
ဘန်လေအသင်းကို အတွေ့အကြုံတွေ၊ အရည်အချင်းတွေနဲ့ ကူညီပေးသွားမယ်လို့ နောက်ခံလူ ကိုင်ဝေါ်ကာက ပြောသွားပါတယ်။
အသက် ၃၅ နှစ်ရှိ ဝါရင့်နောက်ခံလူဟာ မနှစ်က မန်စီးတီးကနေ အေစီမီလန်အသင်းဆီ အငှားထွက်ကစားခဲ့ပြီးနောက် ဘန်လေအသင်းဆီ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဘန်လေအသင်းကို မိမိရဲ့ အတွေ့အကြုံတွေ၊ အရည်အချင်းတွေနဲ့ ကူညီပေးသွားမှာဖြစ်ပြီး နည်းပြ စကော့ပါကားရဲ့ အစီအစဉ်တွေကို သဘောကျတာကြောင့်လည်း အသင်းပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း ဝေါ်ကာက ပြောပါတယ်။
ဝေါ်ကာဟာ မန်စီးတီးနဲ့ ဆုဖလား ၁၅ လုံး ရယူနိုင်ခဲ့သူဖြစ်ပြီး စပါးအသင်းအသင်းဖော်ဟောင်း စကော့ ပါကားနဲ့ လက်တွဲပြီး တန်းမဆင်းရဖို့ ဦးစားပေးကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။