
ဇူလိုင် ၉ ရက် ဒီမနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ကလပ်ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက တိုက်စစ်မှူးသစ် ဂျာအိုပတ်ဒရိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘရာဇီးကလပ် ဖလူးမင်နိစ်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။
ချဲလ်ဆီးနဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး ပတ်ဒရိုဟာ ပွဲချိန် ၁၈ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့သလို ဒုတိယပိုင်းပွဲချိန် ၅၆ မိနစ်မှာ ဒုတိယဦးဆောင်ဂိုး ထပ်သွင်းခဲ့တာပါ။
၂ ဂိုးသွင်းပြီး ၄ မိနစ်အကြာ မိနစ် ၆၀ မှာပဲ နည်းပြ မာရက်စ်ကာက ပတ်ဒရိုကို နီကိုလပ်ဂျက်ဆင်နဲ့ လူစားလဲခဲ့ပါတယ်။
အဲဒီနောက် ပတ်ဒရိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ပဲ အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့တာပါ။
တခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင် ၁၀ ရက်မှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဇူလိုင် ၁၄ ရက်မှာ ချဲလ်ဆီးနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။