မန်ယူတွင် ကစားစဉ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စဉ်းစားခဲ့ဖူးကြောင်း ဝိန်းရွန်းနီ ထုတ်ဖော်ပြော

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဝိန်းရွန်းနီဟာ အသင်းမှာ ကစားနေစဉ်ကာလ အတွင်း စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ စဉ်းစားခဲ့ဖူးကြောင်း ထုတ်ဖော် ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ သတင်းဌာနတခုရဲ့ ပေါ့ဒ်ကတ်စ် အစီအစဉ်မှာ အဲဒီအချိန်က အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွန်းနီဟာ အသင်းအတွက် ၂၅၃ ဂိုးအထိ သွင်းယူပေးခဲ့ပေမဲ့ သားဖြစ်သူ ကိုင်ရူနီ အသက်ငယ်စဉ်က အရက်သောက်ပြီး အိမ်ထဲမှာ ၂ ရက်တိုင်တိုင် ပိတ်လှောင်နေခဲ့ဖူးတယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူတို့ထံ ရင်ဖွင့်ခဲ့ပြီးနောက် ကုထုံးပညာရှင်တယောက်နဲ့ပါ တိုင်ပင်ကာ အကူအညီ ရယူခဲ့ရတယ်လို့ ရွန်းနီက ရှင်းပြခဲ့ပါတယ်။
Photo:Reuters











