီက စတုတ္ထမြောက်ဂိုးသွင်းယူသွားခဲ့လို့ လီဗာပူးတို့ ပထမပိုင်းအပြီးမှာ ၄ ဂိုးပြတ်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နော့ဝှစ်ချ်အတွက် တလုံးတည်းသောချေပဂိုးကို ပွစ်ကီက ၆၄ မိနစ်မှာ သွင်းယူပေးပြီး ၄ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။  အခုနှစ်ရာသီချန်ပီယံဆုအတွက် ထင်ကြေးပေးခံထားရတဲ့အသင်းပီပီ လီဗာပူးကတော့ ရာသီသစ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။
2 years Ago
Up