ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်တာကြောင့် ပွဲအပြီးမှာ ဝိုင်းဝန်းအော်ဟစ် ရန်တွေ့ခဲ့ကြပါတယ်။
အထူးသဖြင့် ကာမာဗင်ဂါကို အငြင်းပွားဖွယ် အနီကတ်ပြခဲ့တာကို ရီးရဲလ်ဘက်က အလွန်အမင်း ဒေါသထွက်ခဲ့ကြတာပါ။
ပွဲအပြီးမှာ ဒိုင်လူကြီးကို လိုက်လံရန်တွေ့ခဲ့တဲ့ အာဒါဂူလာဟာလည်း အနီကတ် ထပ်မံပြသခံခဲ့ရသလို ရူဒီဂါနဲ့ ဗီနီစီးယက်စ်တို့လည်း ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
နည်းပြ အာဘီလိုအာကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ပွဲကိုဖျက်ဆီးလိုက်တာဖြစ်ပြီး တရားမျှတမှု မရှိဘူးလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်ကတော့ နှစ်ကျော့ပေါင်း (၆-၄ ) ဂိုး ရလဒ်နဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။










