အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ် စာချုပ်သစ်ချုပ်ရန် သဘောတူ
DVB
·
November 18, 2026
အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်အသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
ဒီစာချုပ်သစ်ကြောင့် ရိုက်စ်ဟာ တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲကျော် ရရှိမှာဖြစ်ပြီး အသင်းရဲ့ လစာအများဆုံး ကစားသမား ဘူကာယိုဆာကာနဲ့ တန်းတူ ဖြစ်လာမှာပါ။
အာဆင်နယ်အသင်းဟာ ဂိုးသမား ဒေးဗစ်ရာယာကိုလည်း ရေရှည်စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပါတယ်။
ရိုက်စ်ကတော့ အာဆင်နယ်အသင်းမှာ ကစားခွင့်ရတာဟာ အလွန်ကံကောင်းတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။











