မန်ယူနည်းပြသစ်ခန့်အပ်ခနှင့် ထုတ်ပယ်ခစရိတ်များ ပေါင်သန်း ၁၀၀ နီးပါးရောက်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မာမာစီယို ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကို လျော်ကြေးငွေ ပေါင် ၇ သန်းခွဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒီငွေကြေးကြောင့် ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့နောက်ပိုင်း နည်းပြတွေကို ခန့်အပ် ထုတ်ပယ်ခဲ့ရတဲ့ စုစုပေါင်းစရိတ်ဟာ ပေါင် ၉၅ သန်းအထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အသင်းဟာ ပိုချက်တီနိုကို ခန့်အပ်ဖို့အတွက် ငွေကြေးထပ်မံချေးငှားခဲ့ရပြီး ရိုဆာချေးငွေပမာဏဟာ ပေါင် ၂၄၀ သန်းအထိ ရှိလာပါတယ်။
ပိုချက်တီနိုရဲ့ လက်ထောက်ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ်နဲ့ မိုက်ကယ်ကာရစ်ကို ထုတ်ပယ် ခဲ့ရတဲ့ စရိတ်တွေအပြင် ပြောင်းရွှေ့ကြေးကြွေးကျန်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
Photo:Reuters











