မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် စာချုပ် ၁ နှစ် သက်တမ်းတိုး

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ စာချုပ်ပါ သက်တမ်းတိုးခွင့်ကို စတင်အသုံးပြုလိုက်ပါတယ်။
ဒီအတွက်ကြောင့် အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ ၂၀၂၈ ခုနှစ်အထိ အသင်းမှာ ဆက်ရှိ နေမှာ ဖြစ်ပါတယ်။
လာမဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြည်ပကလပ်တွေအနေနဲ့ သူ့ကို ကမ်းလှမ်းခွင့် ရတော့မှာ မဟုတ်ပါဘူး။
အသင်းရဲ့ အမှတ်ပေးဇယား ရလဒ်တွေ တိုးတက်လာမှ စာချုပ်သစ် ဆွေးနွေးပွဲတွေကို ပြန်စမှာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ပြည့်နှစ်က စပို့တင်းအသင်းကနေ ရောက်ရှိလာပြီး မန်ယူအတွက် ၃၄၃ ပွဲမှာ ၁၁၅ ဂိုး သွင်းယူထားတာပါ။
လက်ရှိမှာတော့ သူဟာ ဖျားနာနေတာကြောင့် ဘရန့်ဖိုဒ်နဲ့ပွဲမှာ ပါဝင်ဖို မသေချာသေးပါဘူး။ နည်းပြ ပိုချက်တီနိုကတော့ ပွဲမတိုင်ခင်မှ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ဆုံးဖြတ်မှာဖြစ်ပြီး စွန့်စားသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Photo:Reuters











