
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ခရစ်စမောလင်းဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းဆီ ရာသီကုန်အထိ စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် အင်္ဂလန် ကစားသမားဟောင်း စမောလင်းဟာ ဆော်ဒီကလပ် အယ်လ်ဖေဟာကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။ အခုစာချုပ်မှာ နောက်ထပ်တနှစ် သက်တမ်းတိုးနိုင်မဲ့ အခွင့်အရေးလည်း ပါဝင်ပါတယ်။
ပေါ်တိုဟာ ဒီရာသီ လိဂ်ပွဲ ၇ ပွဲစလုံး အနိုင်ရထားပြီး ဘင်ဖီကာကို ၅ မှတ် ဖြတ်ထားတာ ဖြစ်ပါတယ်။
စမောလင်းဟာ မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် အပါအဝင် အဓိက ဆုဖလား ၅ ခု ရရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် ရိုးမားမှာလည်း ကွန်ဖရင့်လိဂ်ဖလား ရရှိခဲ့သလို အင်္ဂလန်အသင်းအတွက် ၃၁ ပွဲ ကစားပေးခဲ့တာ ဖြစ်ပါတယ်။










