
အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်အသင်းကနေ ထွက်ခွာခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်ပြောကြားလိုက်ပါတယ်။
သူဟာ နည်းပြ ဆောက်ဂိတ်လက်ထက်မှာ အသင်းအတွက် မကစားခဲ့ပေမဲ့ လက်ရှိနည်းပြ တူချယ်ကတော့ သူ့ကို နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပြန်လည်ရွေးချယ်ထားတာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဘင်ဝှိုက်ဟာ ပြီးခဲ့တဲ့ မတ်လ ဥရုဂွေးနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့တာပါ။
ဘင်ဝှိုက်က အဖြစ်အပျက်အပြည့်အစုံကို ထုတ်ပြောမှာမဟုတ်သလို အတိတ်က ဆုံးဖြတ်ချက်ကိုလည်း ပြောင်းလဲမှာမဟုတ်ဘူးလို ဆိုပါတယ်။
လက်ရှိမှာ အသင်းဆီ ပြန်ရောက်နေပြီး ပွဲထွက်ခွင့်ရမှာကို အထူးကျေနပ်နေတာပါ။ နည်းပြ တူချယ်ကလည်း ဘင်ဝှိုက်အတွက် စာမျက်နှာသစ် စတင်ဖို့အားပေးထားပြီး အင်္ဂလန်အသင်းဟာ လာမဲ့ပွဲတွေမှာ ခရိုအေးရှား၊ စပိန်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။











