Search Results For: Terminal+21
Terminal 21 ပစ်ခတ်သတ်ဖြတ်မှု အဖြစ်ဆိုး၏ နောက်ကွယ်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းရာချ်ဆီမားခရိုင် ခိုရတ်မြို့မှာ  ဖေဖော်ဝါရီ ၈ ရက် ညနေ ပိုင်းက ထိုင်းစစ်သားတယောက်ဟာ သူ့တပ်မှူးနဲ့ တပ်မှူးယောက္ခမ ကိုရော စစ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ လမ်းသွားလမ်းလာတွေ၊ Terminal 21 ကုန်တိုက်ကြီးထဲက လူတွေကို ပစ်ခတ်ခဲ့ပါတယ်။  အဲဒီပစ်ခတ်မှုမှာ ပစ်ခတ်သူ အပါအဝင် လူ ၃၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ bangkokbiznews သတင်းမှာ ဖော်ပြပါတယ်။  ဒီပစ်ခတ်မှုဟာ ထိုင်းနိုင်ငံမှာ တခါမှမကြုံဖူးသေးတဲ့ ထိခိုက်ဒဏ်ရာရသူ အများဆုံး မြို့တွင်း ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့ဝန်ထမ်းစစ်သား တယောက်က အခုလို ရက်ရက်စက်စက် ကျူးလွန်ရတဲ့ အကြောင်းရင်းကို အားလုံးက သိချင်နေကြပါတယ်။  ပစ်ခတ်မှုကျူးလွန်သူဟာ နခွန်းရာ့ချ်ဆီမားခရိုင်၊ အမှတ် ၂ တိုင်းစစ်ဌာနချုပ် ခွန်းနထမ်းဖိထတ် လက်နက်နဲ့အမြှောက်တပ်ရင်း၂၂ က အသက် ၃၂ နှစ်ရှိတဲ့ အရာခံဗိုလ်အဆင့်ရှိသူ နိုင်းကျကဖတ်ထုမ်းမား ဖြစ်ပါတယ်။  သူဟာ လက်နက်ချစ်သူ၊ တာဝေးပစ်လက်ဖြောင့်သေနတ်သမားဖြစ်ပြီး သေနတ်ပစ်       လေကျင့်ရေးစခန်းအတွက် လက်နက်တိုက်မှ လက်နက်တွေကို ထုတ်ယူခွင့်ရှိတာကြောင့် ပြစ်မှုကျူးလွန်တဲ့နေ့က စစ်မြေပြင်သုံးလက်နက်အပါအဝင် အမျိုးအစားမတူတဲ့ သေနတ် ၃ လက်၊ ကျည်ဆန်ပေါင်း ၇၀၀ တောင့်ကျော်ကို ထုတ်ယူသွားခဲ့ပါတယ်။  သူ အရင်ဆုံး ပစ်ခတ်ခဲ့တဲ့သူတွေဟာ သူ့အထက်အရာရှိဖြစ်တဲ့ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး အနန်တရို့ကဆယ် (အသက် ၄၈ နှစ်)၊ ဗိုလ်မှူးကြီးရဲ့ ယောက္ခမ နန်းအနုံးဝိကျန်း (၆၅ နှစ်) နဲ့ အိမ်ခြံမြေပွဲစား ၁ ဦးတို့ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီးနဲ့ ယောက္ခမတို့ သေဆုံးပြီး ပွဲစား ကတော့ ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။  ပြဿနာဖြစ်ရတဲ့အကြောင်းမှာ အိမ်ခြံမြေရောင်းဝယ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်မှာတော့ သတင်းပေးသူပေါ်မူတည်ပြီး အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ ထိုင်းပီဘီအက်စ်သတင်းဌာနက ကျူးလွန်သူ နိုင်းကျကဖတ်ရဲ့ အပေါင်းအသင်းတွေကို မေးမြန်းရာမှာတော့ သေဆုံးသူ ဗိုလ်မှူးကြီးနဲ့ သူ့ယောက္ခမတို့ဟာ အိမ်ရာဆောက်လုပ်ပြီး ရောင်းချတဲ့လုပ်ငန်းပါ လုပ်ကိုင်ကြောင်း၊ အထူးသဖြင့် တပ်ထဲက လူတွေကို ရောင်းချပေးပြီး နိုင်းကျကဖတ်ကလည်း ပွဲစားခယူပြီး အိမ်ခြံဝယ်ယူလိုသူတွေ စပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။  အခင်းဖြစ်တဲ့နေ့က သူရဖို့ရှိတဲ့ ပွဲစားခတွေ သွားတောင်းရာမှာ နန်းအနုံးက သူ့ကို တိုက်ရိုက်မပေးဘဲ တခြားပွဲစားကို ပေးခဲ့ပြီလို့ ပြောကြောင်း၊ နိုင်းကျကဖတ်မှာလည်း ပေးစရာ အကြွေးတွေ ရှိနေတဲ့အတွက် ငွေသွားတောင်းရာမှာ ပြေလည်မှုမရလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။    Workpoint News TV သတင်းကတော့ သေဆုံးသူ ဗိုလ်မှူးရဲ့ကတော်ကို မေးမြန်းရာမှာ ဗိုလ်မှူးကတော်က သူ့မိခင်နဲ့ ခင်ပွန်းမှာ တဖက်သားအပေါ် မတရားမှု ဘာမှ မလုပ်ခဲ့ကြောင်း၊ သေနတ်ပစ်ကျူးလွန်သူ ကျကဖတ်မှာ သူတို့ ဆောက်လုပ်ရောင်းချတဲ့ အိမ် ၁ လုံးကို ဘတ် ၁ သန်း ၅ သိန်းနဲ့ ဝယ်ထားကြောင်း၊ အိမ်ဆောက်ပြီးစီးချိန်မှာ ဝယ်ယူသူတွေအနေနဲ့ ဘတ် ၅ သောင်းစီ ပြန်အမ်းငွေ ရရမှာဖြစ်လို့ ပွဲစားက တဆင့်ပေးလိုက်ကြောင်း၊ အဲဒီငွေတွေကို ပွဲစားက ကြားထဲက ယူ သုံးလိုက်တာလို့ ဆိုပါတယ်။  ငွေ ၅ သောင်းပြန်ရဖို့ ဖေဖော်ဝါရီ ၈ ရက်က ပွဲစား၊ နန်းအနုံးနဲ့ ကျကဖတ်တို့ မျက်နှာ ချင်းဆိုင်ဖြေရှင်းပြီး ဗိုလ်မှူးကြီးက အသိသက်သေအနေနဲ့ ကြားထဲကနေ ညှိနှိုင်းပေးဖို့ လာရောက်ခဲ့ကြောင်း၊ နန်းအနုံးက ပွဲစားယူသွားတဲ့ငွေတွေ စိုက်ပြီးပြန်ပေးမယ်၊ ဒါပေမဲ့ ပွဲစားအနေနဲ့ နန်းအနုံးဆီကနေ ပိုက်ဆံချေးတဲ့အကြောင်း လက်မှတ်ထိုးရမယ်လို့ ပြောတဲ့အပြင် ပွဲစားက သွားရောက် ပေါင်နှံထားတဲ့ ကား ၁ စီးကို ပြန်ရွေးပေးဖို့ ပြောကြောင်း၊ ဗိုလ်မှူးကြီးက “မင်းတို့တွေ အဆင်ပြေရင် ငါ့ဆီ ပေါ်မလာဘူး၊ ဒုက္ခရောက်ရင်တော့ လာကြတယ်၊ မင်းတို့ပြဿနာ မင်းတို့ဘာသာ သွားရှင်း”  လို့ ပြောလိုက်တာနဲ့ ကျကဖတ်က သေနတ်နဲ့ အဘွားကြီးကို အရင်ပစ်၊ ပြီးတော့ ဗိုလ်မှူးကြီးကို ပစ်၊ ထွက်ပြေးတဲ့ ပွဲစားနောက်ကို လိုက်ပစ်ခဲ့တာလို့ ဆိုပါတယ်။  အခုလို မတူတဲ့သူတွေဆီကနေ ကွဲပြားတဲ့အချက်လက်ရှိနေလို့ အဖြစ်မှန်ကို ပြောနိုင်သူမှာ ပွဲစားပင်ဖြစ်ကြောင်း၊ ဒါပေမဲ့ ပွဲစားမှာလည်း ဒဏ်ရာပြင်းထန်လို့ ဘာမှ မေးမရသေးဘူးလို့ ဆိုပါတယ်။  သတင်းထောက်တွေက နိုင်းကျကဖတ် မကျူးလွန်ခင် သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တာတွေကို ပြန်လည်ဖော်ထုတ်ရာမှာတော့ သူက လောကကြီးမှာ မွေးဖွားခြင်း၊ လူနာဖြစ်ခြင်းနဲ့ သေဆုံးတာဟာ သဘာဝ၊ သူကတော့ အိပ်ရာထဲလဲနေတဲ့ လူနာအဖြစ်နဲ့ မသေချင်ဘဲ သေနတ်မှန်ပြီးမှပဲ သေချင်တယ်လို့ ရေးထားတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် တရက်တော့ လွတ်မြောက်သွားပြီလို့ ရေးထားခြင်းအားဖြင့် သူဟာ လုပ်ငန်းခွင်မှာ  စိတ်ဖိစီးမှုရှိနေတယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။  အထက်လူကြီးနဲ့ ပြဿနာရှိကြောင်း ရင်ဖွင့်ရာမှာ အပေါင်းအသင်းတွေက လျှော့ပေး လိုက်ပါလို့ ပြောပြီး သူကတော့ အလျှော့ပေးမယ့်အစား အသေခံလိုက်မယ်လို့ ပြန်ရေးထားပါတယ်။  ပစ်ခတ်မှု ကျူးလွန်တဲ့နေ့ကလည်း ဟို ၃ ယောက် သေပြီလား၊ သူများပိုက်ဆံ လိမ်လည်ပြီးမှ သူဌေးဖြစ်လာတဲ့သူတွေ အဲဒီငွေတွေကို ငရဲပြည်မှာ သွားသုံးလို့ ရမယ်ထင်သလားလို့ ရေးတင်ထားပါတယ်။  သူ အသုံးပြုတဲ့ သေနတ်မှာ ဘုရားပုံပါ လော့ကက်ဆွဲထားပြီ ဒီကနေ့ အကြံအောင်ပါစေလို့ တိုင်တည် ဆုတောင်းကြောင်း ရေးသားထားပါတယ်။  သူဟာ ကုန်တိုက်အနောက်ဘက်ကို ဗုံးပစ်ထည့်ပြီး မီးလောင်နေတဲ့ပုံကို နောက်ခံကာ ဖေ့စ်ဘွတ်ခ်လိုက်ဖ် လွှင့်ခဲ့ပါသေးတယ်။ မကြာခင်အချိန်တွင်းမှာပဲ သူ့ရဲ့ဖေ့စ်ဘွတ်ခ် အပိတ်ခံလိုက်ရပါတယ်။  စစ်သားတယောက်က အခုလို ရက်စက်တဲ့ ပစ်ခတ်မှုကြီး ကျူးလွန်ရတဲ့အပေါ်မှာ ဘန်ကောက် မဟီဒွန်းတက္ကသိုလ် နိုင်ငံတကာရာဇဝတ်မှုနဲ့ တရားမျှတရေးဆိုင်ရာ အထူးပြု ဘာသာရပ်မှ ဌာနမှူး ဒေါက်တာ ထာ့နရုန်းဆဒ်သာခေါင်နာ့သ်တကွန်းကတော့  ကျကဖတ် အနေနဲ့ ဒီလို ကျူးလွန်ရတာ အချက် ၃ ချက်ရှိတယ်လို့ သုံးသပ်ပါတယ်။  ၁ အချက်မှာ မိမိမျှော်မှန်းထားတိုင်းအတိုင်း ဖြစ်မလာတာ၊ ၂ အချက်မှာ တစုံတရာ လက်လွှတ်ဆုံးရှုံးလိုက်ရတာ၊ ၃ အချက်မှာ စိတ်ဖိစီးမှုတွေကြောင့်လို့ Amarim TV သတင်းထောက်ကို ပြောပါတယ်။  အစောပိုင်းမှာ လက်စားချေလိုစိတ်နဲ့ ကျူးလွန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲပြီး တွေ့ရာမြင်ရာ ရမ်းသမ်း ပစ်ခတ် သောင်းကျန်းခဲ့တာလို့ ဆိုပါ တယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းတပ်မတော် ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုန်းဆုမ်ဖုန်းက သေဆုံးထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ ဆုံးရှုံးမှုတွေအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ လက်နက်တိုက်များ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့၊ နယ်ခြားစောင့်တပ်တွေအနေနဲ့ ပိုမိုစည်းစနစ်ကျစွာ ဆောင်ရွက်ဖို့၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ မိမိတပ်ဖွဲ့ဝင်တွေကို အနီးကပ်စောင့်ကြည့်ဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
1 year Ago
အကြမ်းဖက်စိတ် လွှမ်းမိုးတဲ့ကာလ ရောက်နေပြီလား
လူတွေ အရိုင်းစိတ်ဝင်နေသမျှတော့ ယဉ်ပါးနေပါပြီ ဆိုတဲ့စကား ပြောနေရဦးမှာပါပဲ။ ကမ္ဘာကြီးကိုယ်နှိုက်က အကြမ်းဖက်စိတ် လွှမ်းမိုးနေပြီလားဆိုတာ စဉ်းစားစရာပါ။ အမေရိကန်သမ္မတ ထရမ့်၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေနဲ့ မြောက်ကိုရီးယားပါတီ ဥက္ကဋ္ဌ ကင်ဂျုံအန်တို့ ကမ္ဘာ့စာမျက်နှာပေါ် တက်လာချိန်မှာ နယူးဇီလန်က သေနတ်သမား ‘ဘရန်တန်တာရန်’၊ နော်ဝေက သေနတ်သမား ‘ဗရေ့ဗစ်’တို့လည်း ကမ္ဘာ့စာမျက်နှာပေါ် ရောက်လာခဲ့သလို အခုလည်း ထိုင်းနိုင်ငံက သေနတ်သမား ‘ထုန်မာ’ရဲ့ လုပ်ရပ်တွေကလည်း ကမ္ဘာ့ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတခု ဖြစ်လာခဲ့ပြန်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖြစ်ရပ်မှာ တိကျသေချာတဲ့ အကြောင်းအချက်ကို မဖော်ပြနိုင်ပေမယ့် ကိုယ်ရေးကိုယ်တာ သောကရဲ့ဖိစီးမှု တခုခုတော့ ရှိနေဟန်ပါ။ အခင်းမဖြစ်ပွားမီ ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့တဲ့ သူ့ပို့စ်မှာ “လိမ်လည်လှည့်ဖြား အခွင့်အရေးယူ ချမ်းသာလာတဲ့ လူတွေကို မကျေနပ်ကြောင်း”ရေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးမှ အခင်းဖြစ်ရာအိမ်မှာ သူ့အထက်အရာရှိနဲ့ အမျိုးသမီးတဦးကို ပစ်သတ်ခဲ့တာ။ အစောင့်စစ်သားအပါအဝင် သုံးယောက်ပါ။ နောက် စစ်သုံးကားနဲ့ လက်နက်တချို့အပါအဝင် ခဲယမ်းနဲ့ ကျည်အများအပြား ယူဆောင်ပြီးသွားရာက ဘုန်းကြီးကျောင်းအနီးမှာ လူ ၉ ယောက် ပစ်သတ်ခဲ့တယ်။  Terminal 21 မှာတော့ လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူ တင်ခဲ့တဲ့ပို့စ်အချို့ကတော့ မီဒီယာမှာ ဖော်ပြလာခဲ့ကြပေမယ့် ထူးခြားတဲ့ အကြောင်းအချက်တော့ မတွေ့ရပါဘူး။ ‘သူ လက်နက်ချသင့်သလား’။ ကျည်တွေ၊ လက်နက်တွေကို ပြပြီး ‘အခု စိတ်လှုပ်ရှားဖို့ အချိန်ကျပြီ’လို့ ရေးတင်ခဲ့တယ်။ နောက်တော့ ‘သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲလို့မရ’ဆိုတဲ့စာကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာအရဆိုရင် သူဟာ အသေခံမယ်လို့ ဆုံးဖြတ်ပြီးဖြစ်ဟန် ရှိပါတယ်။ ကျည်ဆန်တွေ၊ လက်နက်တွေကို ပြပြီး အခု စိတ်လှုပ်ရှားဖို့ အချိန်ကျပြီ’လို့ ရေးခဲ့တာဟာလည်း ပစ်ခတ်တိုက်ခိုက် ခုခံကာကွယ်ဖို့ ဆုံးဖြတ်ထားဟန်ရှိပါတယ်။ နောက်ဆုံးတော့ လက်နက်ချခြင်းနဲ့ သေခြင်းတရား နှစ်ခုမှာ သူဟာ သေခြင်းတရားက ပေးတဲ့ စိတ်လှုပ်ရှားဖွယ် ခံစားချက်ကိုပဲ ရွေးသွားခဲ့တာ။ သူ ဘာလို့ ဒီလို လုပ်ခဲ့သလဲ။ အစကတည်းက ဆုံးဖြတ်ချက်ချပြီးမှ လုပ်ခဲ့တာလို့ ယူဆနိုင်တယ်။ မဆိုင်သူတွေကို ဘာလို့ ပစ်သတ်ခဲ့တာလဲ။ သူ့အတွက် ရေထဲ မိုးထဲ ကာလမှာ ဘာလို့ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တင်ခဲ့တာလဲ။ သွေးအေးအေးနဲ့ ရင်ဆိုင်ခဲ့ဟန်ပါ။  နယူးဇီလန်မှာ ဖြစ်ခဲ့တဲ့ ဗလီနှစ်ခုကို ပစ်ခတ်ခဲ့တဲ့ ‘ဘရန်တန်တာရန်’တယောက် လိုက်ဖ်လွှင့်ပြီး ပစ်ခတ်ခဲ့တာအပေါ်မှာ အားကျခဲ့လေရော့သလားလို့ စဉ်းစားဖွယ်ရာပါ။ ဩစတေးလျနိုင်ငံဖွား ဘရန်တန်တာရန်’ ဟာလည်း လူပေါင်း ၄၉ ယောက်ကို တပြိုင်တည်း ပစ်သတ်ခဲ့တာ။ သူကလည်း သူ့ခေါင်းမှာ ‘ဂိုးပရို’လို့ခေါ်တဲ့ ကင်မရာတပ်ပြီး၊ သူ ပစ်ခတ်နေပုံတွေကို လိုက်ဖ်လွှင့်ပြခဲ့တာ။ ဒါကလည်း ‘ဂိမ်း’ကစားတဲ့ဟန်ကိုယူပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုကြပါတယ်။ ဒါကိုများ အားကျစိတ်ဝင်ခဲ့လေသလား…။ ဒီလိုပဲ နော်ဝေနိုင်ငံမှာဖြစ်ခဲ့တဲ့ ‘ဗရေ့ဗစ်’ရဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာလည်း ကမ္ဘာ့စာမျက်နှာပေါ်မှာ အထိတ်တလန့်ဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ရာမှာ တူညီခဲ့ကြတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေကတော့ ကွာခြားခဲ့ပါတယ်။ နော်ဝေနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဖြစ်ပေါ်ခဲ့တာတွေက အစွန်းရောက်အမျိုးရေးသမားတို့ရဲ့ လုပ်ရပ် ဖြစ်ခဲ့တာပါ။ ‘ဗရေ့ဗစ်’ နဲ့ ’ဘရန်တန်တာရန်’တို့ဟာ အစွန်းရောက်လက်ယာဝါဒီအဖြစ် ဖော်ပြခဲ့ကြတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လထဲမှာ ဖြစ်ခဲ့တဲ့ နော်ဝေနိုင်ငံသား Philip Manshaus ဟာလည်း ဖေ့စ်ဘွတ်ခ်ကနေ လိုက်ဖ်လွှင့်ပြီး ပစ်ခတ်ခဲ့တာပါပဲ။ သူကလည်း “နယူးဇီလန်မှာ ဖြစ်ခဲ့တဲ့ ဩစတေးလျ သေနတ်သမားအား ထောက်ခံကြောင်း”သူ့ပို့စ်မှာ ရေးသားခဲ့ပါသေးတယ်။ သူတို့အားလုံးကတော့ နိုင်ငံခြားသားတွေ အခြေချနေထိုင်မှု တိုးပွားလာတဲ့အပေါ် မကျေနပ်တဲ့ လက်ယာအစွန်းရောက်တွေ ဖြစ်ကြတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို လိုက်ဖ်လွှင့်တာ၊ ပို့စ်တင်တာတွေကတော့ “လူတွေရဲ့ အာရုံစိုက်မှုကို ခံယူလိုတဲ့၊ လိုလားတဲ့ အခြေခံစိတ်မှာတော့ တူညီနေတာကို တွေ့ရတယ်။ ပေါ်ပြူလာ ဖြစ်လိုစိတ်၊ ထင်ပေါ်ကျော်ကြားလိုစိတ်လည်း ရှိနေတယ်လို့ ယူဆနိုင်ကြောင်း စိတ်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ တပြိုင်တည်းမှာပဲ အကြမ်းဖက်လိုစိတ်ဟာလည်း သူတို့စိတ်သန္တာန်မှာ အမြစ်တွယ်နေဟန် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီအကြမ်းဖက်လိုစိတ်ဟာ ဘယ်မှာ မြစ်ဖျားခံခဲ့သလဲ။ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး မကျေလည်မှုတွေမှာ မြစ်ဖျားခံခဲ့သလား။ နယူးဇီလန်နဲ့ နော်ဝေနိုင်ငံတို့မှာတော့ အစွန်းရောက် အမျိုးသားရေးကနေ အစပြုခဲ့ဟန်ရှိပါတယ်။ ၂၀ ရာစုနှောင်းရဲ့ ပဋိပက္ခဖြစ်မှုဟာ လက်ဝဲ လက်ယာ အားပြိုင်မှုရဲ့ စစ်အေးကာလအပေါ် အခြေခံခဲ့ပေမယ့် ၂၁ ရာစုအစောပိုင်းကစပြီး ဒေသဆိုင်ရာ အမျိုးသားရေးအားပြိုင်မှုအပေါ် ပြောင်းလဲလာခဲ့တာကို တွေ့နိုင်တယ်။ တနည်းပြောရရင် အမျိုးသားရေးအစွန်းရောက်မှုတွေကနေ မြစ်ဖျားခံလာတယ် ဆိုနိုင်ကြောင်း ပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံ ပြန်လည်ပြုပြင်ရေးစခန်း ညွှန်ကြားရေးမှူးချုပ် ဆာဗက်စတာနန်က “တခါ တခါတော့လည်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခအဖြေက သေနတ်တွေ ဖြစ်နေတတ်တယ်။ သေနတ်ကပဲ တရားမျှတမှုကို ဖြစ်စေတယ်လို့ ထင်နေကြသူတွေ ရှိတယ်”လို့ ပြောခဲ့တယ်။ တရားမျှတမှု ကင်းမဲ့တယ်၊ ဖိနှိပ်ခံရတယ်၊ ငွေများ တရားနိုင်တယ်၊ ဥပဒေအထက်မှာ လူပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ရပ် ရှိနေတယ်လို့ ယူဆလာရင် ဒီလို ဖြေရှင်းမှုမျိုးကပဲ တရားမျှတမှုကို ပေးနိုင်တယ်လို့ ထင်မြင်လာကြမှာပါပဲ။        ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ လတ်တလောဖြစ်ရပ်တွေနဲ့ နယူးဇီလန်၊ နော်ဝေနိုင်ငံတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီတွေနဲ့ အစွန်းရောက်လက်ယာဝါဒီတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ကမ္ဘာကြီးအတွက် သင်ခန်းစာယူ သတိပြုကြရမှာပါ။ အဲဒီလိုပဲ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ပြီး တရားမျှတမှု ရှာဖွေခြင်းမျိုးကလည်း ထိတ်လန့် သင်ခန်းစာယူစရာပါ။ တခါတခါတော့လည်း ကမ္ဘာကြီးဟာ အဖျက်စိတ်နဲ့ တည်ဆောက်စိတ် နှစ်ခုမှာ အဖျက်အင်အားစုက များနေခြင်းကြောင့်ပဲ တရာမျှတမှုကင်းပြီး အကြမ်းဖက်စိတ်တွေ ပေါက်ကွဲနေကြလေရော့သလားလို့ တွေးထင်စရာပါ။ ဒီဖြစ်ရပ်အားလုံးကို သင်ခန်းစာအဖြစ် ယူရင်း မြန်မာနိုင်ငံမှာလည်း အစွန်းရောက်အ မျိုးသားရေးဝါဒီ မပေါ်ထွန်ရေး။ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လို ပြင်ဆင်အကောင်အထည်ဖော်ကြမလဲ ဆိုတာကို အစဉ်သတိပြုသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး
1 year Ago
ထိုင်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းပေါင်း ၄၀ ကျော်အား ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း
ထိုင်းနိုင်ငံ နခွန်းရာ့ချ်ဆီမားခရိုင်မှာ ပြီးခဲ့တဲ့အပတ်က စစ်သားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ နောက်ပိုင်း ထိုင်းတပ်မတော်အနေနဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံနေရပြီး ထိုင်းကြည်းတပ်ဦးစီးချုပ်ကလည်း ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါတယ်။  အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းမှာ တပ်ထဲက အထက်အရာရှိက စီးပွားရေးလုပ်ပြီး လက်အောက်ငယ်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ရာထူးကြီးကြီး အရာရှိတွေကို စီးပွားရေးလုပ်ခွင့်ပြုတော့မှာမဟုတ်ဘဲ ကြည်းတပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနလက်သို့ လွှဲပြောင်းစီမံစေမယ့်အကြောင်း ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုံးဆုမ်ဖုန်းက  ပြီးခဲ့တဲ့အပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။  ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာတော့ ထိုင်းတစ်နိုင်ငံလုံးရှိ  ကြည်းတပ် ပိုင်ဆိုင်တဲ့ စီပွားရေးလုပ်ငန်းအမျိုးအစား‌ပေါင်း ၄၀ ကျော်ကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း သဘောတူစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးလိုက်ပါတယ်။   အဆိုပါ စီးပွါးရေးလုပ်ငန်းအမျိုးအစားပေါင်း ၄၀ ကျော်ထဲမှာ ဧကပေါင်း  ၃ သိန်းခွဲ ကျော်ရှိ မြေယာနဲ့ အိမ်ခြံ မြေလုပ်ငန်း၊ အဆောက်အဦလုပ်ငန်း၊ ဆိုင်ခန်းတွေနဲ့ လေဟာပြင်ဈေးတွေ၊ အားကစားရုံ၊ လက်ဝှေ့ရုံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း၊ ဟိုတယ်နဲ့ အပန်းဖြေစခန်း အစရှိတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့  ထိုင်းကြည်းတပ် စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ထီရဝပ် ဘွန်ယဝပ်က အမ်အိုယူ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောပါတယ် ။ ထိုင်းကြည်းတပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ တပ်မိသားစု သက်သာချောင်ချိရေးအတွက် လုပ်ဆောင်တာဖြစ်ပြီး  ဈေးနှုန်းမှာ အပြင်ကထက် ချိုသာကာ ထုတ်ကုန်အရည်အသွေးနဲ့ ကောင်းမွန်သော ဝန်ဆောင်မှုတွေရှိတာကြောင့် တပ်တွင်းမိသားစုတွေတင်မကဘဲ ပြင်ပကပါ လာရောက်ဝယ်ယူ အားပေးကြကြောင်း၊ တချို့လုပ်ငန်းတွေမှာ အပြင်လူတွေပါ ပါဝင်ပတ်သက်လာတဲ့အတွက် ရှုပ်ထွေးမှုတွေ ရှိလာလို့  အခုလို လွှဲပြောင်းလိုက်တာလို့ ဗိုလ်ချုပ်ကြီး ထီရဝပ်ဘွန်ယဝပ်က ပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းပရဆုန် ဖွန်းထနစ်ကလည်း ကြည်းတပ်စစ်ဦးစီးချုပ်ရဲ့  ဆုံးဖြတ်ဆောင်ရွက်မှုပေါ်  ကြိုဆိုချီးကျူးလိုက်ပြီး သူတို့အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ စီမံခန့်ခွဲကာ အကျိုးအမြတ်တွေကို ကြည်းတပ်မတော်အတွက် ဝေပုံကျ ပြန်ခွဲပေးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။  ထိုင်းကြည်းတပ် ပြုပြင်ပြောင်းလဲရေးမှာ လူအစုအပြုံလိုက် ပစ်ခတ်မှုကျူးလွန်သူ ကြာကျူတ်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ တိုင်းဒေသအမှတ် ၂ မှ လက်နက်တပ်ရင်းမှူးကိုလည်း ပြောင်းရွှေ့လိုက်သလို ရာထူးကြီးအရာရှိတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။  ဒါ့အပြင် တပ်မတော်က အငြိမ်းစားယူထားပေမယ့် ဝန်ထမ်းအိမ်ရာ ပြန်မအပ်ဘဲ ဆက်နေထိုင်သူတွေ၊  ဒါမှမဟုတ် ဆွေမျိုးတွေကို နေစေတာ၊ တဆင့်ပြန်ငှားစားနေတာတွေ၊ တပ်ပြောင်းပေမယ့် အိမ်မပြောင်းသူတွေကိုလည်း ဒီလအတွင်း အပြီးပြန်အပ်ဖို့ ညွှန်ကြားထားပါတယ်။ တပ်မတော်က အငြိမ်းစားယူပေမယ့် တပ်ပိုင်အိမ်မှာ နေထိုင်နေတဲ့သူတွေထဲမှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား၊ ဒုဝန်ကြီးချုပ် ပရဝစ်ဝုန်းဆုဝမ်း အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ ပါဝင်နေပြီး သူတို့အနေနဲ့ စံပြအဖြစ် တပ်ပိုင်နေ အိမ်ကနေ အရင်ဆုံးရွှေ့ပြဖို့လိုကြောင်း အေအက်စ်တီဗွီသတင်းဌာန ထူထောင်သူလည်းဖြစ်၊ ယခင်က ရှပ်ဝါပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့  ဆွန်ထိလင့်ထောင်းကွန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေအနေနဲ့ အထက်အရာရှိရဲ့ နိုင့်ထက်စီးနင်းပြုမှု၊ မတရားမှုနဲ့ ပြုပြင်ပြောင်းလဲစေလိုတဲ့ အချက်တွေကို အွန်လိုင်းဟစ်တိုင်ကနေတဆင့် ဖွင့်ဟပြောဆိုနိုင်ကြောင်း ကြေညာထားပေမယ့် တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့  ဆွန်ထိလင့်ထောင်းကွန်းက ဆက်ပြောပါတယ်။  ဖွင့်ဟတိုင်တန်းလိုသူ တပ်မတော်သားတွေဟာ မိမိရဲ့အမည် ကိုယ်ပိုင်အမှတ် တပ်ခွဲ တပ်ဖွဲ့ အစရှိတဲ့ ကိုယ်ရေးရာဇဝင်တွေ အမှန်အတိုင်း ဖော်ပြရမှာမို့ မရဏအိုးထဲ ခုန်ချသလို ဖြစ်သွားမယ်လို့ ဆွန်ထိလင့်ထောင်းကွန်းက ထောက်ပြပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေးလီးနယူးစ်သတင်းထောက်က တပ်မတော်သားတွေနဲ့ ဆက်သွယ်မေးမြန်းရာမှာ အွန်လိုင်းဟစ်တိုင်က  မိမိတိုင်ကြားချက်တွေကို လျှို့ဝှက်ထားမယ်ဆိုပေမယ့် တနေ့နေ့မှာ ပေါက်ပေါက်လာမှာ ဖြစ်ကြောင်း၊ တိုင်လိုက်ရင် ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲလိုက်သလို ဖြစ်သွားမှာမို့ ဘယ်သူမှ မတိုင်ရဲကြောင်း၊ ဒါဟာ အွန်လိုင်းဟစ်တိုင်ဖွင့်တာဟာ ပြဿနာကို အပေါ်ယံသဘောလောက်ဘဲ ဖြေရှင်းတာ ဖြစ်တယ်လို့ ဖြေပါတယ်။  ထိုင်းကြည်းတပ်ဦးစီးချုပ်အနေနဲ့ တပ်တွင်း သန့်စင်ရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် အခုလို ကြိုးပမ်းဆောင်ရွက်နေပေမယ့်လည်း  ခိုရတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ လာရောက်ဖြေကြားပေးဖို့ စာပို့ထားလည်း ခံနေရပါတယ်။ အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ကြာကျူတ်ဟာ ဗိုလ်မှူးကြီးအိမ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၃ နာရီလောက်ကြာမှ Terminal-21 ကုန်တိုက်ကြီးကို ရောက်လာကြောင်း၊ သူဟာ တပ်ထဲမှာ အချိန်ကြာကြာရှိနေပြီး အဲဒီအချိန်တွင်း ဘာကြောင့် ကြာကျူတ်ကို မနှိမ်နင်းနိုင်သလဲ၊ တပ်ထဲမှာ ဘာအရှုပ်အထွေးတွေ ရှိနေသလဲ စတာတွေကို လာရောက်ဖြေကြားပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ တီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကြည်းတပ်ဦးစီးချုပ်အနေနဲ့ လွှတ်တော်ထဲ ဘယ်တော့ သွားရောက်ဖြေကြားပေးမလဲ ဆိုတာတော့ မသိရသေးပါဘူး။  ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ထိုင်းအစိုးရက သေဆုံးခဲ့ရသူတွေအတွက် ကရုဏာကြေးတွေ တစ်ဦးလျှင် ဘတ်ငွေ ၁ သန်း၊ ဒဏ်ရာပြင်းထန်သူတွေအတွက် ဘတ် ၂ သိန်းစီ၊ ဒဏ်ရာမပြင်းသူတွေအတွက် ဘတ် ၁ သိန်းစီ ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
1 year Ago
ဆိုးသွမ်းစစ်သားအတွက် တောင်းပန်စဉ် မျက်ရည်ကျခဲ့သည့် ထိုင်းကာချုပ်
လူ ၂၉ ယောက် သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရခဲ့တဲ့ ဆိုးသွမ်းစစ်သားရဲ့ လုပ်ရပ်အပေါ် ထိုင်းကာကွယ်ရေး ဦးစီးချုပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့  တောင်းပန်စဉ်မှာ မျက်ရည်ကျခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်က ထိုင်းစစ်တပ် အရာခံဗိုလ် အဆင့်ရှိသူ အသက် ၃၂ အရွယ်  နိုင်းကျက-ဖတ်ထုပ်မားဟာ နခွန်းရာ့ချ်ဆီးမားခရိုင်ရှိ Terminal 21 ရှော့ပင်းမော်လ်ကို ဝင်ရောက်စီးနီးပြီး  ဈေးဝယ်သူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့ပါတယ်။  အဲဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံတနိုင်ငံလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် အပီရက် ခွန်ဆမ်ပေါင်က ထိုင်းစစ်သားတယောက်ကြောင့် ဒီလိုဖြစ်ခဲ့ရတဲ့အပေါ်မှာ သူ့အနေနဲ့ တောင်းပန်ပါကြောင်း  ပြောခဲ့ပါတယ်။  ထိုင်းစစ်တပ်အနေနဲ့ ထိခိုက်သေဆုံးရသူတွေနဲ့ မိသားစုဝင်တွေ အားလုံးကို လျော်ကြေးပေးအပ်သွားမယ်လို့လည်း မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲအတွင်း ကာကွယ်ရေးဦးစီးချုပ် အပီရက်က ပြောခဲ့ပါတယ်။  သေနတ်မောင်းဆွဲလိုက်တဲ့ အခိုက်အတန့်မှာပဲ ကျူးလွန်သူဟာ စစ်သားမဟုတ်တော့ဘဲ ရာဇဝတ်ကောင် ဖြစ်တယ်လို့ အပီရက်က ဆိုပါတယ်။  ဒါ့အပြင်  ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းသွားမယ်လို့ ပြောခဲ့ပြီး စစ်မှုထမ်းတွေအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက် တိုင်ကြားနိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းသစ်ကို ဖွင့်လှစ်သွားမယ်လို့လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
1 year Ago
ထိုင်းစစ်သား ပစ်ခတ်မှုကြောင့် ၂၉ ဦး သေဆုံး၊ ၅၇ ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ နခွန် ရတ်ချာစီမာခရိုင်မှာ စစ်သားတယောက်က လူအုပ်ကို ရမ်းကား ပစ်ခတ်ခဲ့လို့ လူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအတွက် ဖေဖော်ဝါရီ ၉ ရက်မှာ ဆုတောင်းပွဲကို လူထောင်ချီ တက်ရောက်ပါတယ်။ ဘုန်းတော်ကြီးတွေက ဦးဆောင်တဲ့ ဆုတောင်းပွဲမှာ သေဆုံးသူတွေအတွက် ပန်းဖြူတွေကို လူတွေက ချထားခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ Terminal 21 Shopping Centre ထဲမှာ ရှိနေသူတွေပါ။ ပစ်ခတ်သူဟာ သူ့စစ်စခန်းကနေ ခိုးယူလာတဲ့ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ရေး ရိုင်ဖယ်တို့နဲ့အတူ ညလုံးပေါက် ခိုအောင်းပစ်ခတ်ခဲ့ပါတယ်။ စစ်သားဟာ သူ့အထက်အရာရှိရဲ့အိမ်မှာ ပစ်ခတ်အပြီး စစ်စခန်းထဲ ဝင်ရောက်ခဲ့ပြီးမှ ကုန်တိုက်တန်းထဲ ဝင်ခဲ့တာပါ။ ကုန်တိုက်တန်းထဲမှာ ပစ်ခတ်သတ်ဖြတ်မှုဟာ စနေမွန်းလွဲ ၃ နာရီက စခဲ့တာပါ။ အထူးတပ်ဖွဲ့ဝင် စစ်သည် ဂျတ်ကရာဖှန် သန်မာကို ကုန်တိုက်တန်း မြေအောက်ခန်းမှာ ဖေဖော်ဝါရီ ၉ ရက်မနက် ရောက်မှ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပစ်ခတ်သူဟာ တိုက်ခိုက်နေချိန်မှာပဲ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စာတွေ ရေးတင်ခဲ့ပါသေးတယ်။ သူဟာ အထက်အရာရှိရဲ့ ဆွေမျိုးတယောက် ပါဝင်ပတ်သက်နေတဲ့ မြေယာ အရောင်းအဝယ်အပေါ် ဒေါသထွက်ခဲ့တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
1 year Ago
သမိုင်းဝင်နေ့စွဲများ  (၂၁ ဒီဇင်ဘာ ၁၉၈၈) 
၁၉၈၈  ဒီဇင်ဘာ ၂၁ ရက်က စကော့တလန် လော့ကာဘီအရပ်မှာ  ပန်အမ်လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၄၇ လေယာဉ်ဗုံး ပေါက်ကွဲမှုကြောင့်  လိုက်ပါလာသူ ၂၅၉ ဦး နဲ့ မြေပြင်ရှိလူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။    [caption id="attachment_362582" align="alignnone" width="430"] Abdelbaset al-Megrahi, who was found guilty of the 1988 Lockerbie bombing and sentenced to life imprisonment, is greeted by Libyan leader Muammar Gaddafi, in Tripoli, Libya on Friday, Aug. 21, 2009 following his release on compassionate grounds because he had terminal cancer. He died in May 2012 (photo credit: AP Photo/Jamahiriya Broadcasting via APTN)[/caption] ဓာတ်ပုံ- AP
1 year Ago
ထိုင်းတက္ကသိုလ်ကျောင်းသူ ရေးဆွဲထားသည့် ဗုဒ္ဓပုံပန်းချီကား ဘတ်ငွေ ၆ သိန်းဖြင့် လေလံအောင်
2 years Ago
ထိုင်းနိုင်ငံ ပတ္တယားတွင် ရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဥပဒေနဲ့မညီတဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပတ္တယားဒေသ ဘန်လမုန်းမြို့ရှိ ဆောက်လက်စ Terminal 21 Pattaya ကုန်တိုက်ကြီးတခုမှာ တရားမဝင်အလုပ်သမား အများအပြားရှိကြောင်း ဒေသခံတွေရဲ့ တိုင်ကြားချက်အရ ပထမဆုံး လူလွှတ်ထောက်လှမ်းခဲ့ပြီး သတင်းပို့ချက် မှန်ကန်တာနဲ့ မနေ့မနက်က အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်တပ် စတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တာလို့ ဘန်လမုန်းမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းနရစ် နိရာမိုင်ဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးချက်အရ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ အလုပ်သမားပေါင်း ၃၀၀ ကျော် တွေ့ရှိရကြောင်း၊ သူတို့တွေမှာ ပန်းရောင်ကတ်သာရှိပြီး အလုပ်သမားမှတ်ပုံတင်မရှိခြင်း၊ ပန်းရောင်နေထိုင်ခွင့်ကတ် သက်တမ်းကုန်ခြင်း၊ အလုပ်နေရာမှားယွင်းခြင်း၊ အလုပ်ရှင်မှားယွင်းခြင်း၊ သတ်မှတ်ထားတဲ့ ဧရိယာပြင်ပတွင် နေထိုင်ခြင်း စတဲ့ အပြစ်တွေရှိတာကြောင့် အလုပ်သမားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Terminal 21 Pattaya ကုန်တိုက်ဆောက်လုပ်ရေးလုပ်ငန်းမှာ အကျယ်အဝန်း ၁၂ ဧကကျော်ရှိ မြေပေါ်မှာ တည်ဆောက်နေပြီး ကုန်ကျငွေ ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၆၀၀၀ ရှိကြောင်း၊ အထဲမှာ ဆိုင်ခန်းတွေအပြင် အခန်းပေါင်း ၃၆၉ ခန်းပါ ဟိုတယ်ကြီးတခုလည်း ပါဝင်တဲ့အတွက် ထိုင်းနိုင်ငံအရှေ့ပိုင်းမှာ အကြီးမားဆုံးဖြစ်လာမယ့် ကုန်တိုက်ကြီးတခုလည်း ဖြစ်ပါတယ်။
4 years Ago
သြဂုတ်လတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးဝင်
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစ ပထမလေးလ ဧပြီကနေ ဇူလိုင်လ ကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၇၄၀ ကျော်ပဲ ၀င်ခဲ့ပေမယ့် အခု သြဂုတ် တလတည်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ၀င်လာတာကြောင့် အခုနှစ်အတွက် ပမာဏ အများဆုံး လအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ [caption id="attachment_45321" align="alignright" width="300"]သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ် သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ်[/caption] ပြီးခဲ့တဲ့ ၄ လတာ အတွင်း ကုမ္ပဏီပေါင်း ၅၀ နီးပါး ရင်းနှီးမြှုပ်နှံခဲ့ပြီး အခု သြဂုတ်လမှာတော့ ကုမ္ပဏီ ၄၀ က ခုလို ပမာဏ အများကြီး ရင်းနှီးမြှုပ်နှံလာတာ ဖြစ်ပါတယ်။ ဒီ ပမာဏ ဟာ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွက် အစိုးရရည်မှန်းချက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆ ဘီလီယံရဲ့ ထက်ဝက်ကို ရောက် လာပြီဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ပို့ကုန်လုပ်ငန်း၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ ဟိုတယ်နဲ့ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေတော့ ပါဝင်တာ မတွေ့ရပါဘူး။  
7 years Ago
မြန်မာမီးရထားက Dry Port ၂ ခု တည်ဆောက်မည်
ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်က စပြီး Dry Port ခေါ် ကုန်းတွင်းဆိပ် ၂ ခုကို ရန်ကုန်နဲ့ မန္တလေးမှာ အကောင်အထည် ဖော်သွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ [caption id="attachment_45321" align="alignright" width="300"]သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ် သီလ၀ါ ဆိပ်ကမ်း[/caption] ဒီလို Dry Port တည်ဆောက်ရခြင်း ဟာ ပင်လယ်ကူး သင်္ဘောတွေ နဲ့ ဆိုက်ရောက်လာတဲ့ ကွန်တိန်နာတွေ ရန်ကုန်ရောက်တဲ့အခါ ကားနဲ့ အဆင့်ဆင့် သယ်ယူနေရာကနေ ရထားလမ်းကြောင်း ကနေ အလွယ်တကူ သယ်နိုင်အောင် လုပ်တာ လို့ ကြေညာ ချက်မှာ ဖော်ပြ ထားပါတယ်။ ကနဦးစီမံချက်အနေနဲ့ ရန်ကုန် ရွာသာကြီးဘူတာနားမှာ တခု၊ မန္တလေး မြစ်ငယ်ဘူတာအနားမှာ တခု  Dry Port ၂ ခု အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။ ဒီအတွက် လာမယ့် သြဂုတ်လထဲမှာ လုပ်ငန်း အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်မှာ ဖြစ်ပြီး စက်တင်ဘာထဲမှာ လုပ်ငန်းစတင် အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်ဆိုရင် ကွန်တိန်နာတွေကို ရထားလမ်းကနေတဆင့် မြန်မာနိုင်ငံအနှံ့ လွယ်လွယ်ကူကူ ပို့ဆောင်နိုင်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
7 years Ago
မြန်မာသီလ၀ါ အများပိုင်ကုမ္ပဏီ ရှယ်ယာ သက်သေခံလက်မှတ် ထုတ်ယူနိုင်ပြီ
  မြန်မာ သီလ၀ါ SEZ ဟိုးဒင်း အများပိုင်ကုမ္ပဏီမှာ အစုရှယ်ယာ ၀ယ်ယူထားသူတွေကို ဇွန် ၃၀ ရက် ဒီနေ့က စပြီး အစုရှယ်ယာ သက်သေခံလက်မှတ် (Shares Certificate)တွေ စ ထုတ်ပေးတော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။ [caption id="attachment_45321" align="alignright" width="300"]သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ် သီလ၀ါ ဆိပ်ကမ်း[/caption] အစုရှယ်ယာလက်မှတ် ၀ယ်ယူထားစဉ်က အဆိုပြုထားတဲ့ နည်းလမ်းအတိုင်း လူတချို့ဟာ သက်သေခံလက်မှတ်ကို ကုမ္ပဏီရုံးခန်းမှာ သွားရောက် ထုတ်ယူနိုင်ကြပါမယ်။ တချို့ ရှယ်ယာရှင်တွေ ကိုတော့ အမြန်ချောပို့စနစ်နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပြီး လက်ခံရရှိကြောင်း လက်မှတ် ပြန်လည် ရေးထိုးပေးရမှာ ဖြစ်ပါတယ်။ တချို့ အမြန်ချောပို့ မရောက်တဲ့မြို့နယ်က လူတွေကတော့ သက်ဆိုင်ရာမြို့နယ်မှာ ရှိတဲ့ သမ၀ါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ အာရှစိမ်းလန်းဘဏ်တွေမှာ သွားရောက် ထုတ်ယူ နိုင်အောင် စီစဉ်ပေးထားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
7 years Ago
အစိုးရ သက်တမ်း ၃ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးတက်
အစိုးရသက်တမ်း ၃ နှစ်တာကာလအတွင်း ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေး မဟာဗျူဟာ လုပ်ငန်းစဉ် ၄ ချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုပမာဏ သိသိသာသာ တိုးတက်လာပါတယ်။ [caption id="attachment_45321" align="alignleft" width="300"]သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ် သီလ၀ါ ဆိပ်ကမ်း[/caption] ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် တဲ့ နိုင်ငံခြားကုမ္ပဏီ နဲ့ မြန်မာကုမ္ပဏီ အရေအတွက်လည်း သိသိသာသာ တိုးပွားလာတယ်လို့ အစိုးရက ကိန်းဂဏန်းနဲ့ တကွ ထုတ်ပြန်ကြေညာ ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်တက်တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကတော့ ၄၆ ဘီလီယံကျော်အထိ ရှိလာတဲ့အတွက် ၃ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ၆ ဘီလီယံကျော် တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှုပမာဏမှာလည်း အစိုးရသစ်တက်တဲ့နှစ်က ဒေါ်လာ ၁၈ ဘီလီယံလောက်ပဲ ရှိရာကနေ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ဒေါ်လာ ၂၅ ဘီလီယံအထိ ရောက်လာပြီး ၇ ဘီလီယံလောက် တိုးတက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အလားတူ အစိုးရသစ် တက်ခါစက နိုင်ငံခြားကုမ္ပဏီ ၄၀ လောက်ပဲ ရှိရာကနေ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကုန်မှာတော့ ကုမ္ပဏီ ၁ ထောင်ကျော်အထိ ရောက်လာတယ်လို့ ဖော်ပြ ထားပါတယ်။
7 years Ago
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၇ ခုတွင် မှောင်ခိုဖမ်းရန် အစိုးရအဖွဲ့ ခွင့်ပြု
[caption id="attachment_45321" align="alignright" width="300"]သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ် သီလ၀ါ ဆိပ်ကမ်းအား မြင်တွေ့ရစဉ်[/caption] နယ်စပ်တွေကနေ ၀င်လာတဲ့ မှောင်ခိုကုန်ပစ္စည်းတွေကို လမ်းကနေ ကြားဖြတ် စစ်ဆေးဖမ်းဆီးနေတဲ့ Mobile Team ခေါ် မှောင်ခိုဖမ်းအဖွဲ့ဟာ ရန်ကုန်က နာမည်ကြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၇ ခုကို စစ်ဆေးဖမ်းဆီးဖို့ အစိုးရက ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း အဖွဲ့ဝင်တဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့ ဆိပ်ကမ်းတွေထဲမှာ အေးရှားဝေါလ် ဆိပ်ကမ်း၊ ထီးတန်း ဆိပ်ကမ်း၊ သီလ၀ါ ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း နဲ့ ဆူးလေ ဆိပ်ကမ်းတွေလည်း ပါဝင်ပါတယ်။ အကောက်ခွန်မဲ့ ခိုးသွင်းလာတဲ့ မှောင်ခိုကုန်တွေကို စစ်ဆေးတဲ့အခါ ဆိပ်ကမ်းလုပ်ငန်းတွေကို အနှောင့်အယှက်မဖြစ်ရအောင် ဆိပ်ကမ်းအပြင်ဘက်ရောက်မှ ကွန်တိန်နာတွေကို Mobile Team အဖွဲ့က ရှောင်တခင် ရပ်တန့်စစ်ဆေးမယ်လို့ သူက ပြောပြပါတယ်။ ဆိပ်ကမ်းက ၀င်လာတဲ့ ကုန်စည်တွေကို စစ်ဆေးဖမ်းဆီးရာမှာ အကောက်ခွန်၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာ ဌာန၊ ထွေအုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ရှင်းပြပါတယ်။
7 years Ago
ရန်ကုန်တွင် ဆိပ်ကမ်းကြီး ၆ ခု ထပ် တိုးချဲ့မည်
ရန်ကုန်မြို့မှာ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းကြီး ၆ ခု ထပ်မံ တိုးချဲ့ တည်ဆောက်နေတယ်လို့ မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။ International Terminals Thilawa 05အဲဒီ ဆိပ်ကမ်းတွေကတော့ ရန်ကုန်မြို့ အလုံ သစ်တောဝင်းနေရာမှာ ၃ နေရာ၊ အလုံသင်္ဘောကျင်းနေရာ၊ သိမ်ဖြူသင်္ဘောကျင်းနေရာနဲ့ အမှတ် ၆ သစ်စက်နေရာတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ အခြေအနေ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ပင်လယ်ရေကြောင်း ကုန်ကူးသန်းရောင်းဝယ်မှု အဆများစွာ တိုးတက်လာပေမယ့် ပင်လယ်ကူးသင်္ဘော ဆိုက်နိုင်တဲ့ ဆိပ်ကမ်းနည်းတာ၊ ရှိတာတွေကလည်း ခေတ်မီ Port Equipment အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်ဆိပ်ကမ်းကို ၀င်တဲ့ ပင်လယ်ကူးသင်္ဘောတွေ ပင်လယ်ဝမှာ စောင့်ဆိုင်းရချိန် ကြာတာ၊ သင်္ဘောပေါ်ကနေ ကုန်တင်ကုန်ချ ခက်ခဲပြီး အချိန်ကြာတာ စတဲ့ ပြဿ နာတွေကြောင့် ခုလို ဆိပ်ကမ်းကြီး ၆ ခု ထပ်မံ တိုးချဲ့ရတာလို့ ဆိုပါတယ်။
7 years Ago
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြောင်းလဲဖွဲ့စည်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သမ္မတရုံး တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။ International Terminals Thilawa 05အသစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နဲ့ အတွင်းရေးမှူးအဖြစ် ကုမ္ပဏီများ မှတ်ပုံတင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်မှူး ဦးအောင်နိုင်ဦး တို့ဖြစ်ကြပါတယ်။ အဖွဲ့ဝင်တွေအဖြစ် နဂို ပါဝင်ခဲ့သူတွေတင်မက ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနဲ့ စီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်း တို့ကိုပါ ထပ်မံ ထည့်သွင်းဖွဲ့စည်းထားပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ နောက်ဆုံးဥက္ကဋ္ဌ လုပ်ခဲ့သူဟာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဖြစ်ပါတယ်။ ဒါတင်မက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဘဏ္ဍာရေးဝန်ကြီးဌာန အောက်မှာ မထားတော့ဘဲ ဗဟိုဘဏ်လို လွတ်လပ်တဲ့အဖွဲ့တခုအဖြစ် ရပ်တည်နိုင်ရေး ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
7 years Ago
သီလ၀ါစီးပွားရေးဇုန်အတွက် ဖယ်ပေးခဲ့ရသူများကို မြေနေရာ အစားပြန်ပေး
ဂျပန်-မြန်မာ ပူးတွဲအကောင်အထည်ဖော်မယ့် သီလ၀ါအထူးစီးပွားရေးဇုန်အတွက် ဖယ်ပေးလိုက်ရသူတွေကို အစားထိုးမြေနေရာ ပေးအပ်ပွဲကို ရန်ကုန်မြို့ သံလျင်မြို့နယ်မှာ မနေ့က စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ရန်ကုန်တိုင်း သီလ၀ါအထူးစီးပွားရေးဇုန်ကို ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်မှာ ဖြစ်ပြီး ၂၀၁၅ မှာ အပြီးသတ်ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ စီမံကိန်းပထမအသုတ်အဖြစ် သတ်မှတ်သိမ်းယူထားတဲ့ ဧရိယာ ဟက်တာ ၂၀၀၀ ကျာ်ထဲက ဟက်တာ ၄၀၀ အတွက် အိမ်မြေနေရာ အစားပြန်ပေးတာပါ။ ဒီမြေနေရာပေးတဲ့အစီအစဉ်ကို သံလျင်မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီပွဲကို သီလ၀ါ စီမံခန့်ခွဲရေး ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ် အိုးအိမ် ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဒေါ်သန်းသန်းသွယ်အပါအ၀င် တာဝန်ရှိသူတွေနဲ့ အစားထိုးမြေနေရာ ပြန်ရယူကြမယ့် ရွာသားအိမ်ထောင်စု ၆၈ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနောက် အများရှေ့မှာပဲ ရွာသားတွေက ကိုယ်နေထိုင်ခွင့်ရမယ့်မြေနေရာကို ပွင့်လင်းမြင်သာမှုရှိရှိ ကိုယ်တိုင်မဲနှိုက်စနစ်နဲ့ ရယူခဲ့ကြပါတယ်။ ဒေါ်သန်းသန်းသွယ်က ဒီအစီအစဉ်ကို ကမ္ဘာ့ဘဏ်ရဲ့ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်တာလို့ ပြောပါတယ်။ “အဓိက အားဖြင့် ၃ ခုပေါ့။ အိမ်တွေရဲ့ ပိုင်ဆိုင်မှု အမှုအနေအထားအရ ပေးတဲ့ဟာရှိသလို။ အသက်မွေးကြောင်းအရပေးတာရှိတယ်။ လူမှုရေးအရပေးတာရှိတယ်။ တအိမ်လုံးပေါင်းလိုက်ရင် ဆင်းရဲနွမ်းပါးမှု အောက်ရောက်တယ်ဆိုရင် အဲဒီဟာကို တအိမ်လုံးကို ဆန်အိတ်တွေပေးပါတယ်။ အဲဒါက လူမှုရေးအရ။ နောက်တခု အဲဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုလို့ရှိရင် တပတ်လောက် အလုပ်မလုပ်နိုင်ဘူးပေါ့နော်။ တပတ်စာ အလုပ်ပျက်ကွက်ခ ပေးပါတယ်။ သူဟာ နွားမွေးမြူရေး လုပ်ရင် သူ့အမြတ်ရဲ့ သုံးနှစ်စာကို ပေးပါတယ်။ နောက်ပြီးတော့ ဒီနွားတွေကို ဈေးလျော့ ရောင်းလိုက်ရင် နစ်နာမှာ စိုးတဲ့အတွက် အဲဒါအတွက်ကိုလည်း ပေးပါတယ်။ စပါးနဲ့ ပတ်သက်ပြီးတော့ ၆ နှစ်စာ ပေးပါတယ်။ သီးနှံကျတော့ ၄ နှစ်စာ ပေးပါတယ်။” မြေနေရာ အစားထိုးပေးတဲ့နေရာမှာလည်း ပေ ၂၅ နဲ့ ပေ ၅၀ အကျယ်အ၀န်းရှိတဲ့ မြေကွက် အပေါ်မှာ ၁၂ ပေနဲ့ ၁၆ ပေ ရှိတဲ့ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာအိမ်အမျိုးအစားကို အပြီးအစီး ဆောက်လုပ်ပေးမှာဖြစ်ကြောင်းနဲ့ ဒီအတွက် မြေနေရာကိုလည်း သန်လျင်-ကျောက်တန်း လမ်းမကြီးဘေးရှိ မြိုင်သာယာရပ်ကွက်အတွင်းမှာ နေရာချပေးထားပြီး လျှပ်စစ်မီးနဲ့ ရေရရှိရေး အတွက်လည်း လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီအပြင် အိမ်ပြောင်းရွှေ့မှုအတွက် ပြောင်းရွှေ့စရိတ် ကျပ် ၁ သိန်းခွဲ အပါအ၀င် အသက်မွေးဝမ်းကျောင်းနဲ့ လူမှုရေးဆိုင်ရာကိစ္စတွေအပေါ် ဆုံးရှုံးမှုအတွက် ပေးအပ်မယ့် နစ်နာကြေးတွေကိုလည်း အိမ်သစ်ပြောင်းရွှေ့ပြီးနောက် တဆင့်ချင်း ပေးသွားမှာ ဖြစ်တဲ့ အကြောင်း ဒေါ်သန်းသန်းသွယ်က ဆက်လက် ပြောပါတယ်။ ယခု မြေနေရာ အစားထိုးပေးခဲ့တဲ့ ဧရိယာဟက်တာ ၄၀၀ ရှိတဲ့မြေတွေကလည်း ၁၉၉၇ ခုနှစ်ကတည်းက အိုးအိမ်ဌာနကနေ လျော်ကြေးပေးထားခဲ့ပြီးဖြစ်လို့ ပိုင်ဆိုင်မှုအရလည်း အိုးအိမ်ဌာနက ပိုင်ဆိုင်တဲ့မြေတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီ ဟက်တာ ၄၀၀ အတွင်းမှာ နေထိုင်နေကြတဲ့လူတွေက အခြားနေရာဒေသတွေကနေ လာရောက်ကြတာဖြစ်ပြီးတော့ အချို့သူတွေဆိုရင် နှစ်ကာလအားဖြင့် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့အကြောင်းနဲ့ ပိုင်ဆိုင်မှုအရလည်း အိုးအိမ်ဌာနကပိုင်တဲ့ မြေအပေါ် မှာ နေထိုင်နေကြတာ ဖြစ်တယ်လို့ အလွမ်းဆွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းက ပြောပါတယ်။ ဒါကြောင့် အစိုးရက အခုလို ပေးတဲ့အပေါ် ဒေသခံတွေဘက်က ကျေနပ်တယ်လို့ သူက ပြောပါတယ်။ ပထမအဆင့် စီမံကိန်းဧရိယာအတွင်းမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့တဲ့ ဒေသခံအမျိုးသမီး ဒေါ်သန်းသန်းဦးက မြေနေရာအစားထိုးပေးတဲ့နေရာမှာ သက်ဆိုင်ရာဌာနတွေဘက်က ပထမအကြိမ် ပြောဆိုတုန်းက ပေ ၂၀ နဲ့ ပေ ၄၀ အကျယ်အ၀န်းပေးမယ်လို့ ပြောတဲ့အပေါ် ဒေသခံတွေဘက်က ပြန်ညှိနှိုင်းခဲ့လို့ အခုတော့ ပေ ၂၅ နဲ့ ပေ ၅၀ အထိ ထပ်တိုးပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရဘက်က ညိနှိုင်းဆောင်ရွက်ခဲ့တဲ့အပေါ် ဘာမှပြောစရာမရှိတော့ဘူးလို့ ပြောပါတယ်။ “ကျမတို့ မြေမရှိဘူး။ ကျူးကျော်မြေပေါ့နော်။ ကျေနပ်မှုရှိပါတယ်။ ဘာမှ မပြောတော့ပါဘူး။” သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်ကို ၂၀၁၂ ခှုနှစ် မေလမှာ လက်မှတ်ထိုးခဲ့ တာဖြစ်ပြီး ဒုတိယအဆင့်ကို ဒီလကုန်ပိုင်းမှာ လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင် ဖော်ဆောင်တာ ဖြစ်ပါတယ်။
8 years Ago
Up