
ကွင်းလယ်ကြယ်ပွင့်ကစားသမား မူဆီယာလာရဲ့ ခြေထောက်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသသွားရမှာ ဖြစ်ကြောင်း ဘိုင်ယန်အသင်းက အတည်ပြုသွားပါတယ်။
ဂျာမန်ကြယ်ပွင့်ဟာ PSG ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဂိုးသမား ဒွန်နာရမ်မာနဲ့ ထိခိုက်မိပြီး ခြေထောက်ကျိုးသွားခဲ့တာပါ။
ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးနောက် မူဆီယာလာဟာ ခြေသလုံးရိုး ကျိုးသွားခဲ့တာကြောင့် ခြေကျင်းဝတ်အရိုးဟာလည်း နေရာမမှန်တော့တဲ့တွက် ခွဲစိတ်ကုသသွားရမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
မူဆီယာလာဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၄ လလောက် အနားယူရမယ်လို့ သိရပါတယ်။