အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်လ်က ချဲလ်ဆီး ကြယ်ပွင့်ကစားသမား ကိုးလ်ပါလ်မာရဲ့ ကြံ့ခိုင်မှု အခြေအနေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။
ပါလ်မာဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေတုန်းက ဒဏ်ရာအကြောင်းပြချက်နဲ့ နုတ်ထွက်ခဲ့တာကြောင့် နည်းပြ တူချယ်လ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတာပါ။
အင်္ဂလန်ဟာ ခရိုအေးရှား၊ စပိန်တို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရဖို့ ရှိနေပြီး အသင်း တာဝန်ရှိသူတွေကတော့ အသင်းထံ ပြန်လည်ရွေးချယ်နိုင်ဖို့အတွက် ကစားသမားရဲ့ ဆေးစစ်ချက် အခြေအနေတွေကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ပါလ်မာဟာ ဒီရာသီ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ ၃ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။











