အင်္ဂလန်အသင်း နည်းပြ သောမတ်စ်တူချယ်လ်ဟာ ခရိုအေးရှားကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုးလ်ပါးမားကို ချန်လှပ်ခဲ့ပါတယ်။
နည်းပြတူချယ်လ်က ပါးမားဟာ အသင်းမှာ ခြေစွမ်းပြဖို့ အခွင့်အရေးတွေကို လက်လွှတ်ခဲ့တယ်လို့ ပြောကြားခဲ့တာပါ။
အင်္ဂလန်အသင်းအတွက် ပါးမား ကစားပေးချင်စိတ် မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေဟာ သတင်းအမှားတွေသာ ဖြစ်ကြောင်း အသင်းဖော် မော်ဂန်ရော်ဂျာက ကာကွယ်ပြောဆိုလိုက်ပါတယ်။
ပါးမားဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာပြဿနာတွေကြောင့် အကောင်းဆုံးပုံစံရောက်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။
ကစားသမားတယောက်အနေနဲ့ ရေရှည်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို သေချာ ထိန်းသိမ်းနေရတာပါ။
ဒါဟာ နိုင်ငံအသင်းအတွက် မကစားချင်တာနဲ့ ဘာမှမဆိုင်ကြောင်းနဲ့ စွပ်စွဲမှုတွေကို နားမလည်နိုင်ကြောင်း ရော်ဂျာက ဆိုပါတယ်။
ပါးမားဟာ ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်ဂိုး ၅၀ သွင်းယူထားပေမဲ့ တူချယ်လ်လက်ထက် အင်္ဂလန်အသင်းမှာတော့ ၃ ပွဲသာ ပါဝင်ကစားခွင့်ရသေးတာ ဖြစ်ပါတယ်။











