
ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗီနီစီးယက်စ် ဟာ နွေရာသီ အပြောင်းအရွှေ့ သတင်းတွေကြောင့် စိတ်ဖိစီးမှု ခံစားခဲ့ရတယ်လို ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ရာသီအစမှာ ခြေစွမ်းပိုင်း ရောထွေးမှုတွေ ရှိခဲ့တာလို့ ပြောပါတယ်။
ဘရာဇီး တိုက်စစ်မှူးဟာ နည်းပြ မော်ရင်ညိုရဲ့ ရီးရဲလ်အသင်းအတွက် ၁၂ ပွဲ ကစားခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
ဗီနီဆီးယက်စ်က ကမ္ဘာ့ဖလားအပြီး လေ့ကျင့်ခန်း အပြည့်အဝ မလုပ်နိုင်ခဲ့တာကြောင့်လည်း ခြေစွမ်းကို ထိခိုက်ခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။
သူဟာ ဗီယားရီးရဲလ် ကစားသမား ဆာလီဘာရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် ၄ ပွဲပယ် ပြစ်ဒဏ်လည်း ကျခံခဲ့ရသူ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ လက်ရှိမှာ လာလီဂါ ထိပ်ဆုံးက ဘာစီလိုနာအသင်းရဲ့ နောက် ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။











