
ဆော်ဒီကလပ် အယ်လ်နာဆာ တိုက်စစ်မှူး ဂျွန် ဒူရမ်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။
ဗီလာအသင်းမှာ ကစားစဉ်က အနာဂတ်မှာ ထွန်းတောက်လာမယ့် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒူရမ်ဟာ မနှစ်ဆောင်းရာသီ အပြောင်းအရွှေ့ကမှ ပေါင် ၇၁ သန်းနဲ့ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့သူပါ။
ကိုလံဘီယာတိုက်စစ်မှူးဟာ ဆော်ဒီလိဂ် ပထမဆုံးရာသီမှာပဲ ၁၂ ဂိုးသွင်းခဲ့ပြီး ၆ လအကြာမှာပဲ တူရကီလိဂ်ဆီ တနှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားရမှာဖြစ်လို့ ဒူရမ်ကို ခေါ်ယူပြီး ချန်ပီယံလိဂ် နောက်ဆုံးအဆင့် တက်ရောက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။