
ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ AEKA တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မန်စီးတီးအသင်းက ဂရိကလပ်ကို ဖီးလ်ဖိုဒန်ရဲ့ ဟက်ထရစ် ဂိုးတွေနဲ့အတူ ဂိုးပြတ် အနိုင်ရရှိ သွားပါတယ်။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို အဲလိယော့တ် အန်ဒါဆန်က သွင်းယူခဲ့ပြီးနောက် ဖိုဒန်က ၃ ဂိုး သွင်းယူခဲ့သလို ရာယန်း ရှာကီ သွင်းတဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
အေသင်အသင်းအတွက် ချေပဂိုးတဂိုးကို စတာဗရော့စ် ပီလီယော့စ်က ပြန်လည် သွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးဟာ အခုပွဲမှာ ခြေစွမ်းပြ အနိုင်ရခဲ့တာကြောင့် နိုင်ပွဲပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











