ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးပြီးနောက် အခြေအနေကောင်းလာရန်အချိန်လိုဟု မန်ယူနည်းပြပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးအပြီးမှာ အကောင်းမြင်ဖို့ ခက်ခဲကြောင်း မန်ယူနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အသင်းရဲ့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ အချိန်အပိုင်းအခြားတခုသာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ပွဲအတွင်း အနီကတ်ပြသခံရမှုတွေ ဟာလည်း ရှုံးနိမ့်မှုအတွက် ထည့်သွင်းစဉ်းစားရမဲ့ အချက်ဖြစ်ကြောင်း နည်းပြက ပြောဆိုသွားပါတယ်။
အသင်းအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ရှေ့ဆက်ပြီး တိုးတက်အောင် ပြင်ဆင်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အချိန်တန်ရင် အရာရာ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက တုံ့ပြန်ခဲ့ပါတယ်။











