
ပြင်သစ် လီဂူးဝမ်း ထိပ်ဆုံးက ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးနားက လီဟာဗရီအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒီပွဲမှာ နောက်ခံလူ အာရှရက်ဖ် ဟာကီမီက ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ပွဲအစ ၁၈ မိနစ်မှာ လီဟာဗရီအသင်းက ဦးဆောင်ဂိုး စသွင်းခဲ့ပေမဲ့ ဟာကီမီရဲ့ ဖန်တီးမှုကနေ ဂေါ့ဒ်စ် က ချေပဂိုးသွင်းခဲ့ပြီး နောက် ၂ မိနစ်မှာ ဟာကီမီကိုယ်တိုင် ဦးဆောင်ဂိုး သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ဟာကီမီက ဖရီးကစ်ကနေ တဂိုး၊ မာယူလူက တဂိုးနဲ့ ပွဲချိန် ၆၉ မိနစ်မှာ ဟာကီမီက နောက်ထပ်တဂိုး ထပ်သွင်းပြီး ဟက်ထရစ်ပြည့်သွားတာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် အနိုင်ရတာဖြစ်သလို လိဂ်မှာ ၆ ပွဲဆက် နိုင်ပွဲလည်း ဖြစ်ပါတယ်။
တခြားပွဲစဉ်တခုမှာတော့ ဝါဟီရဲ့ ဟက်ထရစ်နဲ့အတူ နိုက်စ်အသင်းက တတိယနေရာက ရန်းစ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
Photo:Reuters











