အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒဏ်ရာအခြေအနေ မရေရာဘဲ နိုင်ငံအသင်း ပွဲစဉ်တွေကနေ နုတ်ထွက်သွားတဲ့ အသင်းဖော်တွေအပေါ် မကျေမနပ် ဖြစ်နေပါတယ်။
နည်းပြသစ် တူချယ်ရဲ့ အင်္ဂလန်အသင်း စခန်းသွင်းပွဲစဉ်တွေမှာ ကစားသမားတွေ နုတ်ထွက်တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
စက်တင်ဘာလတုန်းကဆိုရင် ကိုးလ်ပါးမားဟာ ပွဲပန်းမှု ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းကတော့ နိုင်ငံအသင်းအတွက် ကစားပေးဖို့ အပြည့်အဝ ဦးစားပေးသူ ဖြစ်တာကြောင့် အခုလို ကြံ့ခိုင်မှု ရာခိုင်နှုန်း ၅၀ လောက်နဲ့ နုတ်ထွက်တာကို မကြိုက်တာပါ။
အသင်းကနေ ကစားသမား အများအပြား နုတ်ထွက်တာဟာ အင်္ဂလန်အသင်းရဲ့ ပြင်ဆင်မှုတွေကို အခက်တွေ့စေခဲ့တာ ဖြစ်ပါတယ်။











