အာဆင်နယ်နှင့် စာချုပ်သစ်အတွက် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဆွေးနွေးနေ
DVB
·
November 15, 2026

အာဆင်နယ်အသင်းရဲ့ အဓိကကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ အသင်းမှာ ဆက်လက်ရှိနေဖို့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေကြာင်း ပြောလာပါတယ်။
ရိုက်စ်ရဲ့ လက်ရှိစာချုပ်ဟာ အဆုံးသတ်ဖို့ ၂ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒီအတွက် အာဆင်နယ်အသင်းဘက်ကလည်း သူ့ကို ရေရှည်ထိန်းသိမ်းထားဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင် ရိုက်စ်ဟာ လက်ရှိမှာ အာဆင်နယ်အသင်းအတွက် မရှိမဖြစ် အဓိကကစားသမား ဖြစ်နေတာပ။ ရိုက်စ်ဘက်ကလည်း အာဆင်နယ်မှာ ရေရှည်လက်တွဲသွားဖို့ ဆန္ဒရှိနေကြောင်း အသိပေးထားတာ ဖြစ်ပါတယ်။











