
အာဆင်နယ်အသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်ရှ်ကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပါတယ်။
အာဆင်နယ်ဟာ လာမယ့်ရာသီသစ်အတွက် တိုက်စစ်မှူး ရှာဖွေနေတာ မနှစ် ရာသီဝက် ကာလကတည်းက ဖြစ်ပြီး ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ယိုကရက်ရှ်ကို ခေါ်ယူနိုင်ဖို့ လက်တကမ်းအကွာကို ရောက်ရှိလာခဲ့တာပါ။
မြောက်လန်ဒန်ကလပ်ဟာ ဆွီဒင်တိုက်စစ်မှူး ယိုကရက်ရှ်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး စပို့တင်းဘက်ကို ထပ်ဆောင်းဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ ပေးချေသွားမယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်ရှိ ယိုကရက်ရှ်ဟာ မနှစ်က စပို့တင်းလစ္စဘွန်းအတွက် ပွဲပေါင်း ၅၂ ပွဲမှာ ၅၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။