DVB Logo
Home
နိုင်ငံတကာ
တာလီဘန်ခေါင်းဆောင် ၂ ဦးကို ICC ဖမ်းဝရမ်းထုတ်
DVB
·
July 9, 2025
တာလီဘန်ခေါင်းဆောင် ၂ ဦးကို ICC ဖမ်းဝရမ်းထုတ်
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် ဟိုက်ဘာတူလာအာခွန်းဇာဒါ အပါအဝင် ထိပ်တန်း တာလီဘန်ခေါင်းဆောင် ၂ ယောက်ကို ဇူလိုင် ၈ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တာလီဘန်ခေါင်းဆောင် ၂ ယောက်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပေါ် နှိပ်စက်ညှဉ်းပန်းခဲ့မှုနဲ့  ဖမ်းဝရမ်းထုတ်ခံရတာပါ။

အာဖဂန် သာသနာပိုင် ဟိုက်ဘာတူလာ အာခွန်းဇာဒါနဲ့ တာလီဘန် တရားသူကြီးချုပ် အဗ္ဗဒူလ် ဟာကင်မ်ဟက်ကာနီတို့ဟာ မိန်းကလေးတွေ၊ အမျိုးသမီးတွေနဲ့ တာလီဘန်ရဲ့ ကျား/မ လိင်ခွဲခြားမှု၊ လိင်စိတ်ခံယူမှုဆိုင်ရာ မူဝါဒတွေနဲ့ မကိုက်ညီသူတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေလုပ်ပြီး လိင်ဖြစ်တည်မှုအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ ယုံကြည်ရလောက်စရာ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ ရှိတယ်လို့ တရားလိုဘက်က ပြောပါတယ်။

အမျိုးသမီးအခွင့်အရေးကို ပိတ်ဆို့ထားတဲ့ တာလီဘန်ရဲ့ မူဝါဒတွေကို မပြောင်းလဲမချင်း တာလီဘန်တွေကို နိုင်ငံတကာက အသိအမှတ်ပြုခံရမှုဆီကို ဦးတည်တဲ့ လမ်းကြောင်းကလည်း ပိတ်ဆို့နေမှာ ဖြစ်တယ်လို့ အနောက်နိုင်ငံ သံတမန်တွေက ပြောပါတယ်။

တာလီဘန်တွေဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေ တက်ရောက်ခွင့် ပိတ်ထားခဲ့ပြီး အမျိုးသား အုပ်ထိန်းသူမပါဘဲ သွားလာလှုပ်ရှားမှု မပြုဖို့လည်း ကန့်သတ်ထားပါတယ်။

သူတို့ကတော့ အစ္စလာမ့်ဥပဒေရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အညီ အမျိုးသမီး အခွင့်အရေးကို လေးစားတယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013