မန်ယူလူငယ်ကြယ်ပွင့် ဂျေဂျေဂါဘရီယယ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရန် အတည်ပြု
DVB
·
November 18, 2026
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား ဂျေဂျေဂါဘရီယယ်ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း လူမှုကွန်ရက်ကတဆင့် အတည်ပြုလိုက်ပါတယ်။
သူဟာ မန်ယူမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။
ဂါဘရီယယ်ဟာ မန်ယူအသင်း တာဝန်ရှိသူတွေကို အံ့အားသင့်စေခဲ့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းနေပြီဖြစ်ပြီး ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။











