
ပီအက်စ်ဂျီအသင်းရဲ့ နောက်ခံလူ ဟာကီမီဟာ ဘိုင်ယန်မြူးနစ်ကို (၅-၄) ဂိုးနဲ့ နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ မှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် လာမဲ့ သီတင်းပတ်အနည်းငယ်ကြာ အနားယူ ရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် မေ ၇ ရက်မှာ ကစားရမဲ့ ဒုတိယအကျော့ပွဲစဉ်ကို သူ လွဲချော်မှာ သေချာသွားပါတယ်။
ဟာကီမီဟာ ဘိုင်ယန်နဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးအထိ ဒဏ်ရာနဲ့ ဆက်ကစားခဲ့ရတာဖြစ်ပြီး အခုဒဏ်ရာက လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပါ စိုးရိမ်စရာ ဖြစ်လာပါတယ်။
သူဟာ ပီအက်စ်ဂျီအတွက် အမြဲတမ်း ပွဲထွက်ကစားပေးလေ့ရှိတဲ့ အမာခံကစားသမား တယောက် ဖြစ်သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုး သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ်။
Photo:Reuters











