ခွဲခြားဆက်ဆံမှုကြောင့် ချဲလ်ဆီးအသင်း ပေါင် ၁ သိန်းခွဲ ဒဏ်ရိုက်ခံရ

ဇန်နဝါရီလက ချာလ်တန်အက်သလက်တစ်နဲ့ ကစားခဲ့တဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်အတွင်း ပရိသတ်တွေရဲ့ ကက်သလစ်နဲ့ အိုင်းရစ်ရှ် ဆန့်ကျင်ရေး အော်ဟစ်မှုတွေကြောင့် ချဲလ်ဆီးအသင်းဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ ပေါင် ၁၅၀,၀၀၀ ဒဏ်ရိုက် ခံလိုက်ရတယ်လို့ BBC အားကစား သတင်းမှာဖော်ပြပါတယ်။
ပရိသတ်တွေရဲ့ စော်ကားမှုတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သီးခြားစည်းကမ်း ထိန်းသိမ်းရေးကော်မရှင်က ချမှတ်ခဲ့တဲ့ အဲဒီဒဏ်ကြေးအပေါ် ချယ်လ်ဆီးအသင်းက အယူခံ ဝင်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရသလို နောင်အနာဂတ် အပြုအမူတွေအတွက်ပါ သတိပေးခံခဲ့ ရတာပါ။
ချယ်လ်ဆီးအသင်းဘက်ကတော့ ဒီလိုခွဲခြားဆက်ဆံတဲ့ အပြုအမူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချ ပြီး လုံးဝသည်းခံမှာ မဟုတ်ဘဲ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။
Source: BBC Sport











