မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကကမ်းလှမ်းတဲ့ ဒုတိယအကြိမ် စာချုပ်သစ်ကို ပယ်ချလိုက်ပါတယ်။
နည်းပြ မိုက်ကယ်ကာရစ် အသင်းကနေ ထွက်ခွာသွားရတဲ့ မငြိမ်မသက် အခြေအနေကြားမှာ အခုလို စာချုပ်သစ်ကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ မန်ယူအသင်းအတွက် အနာဂတ် အစီအစဉ်တွေမှာ အခက်အခဲ ဖြစ်စေခဲ့ပါတယ်။
အသင်းကို စတင်တာဝန်ယူတော့မဲ့ နည်းပြသစ် ပိုချက်တီနို အတွက်လည်း ဒါဟာ အစောပိုင်းမှာတင် ခေါင်းခဲစရာ စိန်ခေါ်မှု ဖြစ်လာပါတယ်။
ဘရူနိုဟာ လာမဲ့ ဇန်နဝါရီလမှာတင် ပြည်ပကလပ်အသင်းတွေနဲ့ စာချုပ်ကိစ္စ စတင်ဆွေးနွေးခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ အဓိကကစားသမားကို လက်လွှတ်ရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။











