
ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ အယ်လ်ခိုလော့ဒ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ဒုတိယပိုင်း ၁၅ မိနစ်အတွင်းမှာပဲ ဂိုး ၃ ဂိုးကို ဆက်တိုက် သွင်းယူခဲ့တာပါ။
ဒီသွင်းဂိုးတွေကြောင့် ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ၉၈၅ ဂိုးအထိရှိလာပြီး ၁,၀၀၀ ပြည့်မြောက်ဖို့ ၁၅ ဂိုးသာလိုတော့တဲ့အထိ နီးကပ်လာတာဖြစ်ပါတယ်။
ပွဲစဉ်အတွင်း ရော်နယ်ဒိုရဲ့ ဂိုး ၂ ဂိုးကိုလည်း လူကျွံဘောအဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခဲ့တာကြောင့် ၅ ဂိုးအထိ သွင်းယူနိုင်မဲ့ အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။
အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့အတူ အယ်လ်ခိုလော့ဒ်ကို ၅-၃ ဂိုးနဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။
Photo:Reuters











